United League of Arakan ( ULA) မှ လှူဒါန်းသော လယ်ထွန်စက်များ ရခိုင်သို့ရောက်ရှိ

စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၂၇

ရေဘေးသင့် ဒေသများတွင် ပျက်စီးသွားသော လယ်များကို ပြန်လည်ထွန်ယက်ပေးရန် အတွက် ပြည်ပ အခြေစိုက် United League of Arakan (ULA) မှ ကူညီ လှူဒါန်းထားသော လက်တွန်း လယ်ထွန်စက်များသည် ယခုအခါ ရခိုင်အခြေစိုက် ၀ံလက်ဖောင်ဒေရှင်းသို့ ရောက်ရှိလာပြီဟု သတင်း ရရှိသည်။

ပြည်ပ အခြေစိုက် ULA သည် လက်တွန်း လယ်ထွန်စက် ၁၀ စီးအား ၀ံလက်ကျေးလက်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း သို့ လှူဒါန်းထားကြောင်း၊ ယခုအခါ ယင်းအထဲမှ လယ်ထွန်စက် ၅ စီး ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ များမကြာမီ ကျန် ၅ စီးလည်း ရောက်ရှိလာမည် ဖြစ်ကြောင်း ၀ံလက် ကျေးလက်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ကိုခိုင်ကောင်းစံက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

နိုင်ငံတကာရောက် ရခိုင်အမျိုးသားများဖြင့် စုပေါင်း ဖွဲ့စည်းထားသော ULA သည် ၀ံလက်ကျေးလက်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းကို ယခုလှူဒါန်းသည့် လယ်ထွန်စက် ၁၀ လုံးအပြင် ရေစုပ်စက် ၅ လုံးကိုလည်း ပေးပို့ လှူဒါန်းထားသည်ဟု သိရသည်။

ယခု ULA မှ လှူဒါန်းသော ထွန်စက်များကို ရေလွှမ်းမိုးခံထားခဲ့ရသော ရခိုင်ဒေသများတွင် အရေးပေါ်ထွန်ယက်ပေးသွားမည် ဖြစ်ကြောင်း၊ ထွန်ယက်ပေးရာတွင်လည်း ၀ံလက်ကျေးလက်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းမှ ဦးဆောင်ကြီးကြပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လိုအပ်သော စက်သုံးဆီ ကုန်ကျ စရိတ်ကိုလည်း ဖေါင်ဒေးရှင်းမှပင် ကျခံပေးမည်ဖြစ်ကြောင်း၊ မိုးရာသီ ကုန်လွန်ပြီး ဆောင်းသီးနှံ စိုက်ပျိုး ရာတွင်လည်း ဆင်းရဲနွမ်းပါးသော တောင်သူများအတွက် အဆိုပါ ထွန်စက်များဖြင့် ထွန်ယက် ပေးသွားမည် ဖြစ်ကြောင်း ခိုင်ကောင်းစံက ပြောဆိုသည်။

ဝံလက်ကျေးလက်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းသည် ရခိုင်ပြည်နယ် အခြေစိုက် လူမှု ကူညီရေး အဖွဲ့တစ်ခု ဖြစ်ပြီး ယခု ရေဘေးတွင် ဆန်နှင့် တစ်ခြားရေဘေး ကယ်ဆယ်ရေး ပစ္စည်းများ အပါအ၀င် ကျပ်ငွေ သိန်း ၂၀၀၀ ကျော်ဖိုး ကူညီထောက်ပံ့ပေးထားပြီဟု သိရသည်။

များမကြာမီကလည်း လယ်သမားများ အတွက် အပူတပြင်း လိုအပ်နေသော မျိုးစပါးများကို မြောက်ဦး မြို့နယ်တွင် ၂၁၀၀ တောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ၇၀၀ တောင်းကို ဖြန့်ဖြူး ကူညီပေးအပ်ခဲ့သည်ဟု သိရှိရသည်။

၈၈- မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှလည်း ဆန်အိတ် ၄၀၀ နှင့် ရေစုပ် စက်ကြီး ၃ လုံးကို ရခိုင်ရေဘေးဒုက္ခသည်များအတွက် ၀ံလက်ကျေးလက် ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်း ထားသည်ဟုလည်း သိရသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။