တအာင်းတပ်မတ်ာနှင့် မြန်မာ့တပ်မတော် တိုက်ပွဲဆက်လက်ပြင်းထန်

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်

တအာင်းဒေသ၊ တပ်မဟာ (၃) နယ်မြေ၊ မိုးမတ်မြို့နယ်၊ တုံးကြီးကျေးရွာအနီးတွင် ယနေ့စက်တင်ဘာလ ၂၁ ရက် ညနေ၁၅း၁၀ နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း(၃၆၇/၇၇၃/၇၇၇) တပ်ဖွဲ့အချို့နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇) တို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။

တိုက်ပွဲနောက်ဆက်တွဲသတင်းအားဆက်လက်တင်ပြသွားပါမည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာ တအာင်းတပ်ဖွဲ့လှုပ်ရှားသည့်နေရာသို့ မြန်မာ့တပ်မတော်မှ ကျောက်ဖြူဖက်မှ စစ်ကြောင်းတစ်ကြောင်း၊ ကတ်ချဲဖက်မှ စစ်ကြောင်းတစ်ကြောင်း၊ လွယ်ယားဖက်မှ စစ်ကြောင်းတစ်ကြောင်း စစ်ကြောင်း (၃) ကြောင်းဖြင့် တအာင်းတပ်မတော်အား ၀န်းရံပိတ်ဆို့ တိုက်ခိုက်လာခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်သည် တအာင်းတပ်မတော် လှုပ်ရှားသည့် နေရာဒေသအတော်များများတွင် လိုက်လံပိတ်ဆို့ ထိုးစစ်ဆင်လာလျှက်ရှိရာ တိုက်ပွဲ ပိုမို ပြင်းထန်လာနိုင်သည်။

တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မန်တုံမြို့နယ်၊ ဒဘန်ကျေးရွာ အနီးတွင် တစ်ကြိမ်၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ နားခါးလုံကျေးရွာနှင့် နားမွန်းကျေးရွာ အနီးတွင် နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

Ref: Pslf-Tnla
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။