ဘုရင့်နောင်ပွဲရုံအနီး ပိုင်ရှင်မဲ့ စိတ်ကြွ မူးယစ်ဆေးပြား အများအပြား ထပ်မိပြန်

မရမ်းကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက် ဘုရင့်နောင် ပွဲရုံအနီး ရိုးကြီးချောင်းအတွင်း ပီနံအိတ်ဖြင့် စွန့်ပစ်ထားသည့် စိတ်ကြွမူးယစ်ဆေးပြား ခြောက် သောင်းကျော်ကို စက်တင်ဘာ၂၅ ရက် နေ့လယ်တွင် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရိုးကြီးချောင်းအ တွင်း ပလတ်စတစ်၊ ကောက်ယူ သည့် အသက်(၅၃)နှစ်အရွယ် အ မျိုးသမီးက ပီနံအိတ်ကို စတင် တွေ့ရှိခဲ့ပြီး ဘုရင့်နောင်ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီးနောက် စိတ် ကြွမူးယစ်ဆေးပြားများကိုဖမ်းဆီး ရမိခဲ့ကြောင်း အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိ တစ်ဦးကပြောသည်။

‘‘အမျိုးသမီးက ပီနံအိတ် မျောလာတာတွေ့တော့ ဆယ်  တယ်။ ပြီးတော့ အထဲဖွင့်ကြည့် တော့ ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ စိတ်ကြွဆေးပြားတွေပါတယ်။ WY ဆိုတဲ့ တံဆိပ်လည်းပါတယ်။ ဆေးပြားတချို့ကတော့ ရေစိုနေ ပြီ။ ပိုင်ရှင်ဘယ်သူဆိုတာတော့ စုံစမ်းနေတုန်းပဲ’’ဟု အဆိုပါရဲ အရာရှိကပြောသည်။

ဘုရင့်နောင်ကုန်တင်ကား ၀င်းတွင် ယခုတစ်ပတ်အတွင်း ကုန်တင်ယာဉ်ဂိတ်များသို့ ရဲများ လာရောက်စစ်ဆေးပြီး နောက် ရိုးကြီးချောင်းအတွင်း ယခုကဲ့သို့ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကားဝင်း တွင် ကုန်ကားဂိတ်ဖွင့်ထားသည့် ပိုင်ရှင်တစ်ဦးကပြောသည်။

‘‘စစ်ဆေးနေတာတော့တစ် ပတ်လောက်ရှိမယ်ထင်တယ်။ အစ်ကိုတို့လည်း ဘာကြောင့် စစ် နေတာလဲဆိုတာတော့ မသိဘူး။ အခုဂိတ်ထဲက ကုန်တင်ကားဂိတ်တစ်ခုကတော့ ပိုင်ရှင်ရောအလုပ်သမားတွေပါ ၀င်ရှာတဲ့အခါ တစ် ယောက်မှ မရှိတော့ဘူးဆိုတာတော့သိတယ်’’ဟု အဆိုပါ ကုန်တင်ကားဂိတ်ပိုင်ရှင်ကပြောသည်။

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ ၀င်းတွင် ယာဉ်တစ်စီးပေါ်မှ စိတ် ကြွဆေးပြား ၂၆ သန်းကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ဒဂုံ မြို့သစ်မြောက်ပိုင်း တွင် ၁ ဒသမ ၅ သန်းနှင့် သာကေတမြို့နယ် တွင် ငါးသိန်းကိုးသောင်းကိုး ထောင် ဖမ်းဆီးရမိခဲကာ ဒဂုံမြို့ သစ်အရှေ့ပိုင်းတွင် စိတ်ကြွဆေး ပြား ၁ ဒသမ ၉ သန်းကျော်နှင့် ယခုစိတ်ကြွဆေးပြား ခြောက်သောင်းကျော် ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေး ၀ါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။

ဖမ်းဆီးရမိခဲ့သည့် မူးယစ် ဆေးပြား ၆၅,၄၀၀ (ကာလတန်ဖိုး ကျပ်သိန်း ၃,၂၇၀)ကို သိမ်းဆည်း ရမိခဲ့ပြီး ဘုရင့်နောင်ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။