လူကုန်ကူးမှုဖြင့် ထိုင်းစစ်တပ်အရာရှိ ၄ဦးကို ဖမ်းဝရမ်းထုတ်

rohingya-boat-koh-lipe-thailandလူကုန်ကူးမှုဖြင့် ထိုင်းကြည်းတပ် အရာရှိ ၃ဦးနှင့် ရေတပ် အရာရှိကြီး တဦးတို့ကို ဖမ်းဆီးရန် Na Thawi ခရိုင်တရားရုံးက မနေ့က အမိန်ထုတ်လိုက်သည်။
အဆိုပါအရာရှိများမှာ ဗိုလ်မှူးကြီး နတ်တစစ် မာဆူဝမ်၊ ဗိုလ်ကြီး ၀ီဆော့ ဘွန်နာကီ၊ ဗိုလ်ကြီး  ဆန်ဒက် ပက်ခ်ျနွိုင်၊ အမှတ် ၃ ရေတပ်မှ ဒုတိယ ဗိုလ်မှူးကြီး Kampanart Sungthongjeenတိုဖြစ်သည်။
လူကုန်ကူးမှုနှင့် ပတ်သက်၍ တရားရုံးမှ သံသယရှိသူ လူပေါင်း ၁၅၀ခန့်ကို ဖမ်းဝရမ်းထုတ်ထားပြီး ၈၉ဦးကို ဖမ်ဆီးကာ စစ်ဆေးကြားနာနေကြောင်း၊ အဓိကသံသယရှိသူမှာ ဒုတိယဗိုလ်ချုပ်ကြီး မာနပ်ခွန်ပန်၊ စထွန်ပြည်နယ် အုပ်ချုပ်ရေးမှူး Ko Tong” Angchotipan၊ မလေးရှားနယ်စပ်အနီးရှိ Padang Besar မြို့တော်ဝန်ဟောင်း Banjong Pongpol တို့ဖြစ်သည်။


ပြီးခဲ့သည့် မေလအတွင်းက ထိုင်းနှင့် မလေးရှားနယ်စပ်တွင် လူကုန်ကူးခံရသူများအား တရားမ၀င် ထိန်းသိမ်းရေး စခန်းများနှင့် ထိန်းသိမ်းခံ သေဆုံးသူများ၏ အလောင်းများကို တွေ့ရှိခဲ့ပြီးနောက် စစ်းဆေးမှုများ ပြုလုပ်ခဲ့ရာထိုင်း ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Ake Angsananont ဦးဆောင်သည့် အဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်သည်။
http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။