ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမိတ်ဆက်

၁။ ဥက္ကဋ္ဌ- ဦးထွန်းနိုင်
၂။ ပါတီဝင်အရေအတွက် - နှစ်သောင်းကျော်။
၃။ မဲဆန္ဒနယ်- လားရှိုး၊ သိန်းနီ၊ ကွမ်းလုံ စသည့်မြို့နယ်သုံးခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- ကိုးကန့်တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝမြှင့်တင်ရန်။
၅။ ဆောင်ပုဒ်- ပြည်သူအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ချစ်ခင်လေးစားကြ။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - အနည်းဆုံးအထက်တန်းအောင်မြင်သူဖြစ်ရန်လိုအပ်ပြီး နိုင်ငံတော်၊ ပြည်သူနှင့် လူမျိုးစုအတွက် စိတ်စေတနာထား ၍ လုပ်ကိုင်နိုင်သူ။
၇။ ပါတီရန်ပုံငွေ− ဗဟိုကော်မတီဝင် ၁၇ ဦးထည့်ဝင်သော ရန်ပုံငွေနှင့် အလှူရှင်များ၏ ထောက်ပံ့ငွေဖြင့်ရပ်တည်နေ။ မဲဆွယ်ကာလမှာ မှန်ကန်သောနည်းလမ်း၊ စိတ်စေတနာနှင့် စပွန်ဆာပေးလာပါက လက်ခံသွားမည်။
၈။ ပါတီနောက်ခံသမိုင်း- ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ကိုအခြေခံကာ ၁၉၈၉ တွင် ပါတီတည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့။ ၁၉၉၃ မှ ၂၀၀၇ အထိ အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်ငါးဦးတက်ရောက်ခဲ့။ ၂၀၁၀ တွင် ပါတီကိုပြန်လည်မှတ်ပုံတင်ခဲ့။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
၂၀၀၈ ဖွဲ့စည်းပုံမှာပဲ ပြင်လို့ရမယ့်အချက်အလက်တွေရှိတယ်။ တချို့ပုဒ်မတွေကတော့ အလွယ်တကူပြင်လို့မရတဲ့ကိစ္စတွေလည်းရှိ တယ်။ ကျွန်တော်တို့ပါတီအနေနဲ့ ကိုယ်စားလှယ်တစ်ယောက်၊ နှစ်ယောက်ဖြစ်ရုံနဲ့ အခြေခံဥပဒေပြင်ဆင်ဖို့မျှော်လင့်လို့မရပါဘူး။ လွှတ် တော်ပြင်ပမှာလည်း လုပ်ဆောင်နေတာရှိပါတယ်။ တကယ်လို့ လာမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ခံရလို့ လွှတ်တော်ထဲရောက်သွားရင်လည်း အများရဲ့ဆန္ဒကို ကျွန်တော်တို့ပါတီရဲ့ရပ်တည်ချက်နဲ့ ကိုက်ညီမှုရှိ၊ မရှိ ဆိုတာသုံးသပ်ပြီးမှ ထောက်ခံဖို့၊ ကန့်ကွက်ဖို့လုပ်သွားမှာပါ။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်လဲ။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ပတ်သက်ပြီး သမ္မတကြီး ဦးစီးလုပ်တဲ့အစည်းအဝေးတွေမှာလည်း တက်ရောက်ခဲ့တယ်။ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ် (မူကြမ်း)နဲ့ပတ် သက်ပြီး တခြားပါတီတွေနဲ့အတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ နိုင်ငံ တော်မှာ အဓိကလိုအပ်နေတာ ငြိမ်းချမ်းရေးပါ။ တည်ငြိမ်ရေးရှိဖို့ ငြိမ်း ချမ်းရေးက အဓိကဆိုတော့ ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးကို အရမ်း လိုအပ်တယ်လို့ထင်ပါတယ်။ ဘယ်လောက်ထိစွမ်းဆောင်နိုင်မယ်ဆို တာထက် ဘယ်လိုရှုထောင့်ကပဲပါဝင်ရ ပါဝင်ရ ငြိမ်းချမ်းရေးအတွက် အသင့်ရှိတယ်ဆိုတာ ပြောချင်ပါတယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားတာရှိလား။
စောစောကပြောသလိုပါပဲ။ ကျွန်တော်တို့က လူမျိုးစုပါတီဖြစ် တယ်။ ပေါ်လစီတစ်ခုကို ထိန်းကျောင်းနိုင်စွမ်းမရှိဘူး။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုတဲ့ နိုင်ငံတော်အစီအစဉ်တွေကလည်း အောင်မြင်တာရှိ သလို မအောင်မြင်တဲ့အပိုင်းတွေလည်း အများကြီးရှိတယ်။ ဘာဖြစ်ဖြစ် ကျွန်တော်တို့က အကြံပေးမယ်၊ ထင်မြင်ယူဆချက်ပေးမယ်၊ သဘော ထားပေးနိုင်မယ်ဆိုတဲ့အဆင့်မှာပဲရှိပါတယ်။ ဒါကို လက်တွေ့ကျကျ အပြုသဘောဆောင်ပြီး အကြံပေးနိုင်တဲ့အခြေအနေမှာပဲရှိတယ်။ ဦးဆောင်ဦးရွက်လုပ်နိုင်တဲ့ အင်အားမရှိဘူးလို့ ရိုးရိုးသားသားပြောပါရ စေ။
ပြည်သူတွေက ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီကို ဘာကြောင့် မဲပေးသင့်လဲ။
ကျွန်တော်တို့ဒေသမှာရှိတဲ့ ပြည်သူတွေ ဘာကြောင့်မဲပေးသင့်လဲ ဆိုတော့ လက်ရှိသွားနေတဲ့ပုံစံက အများကိစ္စကို အများဝိုင်းလုပ်တဲ့စနစ် ပေါ့။ ကျွန်တော်တို့ရဲ့အခြေအနေကို ကျွန်တော်တို့လူမျိုးစုကနေပြီးတော့ တင်ပြမယ်။ ပြောဆိုမယ်။ ထုတ်ဖော်မယ်ဆိုရင် ပိုပြီးလက်တွေ့ကျမယ်။ နီးစပ်မှုရှိမယ်ပေါ့။ ဒါကြောင့် ကိုးကန့်တိုင်းရင်းသားများ၊ ညီနောင်တိုင်း ရင်းသားများအနေနဲ့ ကျွန်တော်တို့ပါတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရပ် တည်ချက်သဘောထားတွေကို အခြေခံပြီး ကျွန်တော်တို့က လူမျိုးမရွေး၊ ဘာသာမရွေး တိုင်းရင်းသားမခွဲခြားဘဲ ဒေသဖွံ့ဖြိုးရေးကို အဓိကတတ် စွမ်းသလောက်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မဲဆန္ဒ နယ်မှာ ကျွန်တော်တို့ကို မဲထည့်သင့်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို အဓိကထားတဲ့ သူဖြစ်ဖို့လိုတယ်လို့ အကြမ်းဖျင်းပြောလိုပါတယ်။ ကျွန်တော်တို့နိုင်ငံ ကလည်း လက်ရှိမှာ ခက်ခဲနေတဲ့အချိန်၊ အကူးအပြောင်းကာလရောက် နေတဲ့အချိန်ပေါ့။ အဲဒီတော့ နိုင်ငံတကာအမြင်ရော ပြည်သူလူထုရဲ့ ပကတိအခြေအနေကိုလည်း အမှန်တကယ်သိရှိနားလည်ပြီး စာနာပေး နိုင်တဲ့ပုဂ္ဂိုလ်မျိုးမှလည်း အဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်။
ဥက္ကဋ္ဌအသက်-(၆၀) နှစ်
ပညာအရည်အချင်း - B.Sc (Physics)
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၉၈ ခန့်ကတည်းက ကိုးကန့် အရေး၊ ပါတီကိစ္စများကို ဝင်ရောက်ပါဝင်ဆောင်ရွက်ခဲ့။ နိုင်ငံတကာသို့ နိုင်ငံရေးကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးများစွာတက်ရောက် ခဲ့ဖူး။
လက်ရှိအလုပ်အကိုင်- ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်လျက်ရှိ။
စံပြပုဂ္ဂိုလ်- နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ လောကအကျိုးတို့အား စိတ် စေတနာသန့်သန့်ဆောင်ရွက်သောသူ၊ သိက္ခာ၊ သမာဓိကောင်းမွန် သောသူများအား စံပြထား။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- ၀၈၂-၂၄၀၇၆
http://7daydaily.com/election-2015/party
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။