Samsung Galaxy Note 5 ကို မြန်မာပရိတ်သတ်နဲ့ မိတ်ဆက်ပေးလိုက်ပြီ


Samsung Galaxy Note Series ထဲက နောက်ဆုံးထွက် Samsung Galaxy Note 5 နဲ့  မြန်မာပရိတ်သတ်တွေကို သြဂုတ်လ ၁၇ ရက်နေ့က မိတ်ဆက်ပေးလိုက်ပါပြီ။

Galaxy Note 5 ဟာမျက်နှာပြင် အရွယ်အစားက ၅.၇ လက်မ Quad HD Super AMOLED မျက်နှာပြင်နဲ့ ထုတ်လုပ်ထားပြီးတော့ ဘက်ထရီအား ၃,၀၀၀ mAh ပမာဏ ပါဝင်တယ်လို့ သိရပါတယ်။

Galaxy Note 5 မှာ Samsung ရဲ့လျင်မြန်တဲ့ ကြိုးမဲ့ အားသွင်းမှုနဲ့ ကြိုးမဲ့ အားသွင်းစနစ် ပါဝင်ပြီး ဘယ်      ကြိုးမဲ့အားသွင်းပြားနဲ့မဆို တွဲဖက် အသုံးပြုနိုင်ပါတယ်။ ကြိုးနဲ့ အားသွင်းမယ်ဆို အနီးစပ်ဆုံး မိနစ် ၉၀ အတွင်းအားအပြည့် သွင်းနိုင်မှာဖြစ်ပြီး ကြိုးမဲ့စနစ်နဲ့ဆိုရင်တော့ မိနစ် ၁၂၀ အတွင်း အားအပြည့်သွင်းနိုင်မှာ    ဖြစ်ပါတယ်။ စက်လည်ပတ်မှုစနစ် Processor အရည်အသွေး 14 nm Octa (Quad 2.1 GHz+ Quad 1.5 GHz) ကို အသုံးပြုထားပါတယ်။

ကင်မရာ အရည်အသွေးပိုင်း အနေနဲ့က အနောက်ကင်မရာကို 16 Mega Pixel နဲ့ အရှေ့ဘက်ကင်မရာကို 5 Mega Pixel အသုံးပြုထားတာ တွေ့ရပါတယ်။

Note 5 မှာဆိုရင် 4K အရည်အသွေးရှိတဲ့ ဗီဒီယိုများရိုက်ကူးနိုင်ခြင်းနဲ့ သုံးစွဲသူတွေကို အရည်အသွေးမြင့် HD Video တွေကို ဖုန်းကနေတဆင့် contacts ထဲက သီးခြားအုပ်စုတွေကိုဖြစ်စေ၊ Youtube တို့လို Public Website တွေကနေ တိုက်ရိုက်ထုတ်လွှင့် ကြည့်ရှုနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်းပါဝင်ပါတယ်။

ဘယ်သူမဆို Galaxy Note 5 အသုံးပြုသူထံကနေ Youtube Link ကို လက်ခံရရှိပါက အသုံးပြုသူရဲ့ စမတ်ဖုန်း၊ ကွန်ပျူတာ ဒါမှမဟုတ် Smart TV တွေကနေ တဆင့် Youtube ချိတ်ဆက်မှုနဲ့အတူ live stream video တွေကို တိုက်ရိုက်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

Android OS Version 5.1 ကို အသုံးပြုထားပြီး သိမ်းဆည်းနိုင်မှု ပမာဏ 32GB နဲ့  RAM 4 GB တို့ ပါဝင်တယ်လို့ သိရပါတယ်။ Note 5 ကို သုံးစွဲသူတွေအကြိုက် ကလစ်တချက် အမြန်နှိပ်ရုံနဲ့ S-Pen ထွက်လာနိုင်တဲ့ S-Pen ကို နှိပ်နိုင်တဲ့ ခလုတ်လေး တပ်ဆင်ထားပြီးတော့ သုံးစွဲသူတွေအနေနဲ့ ဖုန်း Screen ပိတ်ထားသော်လည်း Unlock လုပ်စရာမလိုဘဲ အလွယ်တကူ မှတ်သားမှုတွေ ပြုလုပ်နိုင်ပါတယ်။ Samsung Galaxy Note 5 ကို မြန်မာနိုင်ငံမှာ သြဂုတ်လ (၂၃) ရက်နေ့မှာ စတင်ရရှိနိုင်မှာ ဖြစ်ပြီးတော့ အရောင်အနေနဲ့     အနက်ရောင် (Black Sapphire) နဲ့ ရွှေရောင် (Gold Platinum) တို့ကို 32GB Storage နဲ့ အရောင်နှစ်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ သြဂုတ်လ (၂၃) ရက်နေ့ တရက်တည်းမှာ အထူးဈေးနှုန်း ၈၅၀,၀၀၀ ကျပ်နဲ့ ရရှိနိုင်မှာဖြစ်   ပြီး (၂၃) ရက်နေ့ နောက်ပိုင်းမှာတော့ ဈေးနှုန်း ၈၈၀,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Galaxy Note 5 ကို သြဂုတ်လ (၂၃) ရက်နေ့မှာ ရန်ကုန်မြို့၊ လှည်းတန်းစင်တာနဲ့ မန္တလေးမြို့ ဆီဒိုနားဟိုတယ်တို့မှာ စတင် ရောင်းချသွားမှာပါ။


သီဟတိုး

____ဧရာဝတီဘလော့
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။