ဗုံးဖောက်ခွဲ သံသယရှိသူ နိုင်ငံက ထွက်ခွာသွားပြီဟု ထိုင်းရဲချုပ်ပြော

c1_665700_620x413
ထိုင်းနိုင်ငံ ဘန်ကောက်ဗုံးပေါက်ကွဲမှု နောက်ကွယ်က လူတွေကို ဖမ်းမိဖို့အတွက် ကံကောင်းဖို့ လိုသလို သံသယရှိသူတွေက နိုင်ငံကနေ ထွက်ခွာသွားပြီလို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
သြဂုတ် ၂၃ ရက် မနက်ပိုင်းက သတင်းထောက်တွေကို ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျနော်တို့ ကံနည်းနည်းလိုတယ်။ ရဲတွေ ကံကောင်းမယ်ဆိုရင် ကျနော်တို့ ဖမ်းနိုင်မှာ ဖြစ်ပါတယ်။  လက်သည်တွေက ကံကောင်းမယ်ဆိုရင်  သူတို့ ထွက်ပြေးနိုင်မှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးဖို့ ထိုင်းရဲတပ်ဖွဲ့က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ပြောခွင့်ရ ပရာဝတ် သဝေါင်ဆီရိကတော့ သံသယရှိသူ ထွက်ခွာသွားတယ်ဆိုတာကို သံသယရှိပေမယ့် ဆက်ရှာနေမှာ ဖြစ်ပြီး တိုင်းပြည်မှာ ရှိနေတဲ့ တခြားတယောက်ကို ရှာတွေ့ပြီး အထောက်အထားသဲလွန်စ ရှာဖွေနိုင်မယ်လို့ ပြောပါတယ်။
http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။