24 September 2015

ပုံမှန်ဆို လေ.ယဉ်စီးတဲ့သူတွေဟာ မိမိတန်ဘိုးရှိတဲ့ ငွေ ပစ္စည်းတွေ ထည့်ထားတဲ့အိပ်တွေကို စိတ်ချလက်ချ ထားပြီး အိပ်လေ့ရှိပါတယ်၊ အထူးသဖြင့် ဈေးကြီးတဲ့ စီးပွား Business class အဆင့်ခန်းက လိုက်တဲ့သူ တွေအားလုံး ဟာ ပြည်စုံသူတွေလို့  မထင်လိုက်ပါနဲ့ ။
ထိုင်းလေကြောင်းလိုင်းမှာ တရုတ်နိုင်ငံက ဈေးကြီးတဲ့ စီးပွားရေး အဆင့် က လိုက်ပါပြီး ခရီးသည်တွေရဲ့  ငွေကြေးတွေ ခိုးယူနေတဲ့ ဂိုဏ်းဝင်တဦးကို သူခိုးနေစဉ်မှာ လေယာဉ်ဝန်ထမ်းတွေ ၀ိုင်းဖမ်းပေးခဲ့တဲ့ဖြစ်ရပ် လေယာဉ်ပျံသန်းနေစဉ် ဖြစ်ခဲ့တာပါ။
အရင်က ထိုင်းလေကြောင်းမှာ ခရီးသည်တွေ ငွေပျောက်ဆုံးမှုတွေ တိုင်းတန်းခဲ့တာတွေ ရှိခဲ့ပေမဲ့ ဖမ်းမမိနိုင်တာက လေဆိပ် အထွက် -မိမိတည်းခိုးတဲ့ နေရာရောက်လို့  ငွေရှင်းမယ်ဆိုမှ သိကြပါတယ်။
ဒီတခေါက်ခရီးစဉ်မှာတော့ လေယာဉ်ဝန်ထမ်းတွေက စီးပွားရေး သမားတွေစီးများတဲ့ VIP တန်းမှာ စောင့်ကြည့်နေတာကို သူခိုးက သိပုံမပေါက်ပါဘူး၊
ခရီးသည်တဦးရဲ့ ထိုင်ခုံမှာ တင်တားတဲ့ အိပ်ထဲက ငွေကို အလစ်သုတ်နေတုံး စောင့်ကြည့်နေတဲ့ လေယာဉ်မယ်က တားဆီး လိုက်တာပါ သူခိုးက အိမ်သာထဲဝင်ပြီး သက်သေခံ ခိုးထားတဲ့ ငွေကို အိမ်သာခွတ်ထဲ ထည့်ပြီးအစဖျောက်ဘို့  ကြိုးစာခဲ့ပေမဲ့ လေယာဉ်ဝန်ထမ်းတွေ က တခါးကိုဆောင့်တွန်း ၀င်ရောက်ခဲ့ လို့  သူခိုးလည်း ဘာမှမတတ်နိုင်တော့ဘဲ ၀င်ခံခဲ့ရကြောင်း ၊
ညပိုင်းပျံသန်းတဲ့ လေယာဉ်မှာ ခိုးတဲ့သူခိုးတွေဟာ အနည်းဆုံး နှစ်ဦး မှ သုံးဦး လိုက်ပါလာတတ်ပြီး တဦးငွေပါတဲ့အိပ်တွေကို လေ့လာစောင့်ကြည့်နေမယ်၊ ပြီးရင် တဦးက လေယာဉ်မယ်ကို တခုတခု တောင်းဆိုပြီး လူကြည့်ပေးပါတယ်။
လေယာဉ်မယ်ရောက်မလာခင် သူတို့ ကိစ္စပြီးသွားပါပြီ လေဆိပ်ရောက် တဲ့အခါ တရုတ်နိုင်ငံပြန်မယ့် လေကြောင်းလိုင်းနဲ့  အမြန်ပြန်လိုက်သွားလေ့ ရှိတယ်လို့  သိရပါတယ်။
Credit:
Social Action for Women - SAW
Community Organization

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။