အိမ်အကူနှစ်ဦးကို မုဒိမ်းကျင့်ခဲ့သည့် ဆော်ဒီ သံအမတ် အိန္ဒိယ နိုင်ငံမှ ထွက်ခွာ

အိမ်အကူ အမျိုးသမီး နှစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲမှုများ ကြုံခဲ့ရသည့် ဆော်ဒီ သံအရာရှိ တစ်ဦးသည် ယခုအခါ နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

အသက် ၃၀ နှင့် ၅၀ အရွယ်ရှိသော နီပေါနိုင်ငံသူ အမျိုးသမီးများကို အဆိုပါ သံအရာရှိက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားခဲ့ပြီး အငတ်ထားခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်သည့် အဆိုပါ အမျိုးသမီးများသည် ယင်းသံအရာရှိ၏ မိတ်ဆွေ အခြားသော ဆော်ဒီ အမျိုးသားများ၏ အနိုင်အထက် ပြုမှုကိုပါ ခံခဲ့ရသည်။
ဆော်ဒီအစိုးရက မိမိတို့ သံအရာရှိအပေါ် စွပ်စွဲထားမှု အားလုံးကို ငြင်းဆိုထားပြီး သံအရာရှိ အခွင့်အရေးများကိုလည်း ရုပ်သိမ်းမည် မဟုတ်ဟု ဆိုသည်။ အဆိုပါ အခြေအနေကြောင့် ၎င်းကို အိန္ဒိယတွင် ရုံးတင်စစ်ဆေးရန် အဟန့်အတားများ ဖြစ်လာခဲ့သည်။
နီပေါနှင့် အိန္ဒိယတို့သည် ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိနေသော်လည်း အိန္ဒိယ အစိုးရ အနေဖြင့် ရေနံလုပ်ငန်းဖြင့် အထူးကြွယ်ဝ ချမ်းသာနေသည့် ဆော်ဒီနှင့် တင်းမာမှုမျိုး မဖြစ်ပေါ်အောင် ကြိုးစား ရှောင်တိမ်းခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီ သံအရာရှိကို ပြန်ခွင့်ပေးလိုက်ခြင်းက အိန္ဒိယအတွက် မလူးသာ မလွန့်သာ ဖြစ်နေသည့် သံတမန်ရေးရာ ပြဿနာကိုလည်း ဖြေရှင်းပြီး ဖြစ်သွားစေသည်။
စက်တင်ဘာ ၁၇ ရက်တွင် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗီကက်စ် ဆွာရပ်က နီပေါအမျိုးသမီး နှစ်ဦးကို မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဆော်ဒီ သံအရာရှိသည် မိမိတို့ နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီဟု သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းက သံအရာရှိ၏ အမည်နှင့် မည်သို့မည်ပုံ ထွက်ခွာသွားသည် ဆိုခြင်းကိုမူ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိချေ။ အဆိုပါ အမျိုးသားသည် ၎င်း၏ ဇိမ်ခံတိုက်ခန်းထဲတွင် အနည်းဆုံး ၁၅ ရက်မျှ ပိတ်ဆို့ထားပြီး ၎င်းအပါအဝင် အနည်းဆုံး လူ ၇ ဦးခန့်က မုဒိမ်းကျင့်ကြံမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။
ဆော်ဒီအစိုးရက စွပ်စွဲမှုများသည် အခြေအမြစ် မရှိကြောင်းနှင့် သံအရာရှိ၏ တိုက်ခန်းကို အိန္ဒိယ ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းမှုကို တရားဝင် ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။ အိန္ဒိယ ရဲများသည် အဆိုပါ စီးနင်းမှုတွင် အမျိုးသမီးများကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့က အဲဒီအိမ်ထဲမှာတင် သေရတော့မယ် ထင်တာ။ သူ့ဇိမ်ခံတိုက်ခန်းက ၁၀ ထပ်မှာရယ်၊ ၁၂ ထပ်မှာရယ် ယူထားတာပါ။ ဘယ်လိုမှ ထွက်ပြေးဖို့ လမ်းမမြင်ဘူးလေ။ နေ့တိုင်းနေ့တိုင်း ကျွန်မတို့ကို စော်ကားနှိပ်စက်ပါတယ်”ဟု အမျိုးသမီး တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ NGO အဖွဲ့အစည်းများ၏ သတင်းပေးမှုကို အခြေခံကာ ပြီးခဲ့သည့် သီတင်းပတ်တွင် ရဲတပ်ဖွဲ့က အမျိုးသမီးများကို ကယ်တင်ပြီး နီပေါသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။
ယင်းအမှု လူသိရှင်ကြား ဖြစ်လာပြီးနောက် ဒေလီမြို့တော်ရှိ ဆော်ဒီသံရုံးရှေ့တွင် အိန္ဒိယ အမျိုးသမီး များစွာက စုရုံး ဆန္ဒပြမှု ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။ နီပေါသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတစ်ခုဖြစ်ပြီး ထောင်ပေါင်းများစွာသော နိုင်ငံသားများသည် အိန္ဒိယနှင့် အခြားသော အာရှနိုင်ငံများ၊ အာရပ်နိုင်ငံများသို့ သွားရောက်ကာ အလုပ်ကြမ်းသမား၊ အိမ်အကူများအဖြစ် အလုပ်လုပ်လေ့ရှိကြောင်းလည်း သိရှိရသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။