လိပ်ကျွန်းလူသတ်မှုတွင် လူသတ်လက်နက်အဖြစ် အသုံးပြုသည့် ပေါက်တူးရိုး၌ အမျိုးသားဒီအင်န်အေနှစ်မျိုး တွေ့ရှိထား



လိပ်ကျွန်းလူသတ်မှု တွင် လူသတ်လက်နက်အဖြစ် အ သုံးပြုသော ပေါက်တူးရိုး၌ လူ သတ်တရားခံဟု ယူဆရမည့် အ မျိုးသားဒီအင်န်အေနှစ်မျိုး တွေ့ရှိ ထားကြောင်း ထိုင်းနိုင်ငံ တရားမျှ တရေးဝန်ကြီးဌာန၊ အမျိုးသားမှု ခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်၏ လက်ထောက်မှုခင်းဆ ရာဝန်က တရားရုံးသို့လာရောက် ထွက်ဆိုခဲ့သည်။

စက်တင်ဘာ ၂၂ ရက်တွင် လိပ်ကျွန်းတရားခံပြ သက်သေ များအား (၁၆) ကြိမ်မြောက် ရုံး ထုတ်စစ်ဆေးရာ ဒေါက်တာပွန် တစ်၏ လက်ထောက်မှုခင်းဆရာ ၀န်က ပေါက်တူးအရိုးတွင် တွေ့ရှိထားသည့် ဒီအင်န်အေနှစ်မျိုး သည် ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေများ မဟုတ် ဟု အဆိုပါမှုခင်းဆရာဝန်က ထွက်ဆိုသွားကြောင်း မြန်မာသံ ရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင် မျိုးသန့်က ပြောသည်။

ယင်းမှုခင်းဆရာဝန်သည် ပေါက်တူးရှိ ဒီအင်န်အေကို ပြန် လည်စစ်ဆေးရာတွင် ဦးဆောင် စစ်ဆေးခဲ့သူဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

‘‘ပေါက်တူးရဲ့ အရိုးမှာ အ မျိုးသားနှစ်ဦးရဲ့ ဒီအင်န်အေတွေ့ ပြီး ပေါက်တူးအပြားမှာ သေဆုံး သူနှစ်ဦးရဲ့ ဒီအင်န်အေတွေ့တယ် ပြောပါတယ်။ အခုတွေ့ထားတဲ့ ဒီအင်န်အေနှစ်မျိုးက တစ်မျိုးက မပြည့်စုံဘူး။ တစ်မျိုးကပြည့်စုံ တယ်။ အဲဒီဟာ နှစ်ခုကလူသတ် တရားခံတွေလို့ ပြောရပါမယ်’’ ဟု ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် လိပ် ကျွန်းလူသတ်မှုဖြင့် စွပ်စွဲခံထားရ သော ၀င်းဇော်ထွန်း၏ ဒီအင်န် အေအား စစ်ဆေးရာတွင်လည်း လုပ်ထုံးလုပ်နည်းအတိုင်း လုပ် ဆောင်ခဲ့ခြင်းမရှိဟု ယင်းမှုခင်းဆ ရာဝန်က ထွက်ဆိုကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ တရားရုံးစကား ပြန် မအိအိချောက ပြောသည်။

‘‘ဒီအင်န်အေယူတဲ့နေရာမှာ အဆင့်အတန်းမီမီ စစ်ဆေးမယ် ဆိုရင် အချက် ၂၃ ချက်နဲ့ ညီ အောင် စစ်ဆေးရမယ်။ ၀င်းဇော် ထွန်းရဲ့ ဒီအင်န်အေကို စစ်ဆေး တဲ့အခါမှာ အချက်ခုနစ်ချက်ပဲ ယူပြီးစစ်ထားတယ်။ အဲဒီထဲက ငါးချက်ပဲ ကိုက်ညီတယ်လို့ ပြော သွားပါတယ်။ ဒီအင်န်အေ စစ်ဆေးတဲ့အခါမှာ အချက် ၂၃ ချက်ထဲကမှ အနည်းဆုံး ၁၀ ချက်ကိုက်ညီတယ်ဆိုရင် ဒါကယုံကြည်ရတဲ့ အထောက်အထားတစ်ခု ဖြစ်နိုင် တယ်လို့ ပြောသွားပါတယ်။ အခု ဟာက ငါးချက်တည်းပဲ မှန်နေ တော့ ယုံကြည်စိတ်ချရတဲ့အနေ အထားမဟုတ်ဘူးလို့ ပြောသွားပါ တယ်’’ ဟု မအိအိချောက ပြော သည်။လိပ်ကျွန်းလူသတ်မှု တရား ခံပြသက်သေများကို စက်တင် ဘာ ၂၅ ရက်အထိ ဆက်တိုက် စစ်ဆေးသွားမည်ဖြစ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။