ရေဘေးပြန်လည်ထူ ထောင်ရေးအနေဖြင့် ရေဘေးသင့်ဒေသရှိ ကလေးများ၏ ပညာရေးအတွက် အဓိကထားပြုလုပ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ကို ဦးစားပေးလုပ်ဆောင်ပေးမည်ဟု မိုးစက်ဝိုင်က ပြောသည်။
‘‘မိုးစက်တို့ ပြန်လည်ထူ ထောင်ရေးပိုင်းမှာ ရခိုင်ပြည်နယ် ကို ဦးစားပေးထားပါတယ်။ ရခိုင် ပြည်နယ်မှာ ပျက်စီးသွားတဲ့ ကျောင်းတွေကို ဝိုင်းဝန်းပြုပြင် ပေးဖို့အတွက် ရည်ရွယ်ထားပါ တယ်’’ဟု ၎င်းက ပြောသည်။
မိုးစက်ဝိုင်ဦးဆောင်၍ တည် ထောင်ထားသော Myanmar's Heart Charity အဖွဲ့သည် ဩဂုတ်လတွင်း ရေဘေးသင့်ဒေသများအတွက် အလှူငွေများကောက်ခံ၍ မကွေးတိုင်းဒေသကြီးအတွင်း ရွာငါးရွာသို့ သွားရောက်လှူဒါန်းခဲ့သည်။
‘‘မိုးစက်က လုပ်မယ့်လုပ် တော့လည်း Impact ကြီးကြီးလုပ် ချင်တယ်။ အဲဒီအတွက်လည်း အဖွဲ့အစည်းတစ်ခုကို အကူအညီ တောင်းထားတယ်။ အဖွဲ့အစည်း တွေနဲ့လုပ်ရင် ညှိယူစရာတွေရှိ တယ်။ တကယ်လို့ဖြစ်မလာသေး ရင်တော့ ကိုယ်ကောက်ခံထားတဲ့ အလှူငွေတွေနဲ့ ကလေးတွေပညာရေးအတွက် ကျောင်းကို လူကြီးတွေနဲ့တိုင်ပင်ပြီး ပြန်လည် ပြုပြင်ဆောက်လုပ်ပေးဖို့အစီအစဉ်ရှိပါတယ်’’ဟု ၎င်းက ပြောသည်။
ရေဘေးကြောင့် ရွှေ့ဆိုင်းခဲ့ ရသော Amazing Cities အစီအစဉ်အတွက် မွန်နှင့် ကရင်ခရီးစဉ် ပရိုဂရမ်များကိုလည်း မကြာမီသွားရောက်ရိုက်ကူးမည်ဟု မိုးစက်ဝိုင်က ပြောသည်။
‘‘ရေဘေးကလည်း ဆီးဂိမ်း လိုပါပဲ။ မြန်မာတစ်နိုင်ငံလုံးအင် တိုက်အားတိုက်လုပ်ကြတယ်။ မိုးစက်တို့ လူငယ်ဖြစ်နေတဲ့အချိန် မှာ ပေါ်လာတဲ့အတွက် ပိုပြီး အမှတ်တရဖြစ်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အသက်ကြီးလာရင် ပြန်ကြည့်စရာ ဘဝရဲ့အမှတ်တရ တစ်ခုပေါ့’’ဟု ရေဘေးကယ် ဆယ်ရေးသွားရောက်ရခြင်းနှင့် ပတ်သက်၍ခံစားချက်ကို ပြောသည်။
ထို့အပြင် မိုးစက်ဝိုင်သည် ပြီးခဲ့သည့်နှစ်က ဆိတ်ဖူးတောင်လူ ငယ်ဖွံ့ဖြိုးရေးကျောင်းမှ တက္က သိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူသုံးဦးအား တစ်နှစ်စာပညာဒါနပြုခဲ့ပြီး အဆိုပါကလေးသုံးဦး၏ ပညာရေးခရီးဆုံးသည်အထိ ဆက်လက် ထောက်ပံ့ပေးရန်လည်း စီစဉ်ထားကြောင်း သိရသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။