ယမန်နေ့က ကစားသောပရီးမီးယားလိဂ်ပွဲတွင် အဲဗာတန် က ချယ်လ်ဆီးကို ၃-၁ ဂိုးဖြင့် ပြတ်ပြတ်သားသားအနိုင်ယူခဲ့သဖြင့် နည်းပြ မော်ရင်ဟိုအပေါ် ဖိအားပိုများလာသည်။
အဲဗာတန်အတွက် စကော့ တလန်တိုက်စစ်မှူး စတီဗင်နေး စမစ်က ဟက်ထရစ်သွင်းယူခဲ့ပြီး နောက်တန်းမှ ဂျွန်စတုန်းဦးဆောင်သော နောက်တန်းကချယ်လ်ဆီးကို အခွင့်အရေးများ စွာ မပေးခဲ့ပေ။
ချယ်လ်ဆီးအတွက် နှစ် သိမ့်ဂိုးကို နီမန်ဂျာမက်တစ်က သွင်းယူခဲ့သည်။ ဂွတ်ဒီဆန်ပါ့ခ် ကွင်းပွဲ ကစားချိန် ၁၇ မိနစ်တွင် နေ့စမစ်က ခေါင်းတိုက်၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။ နောက် ငါးမိနစ်အကြာတွင် တိကျသော အနိမ့်ဘော အဝေးကန်ချက်ဖြင့် ၎င်းက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။
ပထမပိုင်းပြီးခါနီးတွင် မက်တစ်က ၃၅ ကိုက်အကွာမှ အပြင်းကန်သွင်းပြီး ချယ်လ်ဆီးအတွက် ချေပဂိုးတစ်ဂိုးရယူခဲ့သော်လည်းဒုတိယချေပဂိုးအတွက် တိကျ သော အခွင့်အရေးများ မဖန်တီးနိုင်ခဲ့သဖြင့် နေးစမစ်၏ ထပ်မံဒဏ်ခတ်ခြင်း ခံခဲ့ရသည်။
အဲဗာတန်အတွက် အနိုင် သေချာစေမည့် ဂိုးကို ရော့စ်ဘာကလေထိုးပေးလိုက်သော ဘော လုံးအား နေးစမစ်က ချယ်လ်ဆီး ဂိုးသမား ဘီဂိုဗစ်၏ ခြေထောက် ကြားမှ သွင်းယူသွားခြင်းဖြစ် သည်။ ယင်းမှာ ယမန်နှစ် ဘောလုံးတစ်ရာသီလုံး သုံးပွဲသာ ရှုံးနိမ့်ခဲ့ သော မော်ရင်ဟိုအတွက် ယခုရာ သီငါးပွဲတွင် တတိယရှုံးပွဲဖြစ် သည်။ ချယ်လ်ဆီးသည် ရမှတ်လေးမှတ်သာရထားပြီး ပေးဂိုး ၁၂ဂိုးခွင့်ပြုခဲ့ရသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။