By
Wednesday, August 26, 2015
မြောက်ဦးခရိုင် မင်း ပြားမြို့နယ်ရှိ မင်းဖူးကျေးရွာမှ ဒေသခံ ၃၀ ခန့်၏ ခန္ဓာကိုယ်ပေါ် တွင် ဖြစ်ပေါ်နေသည့်အမည်းစက် များမှာ သောက်သုံးရေကြောင့် မ ဟုတ်ဘဲ နေရောင်ခြည်ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု သတင်း ရရှိသည်။
‘‘သောက်သုံးရေမသန့်ရှင်း တဲ့အတွက် မင်းဖူးကျေးရွာက လူ တွေမှာ အမည်းစက်တွေ ပေါ်လာ တယ်ကြားလို့ ကျွန်တော်နဲ့ မြို့ နယ်ဆရာဝန်ကြီးတို့ ရွာကိုသွား ပြီး တွေ့ဆုံမေးမြန်းတဲ့အခါ အ မည်းစက်တွေက ယားယံခြင်း၊ထုံ ခြင်း၊ နာကျင်ခြင်းတွေမရှိဘူး။ ဆ ရာဝန်ကြီးရဲ့ စမ်းသပ်ပြီးသုံးသပ် ချက်က အရေပြားမှာ နေရောင် ခြည်ဆဲလ်ပိုများတဲ့ရောဂါလို့ပြော ပါတယ်’’ ဟု မင်းပြားမြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်နိုင်ကပြော သည်။
အဆိုပါ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပွားနေသည့် အမည်းစက်များ မှာ သောက်သုံးရေမသန့်ရှင်းပါက ရေနစ်မြုပ်မှုခံရသော ကျေးရွာ များနှင့် အခြားမြို့နယ်များတွင် လည်း ဖြစ်ပွားရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြစ်စဉ်မျိုးမှာမင်းဖူးကျေး ရွာတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်က တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအချိန်က ရေကြီးနစ်မြုပ်မှု ဖြစ်စဉ်မရှိဘဲ ဖြစ်ပွားခြင်းဖြစ် ကြောင်း ဦးအောင်နိုင်က ရှင်းပြ သည်။
‘‘အဲဒီတုန်းကလည်း အနား ယူ၊ ဆရာဝန်တွေ သောက်ဆေး ပေးပြီးတော့ ကောင်းသွားတာပါ ပဲ။ အခုလည်း သင့်တော်တဲ့ သောက်ဆေးတွေ ဆရာဝန်ကြီး က ပေးထားပါတယ်’’ဟု ဦးအောင်နိုင်ကပြောသည်။
အမည်းစက်များသည် နေ ရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ မှုများသည့် မျက်နှာ၊ လက်နှင့်ခြေ ထောက်တွင် ဖြစ်ပွားနေသည်ကို တွေ့ရပြီး ခန္ဓာကိုယ်ပေါ်တွင် ဖြစ် ပွားမှုမရှိကြောင်း ဦးအောင်နိုင်က ဆိုသည်။
ခန္ဓာကိုယ်ပေါ်တွင် အမည်းစက်ဖြစ်ပေါ်နေသူများအား မြို့နယ်ကျန်းမာရေးဌာနက စားဆေး များ ပေးထားကြောင်း သတင်းရရှိ သည်။
http://www.7daydaily.com/
About Admin
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။