လိပ်ကျွန်းလူသတ်မှု၌ အသုံးပြုခဲ့သော ပေါက်တူးတွင် မြန်မာလုပ်သားနှစ်ဦး၏ ဒီအင်န် အေမတွေ့ရှိဟုဆိုသော်လည်း ထိုင်းရဲတပ်ဖွဲ့က ဟန်နာ့ကိုယ် ပေါ်တွင်တွေ့ရှိသည့် ဒီအင်န်အေ နှင့် ဆေးလိပ်တိုတွင် တွေ့ရှိသော ဒီအင်န်အေမှာ မြန်မာလုပ်သား နှစ်ဦးနှင့်တူညီနေသည်ဟု ထုတ် ပြန်ကြောင်း သတင်းရရှိ သည်။
စက်တင်ဘာ ၁၁ ရက်က မှုခင်းပညာရှင် ဒေါက်တာပွန်တစ် က ပေါက်တူးတွင်တွေ့ရှိသော ဒီအင်န်အေမှာ မြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေနှင့် ကိုက်ညီမှု မရှိကြောင်း ထွက်ဆိုအပြီး နောက်ရက်တွင် ထိုင်းရဲတပ်ဖွဲ့က အထက်ပါအ တိုင်း သတင်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြန်မာသံရုံးအထူး အဖွဲ့ မှ ရှေ့နေ ဦးအောင်မျိုးသန့်ကပြော သည်။
ဆေးလိပ်တိုမှာ လူသတ်မှု ဖြစ်ပွားသောနေရာအနီးတွေ့ရ ခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘ပေါက်တူးမှာ ဒီအင်န်အေမ တွေ့ဘူးဆိုပြီး ဒေါက်တာက ထွက်ဆိုလိုက်တာဟာ တိုင်းပြည် သူတွေကြားမှာ ဂယက်ရိုက်နေပါ တယ်။ ရဲတပ်ဖွဲ့ကို မယုံကြည် တော့တာတွေပေါ့ အခုအဲလိုဖြစ် နေကြပါတယ်။ အဲဒါကြောင့် ပေါက်တူးမှာ ဒီအင်န်အေမတွေ့ ပေမယ့် ဆေးလိပ်တိုနဲ့ ဟန်နာ ကိုယ်ပေါ်က ဒီအင်န်အေက တူ ထားပါတယ်လို့ ဒီနေ့မှာ ကြေညာလိုက်တာပါ’’ဟု ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။
လိပ်ကျွန်း လူသတ်မှုကို စက်တင်ဘာ ၂၂ ရက်တွင် မြန်မာ လုပ်သားနှစ်ဦးအား ဆက်လက် စစ်ဆေးမည်ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်အထိ လေးရက်ဆက် တိုက်စစ်ဆေးမည်ဖြစ်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။