ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ်နတ်ကွန်း ဗုံးဖောက်ခွဲမှုအတွက် အဓိက သံသယရှိနေတဲ့ အင်္ကျီအ၀ါရောင်ဝတ် နိုင်ငံခြားသားကို ကမ္ဘောဒီးယားနယ်စပ်မှာ ဖမ်းဆီးရမိပြီလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။
နယ်စပ် ဘန်ပါရိုင်ကို ဖြတ်သန်းဖို့ ကြိုးစားနေချိန်မှာ ဖမ်းဆီးမိတာလို့ ထိုင်းဝန်ကြီးချုပ်ရဲ့ အပြောကို ကိုးကားပြီး ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။
သြဂုတ် ၁၇ ရက် ထောက်လှမ်းရေး ကင်မရာမှာ မြင်တွေရတဲ့ ရာချတ်ပရာစောင် လမ်းဆုံမှာ အိတ်ကို ထားခဲ့တဲ့ အ၀ါရောင်ဝတ်ထားတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
ညနေ ၃ နာရီခွဲမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ထုတ်ပြန်ကြေညာဖို့ စီစဉ်နေပါတယ်။
http://burmese.dvb.no/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။