အစ္စရေးသူလျှို လင်းပိုင်တစ်ကောင်ကို ဖမ်းဆီးရမိကြောင်း ဟားမားစ် စစ်သွေးကြွအဖွဲ့ ကြေညာ

အစ္စရေး သူလျှို လင်းပိုင်တစ်ကောင်ကို မြေထဲပင်လယ်ထဲတွင် ဟားမားစ် စစ်သွေးကြွတို့က ဖမ်းဆီးမိခဲ့ကြောင်း သိရှိရသည်။

ဂါဇာကမ်းမြှောင် ဒေသကို ထိန်းချုပ်ထားသည့် ဟားမားစ်တို့သည် အစ္စရေးတို့၏ ရန်သူတော်များဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို ထောက်လှမ်းရန် အဆိုပါ လင်းပိုင်ကို အစ္စရေး အစိုးရက စေလွှတ်ခဲ့ခြင်းဟု ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့က စွပ်စွဲထားသည်။
လင်းပိုင်သည် ရေပြင်တွင် မသင်္ကာဖွယ် အခြေအနေမျိုး လှည့်လည်သွားလာပြီး တရစ်ဝဲဝဲ ရှိနေသည့်နောက် ဟားမားစ်တို့ အဆိုပါ ရေနေသတ္တဝါကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ လင်းပိုင်၏ ကိုယ်ပေါ်တွင် ကင်မရာများနှင့် အခြားသော ထောက်လှမ်းရေး ကိရိယာများ တပ်ဆင်ထားကြောင်း ဟားမားစ်တို့က ဆိုသည်။
ထို့အပြင် လူသားများကို ထိခိုက်စေနိုင်လောက်သည့် မြားတံများ ပစ်လွှတ်နိုင်သည့် ကိရိယာ တစ်ခုကိုပါ လင်းပိုင်တွင် တပ်ဆင်ပေးထားကြောင်း သိရသည်။ ယခုအခါ လင်းပိုင်သည် ဟားမားစ်တို့၏ လက်ထဲတွင်ပင် ရှိနေဆဲ ဖြစ်သည်။
လင်းပိုင်များအပြင် ဖျံများကိုပါ စစ်ရေးအတွက် လေ့ကျင့်သင်ကြားပေးမှုမျိုးကို ၁၉၆၀ ပြည့်လွန် နှစ်များကတည်းက အမေရိကန်နှင့် အစ္စရေးတို့တွင် အကောင်အထည် ဖော်ခဲ့သည်။ အစ္စရေးသည် ငှက်များ၊ အခြားတိရစ္ဆာန်များ၊ ယုတ်စွအဆုံး ကြွက်များကိုပင် အရှေ့အလယ်ပိုင်း ဒေသတွင်း ထောက်လှမ်းရေး ကဏ္ဍအတွက် အသုံးပြုခဲ့ကြောင်း သိရသည်။ 
၂၀၀၇ ခုနှစ်က အီရန်အာဏာပိုင်များသည် သူလျှိုမှု ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် ရှဥ့် ၁၄ ကောင်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ဖူးသည်။ အဆိုပါ ရှဥ့်များသည် လုံခြုံရေး တင်းကျပ်ထားသည့် နေရာများတွင် အသံဖမ်း ကိရိယာ အသေးစားလေးများကို လာရောက် ချထားရန် ကြိုးစားခဲ့ကြောင်း အီရန် အစိုးရပိုင် IRNA သတင်းဌာနက စွပ်စွဲ ဖော်ပြခဲ့သည်။
၂၀၀၈ ခုနှစ်တွင်မူ အီရန် လုံခြုံရေး အာဏာပိုင်များသည် နိုင်ငံအတွင်းရှိ နျူကလီးယား နည်းပညာဌာန တစ်ခုအနီးတွင် သူလျှိုထောက်လှမ်းနေသည်ဟု မသင်္ကာသည့် ခိုနှစ်ကောင်ကို ဖမ်းဆီးခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်မူ ဆော်ဒီအာရေဗျ အာဏာပိုင်များက အစ္စရေး ထောက်လှမ်းရေး မော့ဆက်ဒ်က စေလွှတ်လိုက်သည်ဟု ယုံကြည်ရသည့် လင်းတ တစ်ကောင်ကို ဖမ်းဆီးရမိကြောင်း ကြေညာခဲ့ဖူးသည်။
____7Day News Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။