မြေထဲပင်လယ်အတွင်း ဒုက္ခသည် လှေတစ်စီးပေါ်၌ အလောင်း ၅၀ ကျော် တွေ့ရှိ


ဆွီဒင် ကမ်းခြေစောင့်တပ်ဖွဲ့၏ Poseidon ရေယာဉ်/ BBC
 မြေထဲပင်လယ်ထဲတွင် မျောပါနေသည့် ဒုက္ခသည် လှေတစ်စီးပေါ်၌ လူပေါင်း ၅၀ ကျော် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့က ကြေညာခဲ့သည်။

လစ်ဗျားကမ်းလွန်တွင် မျောပါနေသည့် လှေတစ်စီးကို ကမ်းခြေစောင့်တပ်က ကြားဖြတ် ဟန့်တား စစ်ဆေးရာ အနည်းဆုံး အလောင်း ၅၁ လောင်းမျှကို တွေ့ရှိခဲ့ခြင်းဟု သိရသည်။ လှေဝမ်းထဲတွင် လူအများကို အလုံပိတ် ထည့်ထားရာမှ အောက်စီဂျင် ပြတ်တောက်ကာ ယခုကဲ့သို့ အစုလိုက် အပြုံလိုက် သေဆုံးကုန်ခြင်းဟု ယုံကြည်ရကြောင်း အီတလီ မီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါ လှေပေါ်မှ နောက်ထပ် ရွှေ့ပြောင်းဒုက္ခသည် ၄၃၀ ဝန်းကျင်ကိုမူ ဆွီဒင် ကမ်းခြေစောင့်တပ်ဖွဲ့၏ Poseidon ရေယာဉ်က ကယ်ဆယ်နိုင်ခဲ့သည်။
အာဖရိက မြောက်ပိုင်းမှ ဥရောပသို့ ခိုးဝင်ရန် ကြိုးစားသည့် ရွှေ့ပြောင်းဒုက္ခသည်များ အရေးကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ပူးပေါင်း ကိုင်တွယ်နေပြီး မြေထဲပင်လယ် နယ်နိမိတ်ကို ကြပ်မတ် စောင့်ကြည့်နေရာမှ ယခုကဲ့သို့ ဒုက္ခသည် လှေများကို ကြားဖြတ် ကယ်ဆယ်နေခြင်း ဖြစ်သည်။ နိုင်ငံရေး မတည်ငြိမ်မှုများ၊ စစ်မက်ဖြစ်ပွားမှုများကြောင့် ဒုက္ခသည် များစွာတို့သည် လူမှောင်ခို သမားများထံ အခကြေးငွေ ပေးချေပြီး မြေထဲပင်လယ်ကို စွန့်စားဖြတ်ကျော်ကာ အီတလီနှင့် ဂရိကမ်းခြေတို့မှတစ်ဆင့် ဥရောပသို့ ခြေချရန် ကြိုးစားလေ့ ရှိသည်။
ဩဂုတ် ၂၆ ရက်ကမူ လစ်ဗျားကမ်းလွန်၌ ဖြန့်ကျက်ထားသည့် ကယ်ဆယ်ရေး လုပ်ငန်းစဉ် ၁၀ ခုအနက် အစိတ်အပိုင်း တစ်ရပ်အဖြစ် အဆိုပါလှေကို ကြားဖြတ် စစ်ဆေးခဲ့ခြင်းဟု သိရသည်။ ယခုလ အစောပိုင်းကလည်း အီတလီ ရေတပ်သည် လှေဝမ်းထဲတွင် လူ ၄၉ ဦး သေဆုံးနေသည့် လူမှောင်ခို လှေတစ်စီးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ဖူးသည်။
လစ်ဗျားတွင် အခြေစိုက်သည့် လူမှောင်ခိုသမားများသည် လတ်တလောတွင် ရာသီဥတု ကောင်းမွန်ပြီး ပင်လယ်ပြင်အတွင်း လှိုင်းငြိမ်သက်နေခြင်းကို အခွင့်ကောင်းယူကာ လှေပေါ်တွင် လူအများအပြား စုပြုံတင်ဆောင်ခြင်းက ယခုလို ကြေကွဲစရာ အဖြစ်မျိုးထံ ပိုမိုဦးတည်နေစေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။
ဥရောပ သမဂ္ဂ၏ အဆိုအရ ယခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်ကျော်ပြီး ဥရောပသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သည့် ရွှေ့ပြောင်းလုပ်သား အရေအတွက် ၂၅၀၀၀၀ နီးပါးမျှ ရှိခဲ့ပြီး ၂၀၀၀ ကျော်မှာ လမ်းခရီးတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။