KNU/KNLA-PC တပ်ဖွဲ့နှင့် မိသားစုဝင်များ မဲပေးရန် အခက်အခဲရှိ

ရွေးကောက်ပွဲ, KNU/KNLA-PC
 
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသတွင် အခြေစိုက်ထားသည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ (KNU/KNLA – PC) တပ်ဖွဲ့နှင့် မိသားစုဝင် ၁၀၀၀ ကျော်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့် ရရှိရန် အခက်အခဲများ ရှိနေကြောင်း သတင်း ရရှိသည်။
ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့နှင့် မိသားစုများ အခြေစိုက်ရာ ဒေသများသို့ မဲစာရင်းလာရောက် ကောက်ယူခြင်း၊ ကြေညာခြင်းများ မရှိဘဲ သက်ဆိုင်ရာ ကော်မရှင်ရုံးများသို့ သွားရောက် စုံစမ်းရာတွင်လည်း အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင် မရှိပါက မဲပေးခွင့် ရရှိရန် ခက်ခဲနိုင်ပြီး ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ အကြောင်းကြားရန် လိုအပ်ကြောင်း ပြန်လည်ပြောဆိုသည်ဟု KNU/KNLA-PC မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခိုင်မိုးလင်းက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူး ခိုင်မိုးလင်းက“ဒီလိုလုပ်ဖို့ ဆိုတာက တပ်ဖွဲ့ဝင် မိသားစုတွေက စာကောင်းကောင်း မတတ်ဘူး။ လက်မှတ် ထိုးခိုင်း တာတောင် ကြက်ခြေခတ် လုပ်လိုက်ကြတာ။ အခုလို အဆင့်ဆင့်သွားရမယ်ဆိုတော့ အခက်အခဲတွေ ဖြစ်တာပေါ့။ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုတွေလည်း မလုပ်ပေးကြဘူး။ မဲထည့်ဖို့ ဒီလို အဆင့်ဆင့် လုပ်နေရရင်တော့ စိတ်ပျက်မိတယ်”ဟု ပြောဆို သည်။
ထို့ကော်ကိုးဒေသအတွင်း ကျေးရွာပေါင်း ၇ ရွာ ရှိကြောင်းလည်း သိရသည်။
ကရင် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးအရာရှိ ဦးမောင်မောင်နိုင်က“ပထမအနေနဲ့ သူတို့လုပ်ရမှာက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံး မြို့နယ်၊ ခရိုင် ရယ်ကို အကြောင်းကြားရမယ်။ ဒုတိယအဆင့်က အိမ်ထောင်စု စာရင်းနဲ့ မှတ်ပုံတင်ရှိရမယ်။ အဲဒါမှ မရှိရင် တော့ ပုံစံ(၃-က) ဖောင်ဖြည့်ပြီး အဆင့်ဆင့်လုပ်ရမှာပဲ”ဟု ပြောဆိုသည်။
KNU/KNLA-PC သည် အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲထားသည့် ကရင်ပြည်နယ် အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ် သည်။
http://burma.irrawaddy.org/
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။