ဘန်ကောက်ဗုံးခွဲ သံသယရှိသူကို ဖမ်းမိပြီ

11891979_760105714123223_1969258099959624893_n copy
ဘန်ကောက်ဗုံးခွဲမှုအတွက် သံသယရှိသူ တူရကီ နိုင်ငံသားတဦးကို ဘန်ကောက်မြို့ သူငှားနေတဲ့ တိုက်ခန်းမှာ ဖမ်းဆီးလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
သြဂုတ် ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဘန်ကောက်မြို့ နောင်ချွန်မြို့နယ်ထဲမှာ တိုက်ခန်းမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး၊ သူ့တိုက်ခန်းထဲမှာ ဗုံးလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ကိရိယာတွေ တွေ့ရှိခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
11934939_760105760789885_6128750549683963817_nသူ့ကို ရဲနဲ့စစ်သား ၁၀၀ ကျော်က ၀ိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးတဲ့ ပစ္စည်းထဲမှာ အချင်း သုညဒသမ ၅ မီလီမီတာ ရှိတဲ့ ဗုံးဆန်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ဗုံးဆန်မျိုးဟာ သြဂုတ် ၁၇ နဲ့ ၁၈ ရက်နေ့တွေက ဘန်ကောက်မြို့ပေါ်က ဧရာဝဏ် နတ်ကွန်းမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးနဲ့ ဆာထုံတံတားမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးတွေမှာ သုံးခဲ့တဲ့ ဗုံးဆန်တွေနဲ့ အရွယ်တူပါတယ်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။