လန်ဒန်ဒါဘီတွင် ချယ်လ်ဆီးနိုင်၊ ဘွန်ဒက်စ်လီဂါကို ဘိုင်ယန် ဆက်လက်ဦးဆောင်

စနေ့ညပိုင်း လန်ဒန်ဒါဘီပွဲအဖြစ် ချယ်လ်ဆီးနှင့် အာဆင် နယ်တို့ ပွဲတွင် အိမ်ရှင်ချယ်လ်ဆီးကလူကိုးဦးသာကျန်တော့သည့် အာဆင်နယ်ကို ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်ငါးပွဲတွင် လေးမှတ်သာရသည့်အခြေအနေမှ ရုန်းထွက်နိုင်ခဲ့သည်။
ချယ်လ်ဆီးသည် ပွဲတွင် အ ကြိတ်အနယ်ကစားခဲ့ပြီး ရှေ့တန်း၌ ဒီယေဂိုကော်စတာကို တန်းတင်ကာ အော်စကာ၊ ဟာဇက်၊ ပက်ဒရိုတို့၏ အတွဲဖြင့် တိုက်စစ်ဆင်ခဲ့ သည်။ အာဆင်နယ်ကလည်း ဝဲလ်ကော့ကို ရှေ့တင်ပြီး ဆန်းချက်ဇ်၊ အိုဇေးလ်၊ ရမ်ဆေးတို့နှင့်လူစုံ ပွဲထွက်ခဲ့သော်လည်း ပထမ ပိုင်း ၄၅ မိနစ်တွင် ပေါ်လစ်စတာ နှစ်ဝါတစ်နီဖြင့်  ထွက်ခဲ့ရခြင်း၊ ဒုတိယပိုင်း ၇၉ မိနစ်တွင် ကာဇိုလာနှစ်ဝါတစ်နီဖြင့်   ထွက်ရခြင်းများကြောင့် ချယ်လ်ဆီး ပိုအားသာပြီး ပွဲအပြီးတွင် ဇိုမာ၊ ဟာဇက်တို့ ဂိုးများဖြင့် နှစ်ဂိုးပြတ် နိုင်ကာ ကွန်မြူနတီဒိုင်းရှုံးကြွေး ကို ပြန်ဆပ်နိုင်ခဲ့သည်။
ပွဲတွင် ချယ်လ်ဆီးတိုက်စစ် မှူး ကော်စတာက ပေါ်လစ်စတာ နှင့် ကာဇိုလာတို့ကို အနီကတ် များထိအောင် နှိုးဆွခဲ့သည်။
ချယ်လ်ဆီးအတွက် ပထမဂိုးကို ဒုတိယပိုင်း ၅၃ မိနစ်တွင် နောက်ခံလူ ဇိုမာက ဖာဘရီဂတ်စ် ကန်တင်ပေးသော ဖရီးကစ်ဘော လုံးအား အာဆင်နယ်နောက်ခံလူ ကိုစီယယ်နီနှင့် အပြိုင်တိုက်ပြီး ဂိုးသမားပီတာဆက်ခ်ျကိုကျော် ပြီးခေါင်းတိုက်ဂိုးသွင်းယူခဲ့သည်။
ဒုတိယဂိုးမှာမူ အာဆင်နယ်
မှ ကာဇိုလာ ထွက်သွားပြီးနောက် ပွဲပြီးခါနီး ၉၀ မိနစ်တွင် ရမ်မီ ကန်သွင်းသော ဘောလုံး အာဆင်နယ်နောက်တန်းနှင့် ထိကာ ဟာဇက်ရပြီး ဂိုးဝင်သွားခဲ့ခြင်းဖြစ် သည်။စနေညပိုင်း ဘွန်ဒက်စ်လီဂါပွဲများတွင်လည်း ထိပ်ဆုံးမှဦး ဆောင်နေသည့် ဘိုင်ယန်က တန်းတက်ဒမ်းစတက်ဒ်ကို ၃-၀ ဂိုး ပြတ်ဖြင့် နိုင်ခဲ့ပြီး ဗီဒယ်၊ ကိုမန်၊ရုတ်ဒ်တို့က သွင်းယူခဲ့သည်။
တတိယနေရာမှ ဘိုင်ယန်နှင့် ဒေါ့မွန်တို့ နောက်ကပ်လိုက်နေသည့် ဝုဖ်ဘတ်မှာလည်း အိမ်ကွင်းတွင် ဒုတိယပိုင်းတစ်ဝက်၌ ဘန့်တနာ နေရာလူစားဝင်လာသော တိုက်စစ်မှူး ဒေါ့စ်က ပင်နယ်တီတစ်ဂိုးဖြင့် နှစ်ဂိုးဆက်သွင်းကာ ၂-၀ ဂိုးဖြင့် နိုင်ခဲ့သည်။
ထို့ကြောင့် ဘိုင်ယန်သည်ငါးပွဲဆက်ရှုံးပွဲမရှိရလဒ်ဖြင့် ၁၅ မှတ်ရကာ ဇယားကို ယာယီဦး ဆောင်ခဲ့ပြီး ဝုဖ်ဘတ်မှာလည်း တတိယနေရာတွင် ဆက်လက် ရပ်တည်နေသည်။
—Ref:Goal
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။