ၾသစေၾတးလ် ၀န်ကြီးချုပ်သစ်က ပထမဆုံးအမျိုးသမီး ကာကွယ်ရေးဝန်ကြီး ခန့်ထား

ကင်ဘာရာ၊ စက်တင်ဘာ-၂၁ ။            ။
 သြစတြေးလျ၏ ပူပူနွေးနွေး ၀န်ကြီးချုပ်အသစ် မယ်လ်ကွန် တန်းဘူးက သူ့ရှေ့က၀န်ကြီးချုပ် တိုနီအက်ဘော့အား သစ္စာခံသူများကို ဖယ်ရှားပြီး အစိုးရကို သွေးသစ်လောင်းရာတွင် အမျိုးသမီးများနှင့် လူငယ်လွှတ်တော်အမတ်များကို နေရာပေးလာခဲ့ရာ သြစတြေးလျ၏ ပထမဆုံး အမျိုးသမီးကာကွယ်ရေးဝန်ကြီးလည်း အပါအ၀င်ဖြစ်ခဲ့သည်။
''ဒီကနေ့ ၂၁ရာစု အစိုးရတစ်ရပ်နဲ့ အနာဂတ်အတွက် အစိုးရအဖွဲ့တစ်ရပ်ကို ကျနော် ကြေညာပါတော့မယ်''ဟု မစ္စတာ တန်းဘူးက ယမန်နေ့က ကန်ဘာရာတွင် ကျင်းပသွားခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့ပြီး ဧရာမအပြောင်းအလဲဟုလည်း ခေါ်ဝေါ်သုံးနှုန်းသွားခဲ့သည်။ ပထမဆုံးအနေဖြင့် မစ္စတာတန်းဘူးက အစိုးရအဖွဲ့တွင် အမျိုးသမီးအရေအတွက်ကို ၂ဦးမှ ၅ဦးအထိ တိုးမြှင့်ခဲ့ သည်။
မစ္စ မရိုက်စ် ပိန်း (၅၁နှစ်)မှာ သြစတြေးလျ၏ ပထမဆုံး အမျိုးသမီးကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့ပြီး ရေတပ်သင်္ဘောအုပ်စုသစ်နှင့် ပတ်သက်သော စီမံကိန်းများကို ကြီးကြပ်မည်ဖြစ်သည်။
မစ္စတာအက်ဘော့လက်အောက်တွင် နှစ်နှစ်တိုင်တိုင် ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စပိန်းက ယခုနှစ်နှောင်းပိုင်းတွင် သြစတြေးလျ လုံခြုံရေးကို ဦးစားပေးသည့် ကာကွယ်ရေး စက္ကူဖြူစီမံကိန်း ကိုအကောင်အထည်ဖော် ရမည်ဖြစ်သည်ဟု မစ္စတာ တန်းဘူးက ပြောကြားခဲ့သည်။
 http://mizzimaburmese.com
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။