စနိုးဒင်း ကို နော်ဝေ စာပေနှင့် ဒီမိုကရေစီ အကယ်ဒမီမှ ဂုဏ်ပြုဆုချီးမြှင့်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒ၀ပ် စနိုးဒင်း ကို သူ့ရဲ့ လူ့အခွင့်အရေး မြှင့်တင်မှုတွေအတွက် နော်ဝေစာပေနဲ့ ဒီမိုကရေစီ အကယ်ဒမီက ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ဂုဏ်ပြု ဆုချီးမြှင့်ခဲ့ပါတယ်။
ဒီ ဘီယွမ်ရှေန် (Bjørnson) ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကို နော်ဝေနိုင်ငံအနောက်ပိုင်း မိုဒါ (Molde) မြို့မှာ ကျင်းပခဲ့တာဖြစ်ပေမယ့် စနိုးဒင်းကိုယ်တိုင် တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
လက်ရှိနေထိုင်နေတဲ့ ရုရှားနိုင်ငံကနေပဲ အင်တာနက်ကတဆင့် ဗွီဒီယိုဆက်သွယ်မှုနဲ့ ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပြီး ဂုဏ်ပြုဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၂၀၀၀ လက်ခံရရှိခဲ့တာပါ။
အခမ်းအနားမှာ တက်ရောက်လာသူတွေကို နှုတ်ခွန်းဆက်စကားပြောဆိုခဲ့ပြီး အမေရိကန်နိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နှစ်စဉ်နဲ့အမျှ အမေရိကန်ရဲ့ ဂုဏ်သိက္ခာရော၊ ပုံရိပ်ပါ ကျဆင်းနေတယ်လို့ ဗွီဒီယိုဆက်သွယ်မှုကနေ ပြောဆိုခဲ့ပါတယ်။
စနိုးဒင်းဟာ ၂၀၁၃ ခုနှစ် ဇွန်လထဲမှာ အမေရိကန် လုံခြုံရေးအေဂျင်စီတွေက အမေရိကန် ပြည်သူတွေရဲ့ ဖုန်းဆက်သွယ်ပြောဆိုမှု အားလုံးနီးပါးကို ကြားဖြတ်နားထောင်တယ်လို့ ဖွင့်ချ ပြောဆိုခဲ့တာပါ။
ဒါကြောင့် အမေရိကန်ပြည်သူတွေဟာ အမေရိကန်အစိုးရရဲ့ လူတဦးချင်း လွတ်လပ်မှုတွေကို ချိုးဖောက်မှုအတွက် အမျက်ထွက်ခဲ့ကြပြီး နိုင်ငံတ၀န်း ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် အမေရိကန် တရားရေးဌာနက စနိုးဒင်းကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ မစွပ်စွဲခင် ၂ ရက်အလိုမှာ ရုရှားနိုင်ငံ မြို့တော် မော်စကိုကို ထွက်ခွာလာခဲ့တာပါ။
ရုရှားနိုင်ငံမှာ နေထိုင်ခွင့်အတွက် ရုရှားအစိုးရကို လျှောက်ထားခဲ့ပြီး ၂၀၁၄ သြဂုတ် ၁ ရက်နေ့က စလို့ ၃ နှစ် နေထိုင်ခွင့် ရရှိခဲ့ပါတယ်။
http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။