ရခိုင်မျိုးချစ်ပါတီ

၁။ ဥက္ကဋ္ဌ- ဦးမောင်မောင်စော။
၂။ ပါတီဝင်အရေအတွက်- စုဆောင်းဆဲ။
၃။ မဲဆန္ဒနယ်- ရခိုင်ပြည်နယ်ရှိ မြို့တွင်းခြောက်မြို့နယ်အတွက် ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိသော လူမျိုးကို အခြေခံသည့်ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရာတွင် တန်းတူအနေ အထားဖြင့် တက်ကြွစွာဆောင်ရွက်ရန်။
၅။ ပါတီဆောင်ပုဒ်- တိုင်းသစ်ပြည်သစ်ထူထောင်မည် ရခိုင်မျိုးချစ်ပါတီ။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ရခိုင်လူမျိုးမိဘနှစ်ပါးက မွေးဖွားသူဖြစ်ရမည်။ ပညာအရည် အချင်းအနည်းဆုံး ၁၀ တန်းအောင်ရမည်။ အမျိုးသားရေးအခြေခံကောင်းနှင့် နိုင်ငံရေးအတွေ့အကြုံ ဗဟုသုတရှိသူကို ထည့်သွင်းစဉ်စားမည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက် ကိုယ်စားလှယ်လောင်းသည် ပညာအရည်အချင်း အနည်းဆုံးဘွဲ့ရဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ− ပါတီတည်ထောင်သူများ၏ ထည့်ဝင်ငွေဖြင့် ရပ်တည်လှုပ်ရှားနေသည်။
၈။ ပါတီနောက်ခံသမိုင်း- အဘက်ဘက်မှ ချွတ်ခြုံကျနေသော ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးတို့၏ အနာဂတ်ကို အမျိုးသားစီမံကိန်းများချမှတ်ကာ ပြန်လည်တည်ဆောက် သွားရန်နှင့် လူမှန်နေရာမှန်ရှိမနေသော ရခိုင်နိုင်ငံရေးကို ပြန်လည်တည့်မတ်တည်ဆောက်ရန် ရခိုင်နိုင်ငံရေးအခင်းအကျင်းကို မျက်ခြည်မပြတ်စောင့်ကြည့်နေသော လူများနှင့် တည်ထောင်လိုက်ခြင်းဖြစ်ပါသည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကိုပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
အဖြစ်နိုင်ဆုံးတွေကိုရွေးချယ်ပြီး တင်ပြဆွေးနွေးမယ်။ ပြီးရင် တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးအတွက် အဓိကကွက်လပ်ဖြစ်နေတဲ့ တိုင်း ရင်းသားတန်းတူညီမျှမှုမရှိတာတွေကို တင်ပြဆွေးနွေးမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးကတော့ လွှတ်တော်တွင်း ဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပဖြစ်ဖြစ် ကူညီနိုင်တာ၊ မကူညီနိုင်တာထက် effective (အကျိုးသက်ရောက်မှု)ဖြစ်၊ မဖြစ်ဆိုတာကပဲ အဓိကကျမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအုပ်ချုပ်ရေးလက်ဝယ်ရှိနေ တဲ့သူတွေကပဲ main key ဖြစ်နေလို့ပါ။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ပြည်သူတွေ ဝင်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့က လက်ရှိလူ တွေရဲ့ ဝင်ငွေနဲ့ ထွက်ငွေက တော်တော်ကွာဟနေတယ်။ သာမန်ပြည်သူ တွေကိုဆိုလိုတာပါ။ ခရိုနီတွေကတော့ ဝင်ငွေပိုကောင်းပါလိမ့်မယ်။ ပညာတတ်ဘွဲ့ရဝန်ထမ်းတွေရဲ့ လစာတွေဟာ အဲဒီဝန်ထမ်းတွေရဲ့ ဘဝ လုံခြုံမှုနဲ့ အာမခံချက်မပေးနိုင်သမျှ ဒီသံသရာဝဲဂယက်က မုန့်လုံး စက္ကူကပ်နေဦးမှာပါပဲ။
ပြည်သူတွေက ရခိုင်မျိုးချစ်ပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
ပြည်သူတွေ ဘာကြောင့်ပါတီကို မဲပေးသင့်သလဲဆိုတဲ့မေးခွန်းက ဖြေစရာစကားတွေ အများကြီးဖြစ်နေပါလိမ့်မယ်။ တိုတိုတုတ်တုတ်တစ် ခွန်းတည်းဖြေရရင်တော့ သူတို့ဆန္ဒကိုဖော်ထုတ်လိုက်တာပေါ့။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင်တော့ ၅၉(စ)နဲ့ကိုက်ညီပြီး တိုင်း ရင်းသားတန်းတူညီမျှရေးကိုအလေးထားတဲ့ ခေတ်ပညာအတွေးအမြင် ရှိသူကို ရွေးချယ်ချင်ပါတယ်။
ဥက္ကဋ္ဌ ကိုယ်ရေးအကျဉ်း
အသက်- (၄၈) နှစ်။
ပညာအရည်အချင်း- B.A (Philosophy), S.S.F.A (Fine Art) Post Graduate Diploma in Archaeology, M.A (Archaeology)
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- အလယ်တန်းကျောင်းသားဘဝမှ စတင်ပြီး ယနေ့အထိ အမျိုးသားနိုင်ငံရေး၊ လူမှုနိုင်ငံရေး၊ ပါတီနိုင်ငံရေး တို့ကို စဉ်ဆက်မပြတ်လှုပ်ရှားနေပါသည်။ ပါတီနိုင်ငံရေးကို ၁၉၉၆  မှစတင်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ခေါင်းဆောင်အဖြစ် စတင်ဆောင်ရွက်ခဲ့ပါသည်။
လက်ရှိအလုပ်အကိုင်- ပန်းချီဆရာ၊ ဗီနိုင်းလုပ်ငန်း၊ ကွန်ပျူတာမိတ္တူ လုပ်ငန်း၊ စာရေးခြင်း။
စံပြပုဂ္ဂိုလ်- ဦးအောင်သာထွန်း၊ ဆရာကြီးဦးဦးသာထွန်း၊ ဦးအေးသာ အောင်နှင့် အမေရိကန်သမ္မတဟောင်း အေဗရာဟင်လင်ကွန်း။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၇၄)၊ ဦးဥတ္တမလမ်း၊ ကျောင်းတက်လမ်းရပ်ကွက်၊ စစ်တွေမြို့။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။