၁။ ဥက္ကဋ္ဌ- ဦးစိန်လှကျော်။
၂။ ပါတီဝင်အရေအတွက်- တစ်ထောင်ကျော်။
၃။ မဲဆန္ဒနယ်- ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်တွင် ငါးနေရာဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- (၁)ကမ္ဘာ့အလယ်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် ထာဝရခိုင်မာစွာရပ်တည်ရေးအတွက် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးပူးပေါင်းဆောင်ရွက်ရန်၊
(၂) စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ပီပြင်စွာဖော်ဆောင်ရာ၌ တိုင်းရင်းသားအချင်းချင်း လက်တွဲဆောင်ရွက်ရန်၊
(၃) ခမီမျိုးနွယ်စုတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီး အခြားသောမျိုးနွယ်စုများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုလည်းအားပေးကူညီသွားရန်၊
(၄) မိမိတို့၏ ဓလေ့ထုံးစံရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ခေတ်နှင့်လျော်ညီစွာ တီထွင်လေ့ကျင့်ပြုစု ပျိုးထောင်မှုများဆောင်ရွက်သွားရန်တို့ဖြစ်ပါသည်။
၅။ ပါတီဆောင်ပုဒ်- စုပေါင်းဆွေးနွေး တစ်ဦးချင်းတာဝန်ယူ။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- အမျိုးသားအရေးကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နိုင်သူဖြစ်ရမည်။ ခမီတိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူဖြစ်ရမည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်သူဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ− အမျိုးသားရေး၊ ပါတီအရေးကို စိတ်ဝင်စားသူပုဂ္ဂိုလ်များ၏ တစ်ဦးချင်းကူညီထည့်ဝင်မှုဖြင့် ရန်ပုံငွေရရှိသည်။
၈။ ပါတီနောက်ခံသမိုင်း- ခမီတိုင်းရင်းသားမျိုးနွယ်စုတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သော ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များ၌ ရှေးနှစ်ပေါင်းများစွာကပင် ပျံ့နှံ့မှီတင်းနေထိုင်လာခဲ့ကြသည်။ ၁၉၈၈ အလွန်ကာလ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မြို(ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့အမည်ဖြင့် နိုင်ငံရေးပါတီတစ်ရပ် ဖွဲ့စည်းပေါ်ပေါက်လာခဲ့သည်တွင် ပါတီနာမည်ကို မြို(ခေါ်)ခမီလူမျိုး၊ မြိုခမီလူမျိုးစသည်ဖြင့် လူမျိုးနာမည်ရှုပ်ထွေးအောင် အမျိုးမျိုးကြံစည်ဖန်တီးနေကြသူ လူတချို့ကြောင့် ခမီတိုင်းရင်းသားမျိုး နွယ်စုများအနေဖြင့် နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မိမိတို့လူမျိုးစုများ၏ အားနည်းနေသောလူနေမှုဘဝ အဝဝတို့ကို အခြားသောပြည်ထောင်စုဖွား တိုင်းရင်းသားများနဲ့အတူ တစ်ပြေးညီဖွံ့ဖြိုးလာစေရန်ရည်ရွယ်ပြီး ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ပါတီမှတ်ပုံတင်အမှတ် (၃၇)ဖြင့် တရားဝင်ရပ်တည်လျက်ရှိသော အမျိုးသားနိုင်ငံရေး ပါတီတစ်ရပ်ဖြစ်ပါသည်။
ပါတီအထွေထွေအတွင်းရေးမှူး ဦးလေသာကျော်နှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်း ဆောင်နိုင်မလဲ။
လွှတ်တော်ထဲရောက်တဲ့အခါ လွတ်လပ်၍ တရားမျှတပြီး တိုင်းရင်းသားအားလုံး လူ့အရင်းအမြစ်အခွင့်အရေးများ တန်းတူညီတူ အကျိုးခံစားခွင့်ရရှိနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်လျော်ညီ သောအခြေခံဥပဒေရေးဆွဲနိုင်ရန်စွမ်းဆောင်သွားမည်ဖြစ်သည်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး NCA (တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်) လက်မှတ်ရေးထိုးရေးကိစ္စကို အောင်မြင်အောင်ဆောင်ရွက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး (ပေါ်လတီကယ်ဒိုင်ယာလော့) နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲသို့ပါဝင်လာအောင် ကျွန်တော်တို့ပါတီအနေဖြင့် ယခုလက်ရှိလွှတ်တော်ပြင်ပမှသော်လည်းကောင်း၊လွှတ်တော်ထဲသို့ရောက်တဲ့အခါသော်လည်းကောင်း ပြည်ထောင်စုအစိုးရ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများအားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား သလား။
ပြည်သူတွေ ဝင်ငွေ၊ ထွက်ငွေညီမျှမှုနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ပါတီက ဒေသအခြေပြုမျိုးနွယ်စုဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးပြည်သူများ အရေးကို မပြောနိုင်ငြားသော်လည်း မိမိတို့မျိုးနွယ်စု ကိုယ်တိုင်က ကျေး လက်နေ ဆင်းရဲနွမ်းပါးတဲ့ မျိုးနွယ်စုဖြစ်တဲ့အတွက် ပါတီရဲ့ဖွဲ့စည်းပုံ မူဝါဒက ကျေးလက်နေလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည့် အပိုင်းဖြစ်ပါသည်။

ပြည်သူတွေက ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
မိမိတို့ လူမျိုးတွေလည်း လူနေမှုချွတ်ခြုံကျနေတဲ့ဘဝတွေကို လွှတ် တော်ထဲရောက်မှ တခြားတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အကြံဉာဏ် ကိုရယူပြီး တရားဝင်ဆွေးနွေးနိုင်မှာမို့လို့ မိမိပါတီရဲ့ ကိုယ်စားလှယ် လောင်းတွေကို မဲပေးကြဖို့ဖြစ်ပါသည်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတရွေးချယ်ခွင့်ရရင် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ ရှိပြီး ကမ္ဘာ့အလယ်မှာ နိုင်ငံတကာဆင့်မီ အရည်အချင်း၊ နိုင်ငံရေး အတွေ့အကြုံရင့်ကျက်ပြီး အမြော်အမြင်ကြီးမားတဲ့ ပုဂ္ဂိုလ်ကိုရွေးချယ်တင် မြှောက်မည်ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဦးစိန်လှကျော်၏ ကိုယ်ရေးအကျဉ်း
အသက်- (၅၈)နှစ်။
ပညာအရည်အချင်း- ဆယ်တန်းကျောင်းထွက်။
နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံ- ယခင် ၁၉၈၈ နောက်ပိုင်း မြို(ခေါ်)ခမီပါတီတွင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူး။ ၂၀၁၀ ပြည့်နှစ် ဤပါတီစဖွဲ့တဲ့အခါ ဗဟို အတွင်းရေးမှူးတာဝန်ယူပြီးနောက် ၂၀၁၂ ခုနှစ်မှ ယနေ့ထိ ဥက္ကဋ္ဌဖြစ်။ ၂၀၁၀ရွေးကောက်ပွဲတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မြောက်ဦးမြို့နယ်မဲဆန္ဒနယ်မှ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ ထောက်ခံမဲခြောက်ထောင်ကျော်ရရှိခဲ့ပါသည်။
လက်ရှိအလုပ်အကိုင်- ပါတီဥက္ကဋ္ဌ။
စံပြပုဂ္ဂိုလ်- မိဘ၊ ဆရာ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၁၄၄)၊ အကွက်(၁) ဆင်ကူးလမ်း၊ စစ်တွေမြို့။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။