အလှမယ်များ၏ ရေဘေးကူပရဟိတခရီးစဉ် ပုံရိပ်များ

မြန်မာနိုင်ငံတွင် အလှမယ်များကို ပရဟိတအလုပ်များနှင့်တွဲ၍ မြင်လေ့ရှိကြသည်။ ထို့အတူ အလှမယ်ပြိုင်ပွဲအသီးသီးမှ နိုင်ငံကိုယ် စားပြု အလှမယ်အဖြစ် ရွေးချယ် ခံရသူများကလည်း ပရဟိတလုပ်ငန်းများတွင် စိတ်ဝင်တစား ပါဝင်လေ့ရှိကြသည်။ ဇွန်လကုန်မှ စတင်၍ မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် တွေ့ကြုံခဲ့ရသော ရေဘေးသင့်ဒေသများသို့ သွားရောက်ကူညီမှုများပြုလုပ်ခဲ့သည်။ ထို့ကြောင့် အဆိုပါရေဘေးသင့် ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သော အလှမယ်များအနက် အချို့ကို ၎င်းတို့၏ အတွေ့အကြုံများအကြောင်း မေးမြန်းခဲ့သည်များကို   စုစည်းဖော်ပြပေးလိုက်ပါသည်။

နန်းခင်ဇေယျာ
ရေဘေးသင့်ပြည်သူတွေအတွက် ပထမဆုံးစလုပ်ဖြစ်တာက အလှူငွေလိုက်ကောက်တယ်။ အလှူငွေတွေရတော့ နန်းခင်တို့ရဲ့ Miss Myanmar Charity အနေနဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်းဘက်ကို သွားလှူတယ်။ ငါးသိုင်းချောင်း ပြီးတော့ သုံးရက်လောက်နားပြီး ရေနံချောင်းဘက်ကိုသွားတယ်။ အဲဒီမှာ အဓိကက ကျွဲ၊ နွား အစာ နှမ်းဖတ်တွေ၊ ပဲဖတ်တွေ အိတ် ၁၀၀ လှူခဲ့တယ်။ အဲဒီခရီးက လမ်းအရမ်းကြမ်းတယ်။ ရေနံ ချောင်းကနေ သမ္ဗန်နဲ့အသွား အပြန်လေးနာရီလောက်ကြာ တယ်။မမေ့နိုင်တဲ့အမှတ်တရက တော့ နယ်မှာက ကျွဲ၊ နွားတွေနဲ့ပဲ ရပ်တည်ရတာဆိုတော့ ကျွဲ၊ နွား တွေကတွက် အစာတွေလာပေးတဲ့ အချိန်မှာ အရမ်းပျော်ကြတယ်။ သူတို့ရဲ့ နွမ်းဖတ်နေတဲ့ မျက်နှာလေးတွေက ကိုယ်တွေကိုယ်တိုင်ကိုယ်ကျလာပေးတဲ့အချိန်မှာ အရမ်းပျော်နေကြတယ်။ ဒီပီတိက တော့ နန်းခင်ဘဝမှာ ဘယ်တော့ မှရနိုင်မှာမဟုတ်ပါဘူး။ သူတို့ရဲ့ အပူတွေကို ငြိမ်းစေချင်တယ်။
အလှူရှင်တွေအနေနဲ့လည်း လိုအပ်နေတဲ့နေရာကိုပို့ပေးဖို့ အရေးကြီးတယ်။ တချို့လူတွေကျ တော့ ရေကြီးတယ်ဆိုပြီး လမ်းတစ်ဝက်နဲ့ပြန်တယ်။ အဆုံးထိ မသွားဘဲ ထိပ်ဆုံးကလူတွေကိုပဲ ပေးခဲ့တော့ ထိပ်ဆုံးကလူတွေပဲ ရပြီး နောက်ကလူတွေက ပစ္စည်း တွေမရတော့ဘူး။ အဲဒီလိုကျတော့ နောက်ကလူတွေအတွက် နစ်နာ တယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် ပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ ပေးစေချင်တယ်။ ပစ္စည်းတွေစုပြီး ပုံထားတာက ဘာမှမထူးဘူးလေ။
မေဘရဏီသော်
ပထမဆုံး ငါးသိုင်းချောင်းကို သွားတယ်။ အဲဒီမှာတော့ အခက် အခဲမတွေ့ခဲ့ဘူး။ ဒါပေမဲ့ ရေနံ ချောင်းကိုသွားတဲ့ခရီးစဉ်မှာတော့ အခက်အခဲတွေကြုံခဲ့ရတယ်။ ရန်ကုန်ကနေ ရေနံချောင်းကိုသွား တဲ့အချိန်မှာလည်း ကားပျက် တယ်။ နောက်ပြီး ရေနံချောင်း ရောက်တော့ သမ္ဗန်ငှားပြီး နှစ် နာရီခွဲလောက် ထပ်သွားရတယ်။ ညီမတို့သွားတဲ့အချိန်မှာတော့ အဲဒီရွာတွေမှာ ရေတော့မရှိတော့ ဘူး။ ရွှံ့တောထဲကိုဖြတ်ပြီး သွားခဲ့ ရတယ်။ အဲဒီရွာမှာ ရေဘေးသင့် ကျွဲ၊ နွားတွေအတွက် အစားတွေ သွားလှူခဲ့တယ်။ အပြန်မှာလည်း သမ္ဗန်က သောင်တင်တယ်။ နောက်ပြီး ရေနံချောင်းပြန်ရောက် တဲ့အချိန်မှာလည်း ကားကပျက် နေလို့ ရန်ကုန်ကလွှတ်ပေးတဲ့ကား ရောက်လာမှ ပြန်ခဲ့ရတယ်။ အဲဒီ ခရီးစဉ်မှာဆိုရင် ညီမတို့ ထမင်း မစားရသေးလို့ ရွာခံတွေကနေ သူတို့မှာ ရှိတာလေးတွေပြင်ပေး တယ်။ အားလုံးက ဖော်ဖော်ရွေ ရွေဆက်ဆံတယ်။ အရင်လုပ်တဲ့ ပရဟိတအလုပ်တွေနဲ့စာရင် ဒီ တစ်ကြိမ်က တော်တော်ထိထိ ရောက်ရောက်လုပ်နိုင်ခဲ့တယ်။ နောက်ထပ်သွားမယ့်သူတွေကို အကြံပြုချင်တာကတော့ သွားလာ ရေးမှာ အခက်အခဲရှိလို့ ရေဘေး သင့်ပြည်သူတွေအတွက်သာမက ကိုယ်ကိုယ်တိုင်အတွက်လည်း ပြင်ဆင်သွားသင့်တယ်လို့ထင်ပါတယ်။
ထားထက်ထက်
ကယ်ဆယ်ရေးက ရေနံ ချောင်းဘက်မှာ ကျွဲ၊ နွား အကောင် ရေ ရှစ်ထောင်ကျော်အတွက် အစာသွားလှူဖြစ်တယ်။ နောက် ပြီး ကလေးနဲ့ ဟားခါးဘက်ကို လည်းသွားဖို့ရှိတယ်။ ပထမပိုင်း တုန်းကတော့ အလှူခံပေးဖြစ် တယ်။ အခုနောက်ပိုင်းတော့ ထား ထက်တို့ရဲ့ Miss Myanmar Charity အဖွဲ့ကိုလှူတဲ့ အလှူငွေ တွေကောက်ပေးဖြစ်တယ်။ အမှတ်တရအနေနဲ့ကတော့ အလှူခံတဲ့အခါ ထားထက်တို့မှမဟုတ် ဘူး၊ အဖွဲ့အစည်းတော်တော်များ များက အလှူခံနေ့တိုင်းထွက် တယ်။ တခြားပရဟိတဆိုရင် တော့ ကိုယ်တိုင်လုပ်တာပဲဖြစ် ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုနဲ့ပေါင်း ပြီးပဲဖြစ်ဖြစ် လုပ်ဖြစ်တယ်။ ဒါက တော့ အကုန်လုံးနဲ့လည်းဆိုင် တယ်။ ဖြစ်တဲ့နေရာကလည်း တော်တော်များတော့ အကူအညီ တောင်းတဲ့ အဖွဲ့အစည်းတော် တော်များများနဲ့ အလှူခံပေးဖြစ် တယ်။ နေ့စဉ်နဲ့အမျှ ဟိုပြေးလိုက် ဒီပြေးလိုက်ပေါ့။ နောက်ပြီး ရေနံ ချောင်းကို ကိုယ်တိုင်သွားလှူတဲ့ အချိန်မှာလည်း ရေကျသွားပေ မယ့် လမ်းတွေအဝေးကြီးလျှောက် ခဲ့ရတယ်။ နောက်ပြီး ရေနံချောင်း ကိုသွားတဲ့ခရီးစဉ်မှာလည်း ကားအသွားမှာပျက်သလို အပြန်မှာ လည်းပျက်တာကြုံခဲ့ရတယ်။ စက်လှေနဲ့သွားတာဆိုရင် နာရီဝက် လောက်ပဲကြာမယ်ထင်တာ နှစ်နာရီကျော်လောက် သွားခဲ့ရတယ်။
တကယ်ဝေးပြီးမရောက်ဖြစ် တဲ့နေရာတွေလည်းရှိတော့ ကိုယ် သွားပြီးလှူမယ့်နေရာတွေကို အဆက်အသွယ်ရအောင်လုပ်ပြီး လိုအပ်တာတွေမေးဖို့လိုတယ်။ အခုနောက်ပိုင်းက ရေပြန်ကျသွား ပြီဆိုတော့ စားဝတ်နေရေးထက် ပြန်လည်ထူထောင်ရေးဘက်ကို ပိုပြီးလုပ်ပေးသင့်တယ်။
ခင်ဝင့်ဝါ
ခုနစ်လပိုင်းကုန်ခါနီးက တည်းက အွန်လိုင်း Donation အဖွဲ့နဲ့ ဧရာဝတီတိုင်း သာပေါင်း တစ်ဖက်ကမ်းက ကျေးရွာတွေဆီ ကိုသွားလှူပေးဖြစ်ခဲ့ပါတယ်။ အဲဒီရွာတွေက ရေက ၁၅ ပေလောက်မြုပ်တဲ့နေရာတွေပါ။ ကိုယ်တိုင် သွားရောက်ဖြစ်တော့ တွေ့ရမြင်ရ တာက ဘယ်လိုပဲဖြစ်ဖြစ် စိတ်မကောင်းဘူး။ ကိုယ်တွေကူညီပေး တာကိုလည်း သူတို့တွေ ဝမ်းသာ တယ်။ လာလှူပေးတဲ့အတွက် လည်း သူတို့က နောက်လည်း လှူနိုင်ပါစေလို့ ဆုတွေတောင်း ပေးကြတယ်။ ဒီတော့ ပီတိ လည်းဖြစ်ရတယ်။ မနှစ်ကတော့ ပဲခူးရေဘေးသွားလှူဖူးတယ်။ ပဲခူးကတော့ နှစ်စဉ်ရေတက်နေကျ မျိုးဆိုတော့ အခုလောက်နဲ့မတူ ဘူး။ ဒီနှစ်ကတော့ ကိုယ်တွေသွား လှူပေးတာရွာတွေစုံခဲ့တယ်။ ပြန်လည်ထူထောင်ရေးသွားကြမယ့် သူတွေကိုတော့ သတိထားဂရုစိုက် စေချင်တာက ကိုယ်သွားမယ့်နေ ရာဒေသကို အရင်စုံစမ်းပြီးသွား ကြပါ။ ညီမကကျွမ်းကျင်တဲ့သူ မဟုတ်ပေမယ့် ကြိုတင်ကာကွယ် ပြီးသွားကြဖို့တိုက်တွန်းပါတယ်။ ညီမကိုယ်တိုင်လည်း တတ်နိုင် သမျှ ပြန်လည်ထူထောင်ရေးတွေ မှာလည်း ပါဝင်ပေးဦးမှာပါ။
ဝိုင်းလေး
ရေဘေးဖြစ်တဲ့ ကောလင်း တို့၊ ကလေးတို့ဘက်ကို ညီမတို့ သွားလှူဖြစ်ပါတယ်။ ညီမတို့လာ ရင် သူတို့တွေ အရမ်းပျော်တာ တွေ့ရတယ်။ ဘုန်းကြီးကျောင်းက နေ ရေဘေးသင့်အိမ်တွေကို အိမ် ထောင်စုစာရင်းနဲ့ ပေးဝေပေး တယ်။ ဒီရေဘေးမှာ အမှတ်တရ ကတော့ တချို့နေရာတွေဆိုရင် မြွေဆိုးတွေအရမ်းပေါတော့ သွား တာလာတာကအစ အရမ်းလည်း သတိထားရတယ်။ နောက်တစ်ခု ညီမတို့သွားတာက စက်လှေပဲရှိ တယ်။ Safe မဖြစ်ဘူး။ တချို့နေ ရာကျတော့ ရေမြုပ်တာ ရထား လမ်းလေးပဲပေါ်တော့တယ်။ အဲဒီ နေရာမျိုးမှာဆိုရင် ကိုယ့်လှေကို ကိုယ့်ဘာသာတင်ပြီး ဆက်သွားခဲ့ ရတာမျိုးတွေပေါ့။ ဒါတွေကတော့ အမှတ်တရဖြစ်ခဲ့တာလေးတွေပါ။ ရေကျသွားတော့ နုန်းတွေချည်းဆို တော့ တချို့ကလေးတွေဆို သွား ရေးလာရေးအဆင်မပြေသေး တော့ ကျောင်းမတက်နိုင်သေးဘူး။ ပြန်လည်ထူထောင်ရေးမှာ ကျန်း မာရေးကလည်း အရေးကြီးတယ်။ အိမ်သာတွေကိုလည်း စနစ်တကျ လုပ်ပေးထားရမယ်။ ကိုယ်တိုင် သွားတဲ့သူတွေ မြွေဆိပ်ဖြေဆေး လည်း ဆောင်သွားသင့်တယ်။
သျှားထွဋ်အိန္ဒြာ
ရေဘေးဖြစ်တဲ့ မိုးညို၊ လေး လံရွာနဲ့ ရခိုင်ဘက်ကိုသွားဖြစ်ခဲ့ တယ်။ မိုးညိုဘက်သွားခဲ့တာ တော့ ညီမအတွက် အမှတ်တရ တွေများခဲ့တယ်။ မိုးညိုကနေ လေးလံရွာကိုသွားဖို့က စက်လှေ ဆက်စီးရတယ်။ စက်လှေက လည်း ကောင်းကောင်းမဟုတ် ဘူး။ ကျောက်စရစ်တွေသယ်တဲ့ စက်လှေမျိုးနဲ့သွားရတယ်။ ရွာနား ရောက်တော့လည်း နာရီဝက် လောက်လှေနဲ့ထပ်သွားရတယ်။ လှေထဲကို ရေတွေဝင်တော့လည်း ရေတွေကို ကိုယ်တိုင်ပဲခပ်ထုတ် သွားရတယ်။ မိုးကလည်းချုပ်နေ တယ်။ လေကလည်း အရမ်းတိုက် တယ်။ စိတ်အရမ်းရှိလို့သာသွား တာ အန္တရာယ်ကတော့ အရမ်း များတယ်။ သစ်ပင်အောက်တွေ က ဖြတ်သွားရတော့လည်း သစ် ပင်ပေါ်တွေက မြွေတွေကျမှာ သတိထားရတယ်။ ရွာရောက် တော့လည်း နုန်းတွေကြောင့် ဖိနပ် မပါဘဲသွားရတယ်။ တီကောင် တွေကလည်း လက်သန်းလောက် တွေနဲ့ကြုံရတယ်။ ရွာရောက်တော့ တခြားကယ်ဆယ်ရေးတွေက လည်း မရောက်ကြသေးဘူး သိရ တယ်။ ညီမတို့အဖွဲ့တွေလာလှူ တာကို သူတို့တွေ အရမ်းဝမ်းသာ ကြတယ်။ နောက်ပြန်လည်ထူ ထောင်ရေးသွားလုပ်ကြမယ့်သူ တွေတော့ သွားရင်ကိုယ့်ကိုယ် ကိုယ်လည်း ဂရုစိုက်ပါ။ သူတို့ကို ကူညီတာလည်းကူညီတာပေါ့။ ကိုယ့်အတွက်လည်း လိုအပ်တာ အကုန်သယ်သွားပါ။ ဂရုစိုက်စေ ချင်ပါတယ်။ ခြင်မကိုက်ဆေး၊ မြေဆိပ်ဖြေဆေးကအစ ဆောင် သွားသင့်ပါတယ်။
ဟန်သီ
ဟန်သီကိုယ်တိုင် ရေဘေး သင့်ပြည်သူတွေအတွက် မန္တလေး နဲ့ တခြားနယ်တွေမှာ ဖျော်ဖြေရေး တွေကို သွားလုပ်ပေးဖြစ်တယ်။ အဓိကကတော့ အလှူငွေတွေ ကောက်ခံပေးခဲ့ပြီး ကိုယ့်ရဲ့အခွေ ကိုရောင်းပြီး ရေဘေးအတွက် လှူပေးဖြစ်ခဲ့ပါတယ်။ ရန်ကုန်က ရေဘေးပွဲတွေမှာလည်း ကိုယ်တိုင် လိုက်ဖျော်ဖြေပေးဖြစ်တယ်။ ကိုယ်လုပ်နိုင်တဲ့နေရာတစ်ခုက နေ ကိုယ်တိုင်ပါဝင်ဆောင်ရွက် ပေးရတာပါ။ ကိုယ်တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတာကိုလည်း ဝမ်းသာတယ်။ ဟန်သီကူညီလိုက်တာက အ ထောက်အကူဖြစ်သွားတယ်ဆိုကို လည်းကျေနပ်တယ်။ ကိုယ်တိုင် လုပ်လိုက်ရတော့ ပျော်လည်းပျော် တယ်။ ကုသိုလ်လည်းရတာပေါ့ နော်။ တကယ်ဒုက္ခရောက်နေတဲ့ သူတွေကို ကိုယ်တိုင်ပါဝင်ကူညီ ဆောင်ရွက်ပေးလိုက်ရတော့ တန် ဖိုးလည်းရှိတယ်။ အမှတ်တရက တော့ ဟန်သီ့အခွေရောင်းရတဲ့ အလှူငွေတွေကို ရေဘေးသင့် ဒေသတွေကို ခွဲလှူပေးခဲ့တာပါပဲ။
အေးချမ်းမိုး
ညီမက တစ်ယောက်တည်း လုပ်ဖြစ်တာမဟုတ်ဘူး။ အဖွဲ့နဲ့ လုပ်တာ။ Future Youth အဖွဲ့နဲ့ အလှူငွေတွေကောက်တယ်။ နောက်ပြီး ညီမတို့တစ်ဖွဲ့တည်းဆို ရင် ထိထိရောက်ရောက်မလှူနိုင် မှာစိုးလို့ အဖွဲ့ကြီးတစ်ဖွဲ့နဲ့ပေါင်း လှူဖြစ်တယ်။ အဲဒီအဖွဲ့ကို ညီမ တို့ရှာထားတဲ့အလှူငွေတွေလှူ ဖြစ်တယ်။ ဒုတိယခရီးကိုတော့ ဧရာဝတီတိုင်းဘက်သွားလှူ တယ်။ ကျောင်းပျက်လို့မရလို့ ကိုယ်တိုင်မလိုက်နိုင်ပေမယ့် နောက်ကနေ စီမံပေးပါတယ်။ နောက်တစ်ကြိမ်သွားမယ့် ပြန် လည်ထူထောင်ရေးခရီးစဉ်ကို တော့ ညီမကိုယ်တိုင်လိုက်ဖြစ် မယ်။ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းက မူးသစ်ကျေးရွာက စာသင်ကျောင်းအတွက် လှူမှာ ပါ။ အဲဒီရွာက ရေကြီးတုန်းက တစ်ရွာလုံးမြုပ်သွားပြီး အခုရေပြန် ကျသွားချိန်မှာ စာသင်ကျောင်းက အမိုးပဲကျန်တော့တယ်။ ဘုန်းဘုန်း တစ်ပါးက ကျောင်းအကာလေးလှူပါလား၊ ယာယီစာသင်လို့ရရင် အဆင်ပြေတယ်ဆိုလို့ ကျောင်း ကာဖို့ရယ်၊ ကြမ်းခင်းတွေရယ် လှူထားပါတယ်။ ရေတွင်းအသစ် ပြန်တူးပြီး သောက်ရေအတွက် ရေလှောင်ကန်ဆောက်ဖို့ အလှူ ငွေလှူထားပါတယ်။ ကျန်တာက တော့ အဲဒီကျောင်းမှာရှိတဲ့ သူငယ် တန်းကနေ လေးတန်းအထိ ကလေး ၁၀၈ ယောက်အတွက် အဖြူ၊ အစိမ်းတွေဝယ်ပြီးသွားပြီ။ နောက်ပြီး ညီမလုပ်ထားတာက တော့ ညီမပုံလေးတွေနဲ့ စာအုပ် ဒါဇင် ၂၀၀ လုပ်ထားတယ်။ နောက်ရက်တွေမှာလည်း ကလေး တွေရဲ့ စာရေးကိရိယာတွေအ တွက် အလှူတော့ခံနေတယ်။
ဇွန်သံစဉ်
ညီမတို့ရဲ့ မွန်မြတ်သစ္စာပရ ဟိတအဖွဲ့နဲ့ ဩဂုတ် ၁၈ ရက်က တော့ မကွေးတိုင်းဒေသကြီး စေ တုတ္တရာမြို့မှာရှိတဲ့ ပွင့်ထောက် ကျေးရွာမှာ ဆန်အိတ် ၆၀ သွား လှူခဲ့ပါတယ်။ စလင်းကနေ စေ တုတ္တရာ၊ အဲဒီကနေ ပွင့်ထောက် ကို စက်လှေနဲ့ နှစ်နာရီလောက် သွားရတယ်။ အပြန်ကျတော့ စက် လှေနဲ့ပြန်ရင် အန္တရာယ်များတာ ကြောင့် ဆန်အိတ်တင်တဲ့ ကုန် တင်ကားနဲ့ပြန်ခဲ့ရတယ်။ အမှတ် တရတွေကတော့ အများကြီးပါပဲ။ ဒီခရီးလမ်းတစ်လျှောက်လုံးမှာ လည်း အကုန်လုံးလက်တွဲညီညီ ဆောင်ရွက်ခဲ့တဲ့အတွက် အောင် မြင်ခဲ့သလို ပျော်စရာကောင်းတဲ့ အမှတ်တရတွေဖြစ်ခဲ့ပါတယ်။ ပြီးတော့ ရွာကိုရောက်တဲ့အချိန်မှာ လည်း ရွှံ့က ခြောက်ပေလောက် ဖုံးသွားတဲ့အတွက် စာသင်ကျောင်းရော၊ ဘုန်းကြီးကျောင်းရော အမြန်ဆုံး ပြန်လည်ထူထောင်ဖို့လိုအပ် နေတယ်။ ညီမတို့အဖွဲ့ကတော့ အဲဒီရွာလေး  ပြန်လည်ထူထောင်ဖို့ အလှူငွေတွေ  ကောက်ခံနေပါ တယ်။ ဆက်ပြီးတော့ မွန်မြတ် သစ္စာပရဟိတအဖွဲ့အနေနဲ့ ဈေး ရောင်းပွဲလုပ်ပြီး    အလှူငွေရှာဖို့ အစီအစဉ်ရှိပါတယ်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။