မြန်မာနိုင်ငံတွင် ပထမ ဆုံးအကြိမ် စတင်မည့် ရန်ကုန် စတော့အိတ်ချိန်းဈေးကွက်စတင် လည်ပတ်နိုင်ရန် လုပ်ငန်းဆောင် ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာ ပထမပတ်၌ စတင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု ဘဏ္ဍာရေးဒုဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
နိုဝင်ဘာတွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသော်လည်း ရွေး ကောက်ပွဲကာလနှင့် တိုက်ဆိုင် နေ၍ ဒီဇင်ဘာ၌ ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်သည်။ စတော့အိတ် ချိန်းလုပ်ငန်းများ စတင်လည်ပတ် ပုံ၊ အသုံးပြုပုံများကို စတော့အိတ် ချိန်းလုပ်ငန်းများ စတင်လည်ပတ် မည့် ယခင်မြဝတီဘဏ်ရုံးချုပ် ဟောင်းတွင် ပထမဆုံးစတင်မိတ် ဆက်သည့် အခမ်းအနားကို သြ ဂုတ် ၂၉ ရက်က ပြုလုပ်ခဲ့သည်။
စတော့အိတ်ချိန်းလုပ် ဆောင်နိုင်ရန် ၂ နှစ်ကျော် အချိန် ယူခဲ့ရပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၃၁ ဘီလီယံဖြင့် စတင်လုပ်ဆောင်မည်ဖြစ်ကာ မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်း အချိုးကျထည့်သွင်းထားကြောင်း သိရ သည်။
‘‘စတော့အိတ်ချိန်းနဲ့ပတ် သက်တဲ့ဥပဒေတွေအားလုံး ၉၀ ရာခိုင်နှုန်းကျော်ပြီးနေပြီ။ စလုပ်ဖို့ အဆင်သင့်ပါပဲ’’ဟု ဒေါက်တာ မောင်မောင်သိမ်းက သြဂုတ် ၂၉ ရက် ရန်ကုန်စတော့အိတ်ချိန်း စတင်မိတ်ဆက်သည့် အခမ်းအ နားတွင် ပြောကြားသည်။
စတော့အိတ်ချိန်းစတင် လည်ပတ်ရန် ပြည်တွင်းမှ အရည် အချင်းပြည့်ဝသည့် အများပိုင် ကုမ္ပဏီ ငါးခုထက်မနည်း အရေ အတွက်ဖြင့် စတင်မည်ဟု ဆို သည်။
စတော့အိတ်ချိန်းအတွက် နည်းပညာနှင့်ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ အကူအညီများကို ဂျပန် နိုင်ငံဒိုင်ဝါငွေကြေးအဖွဲ့အစည်း က မြန်မာအစိုးရအား ကူညီခြင်း ဖြစ်သည်။ အာရှတွင် မြောက်ကို ရီးယား၊ ဘရူနိုင်းနှင့် မြန်မာနိုင်ငံ တို့တွင်သာ စတော့အိတ်ချိန်းဈေး ကွက် အကောင်အထည်မဖော် နိုင်သေးခြင်းဖြစ်ရာ ထိုနိုင်ငံများ စာရင်းမှ မြန်မာနိုင်ငံက မကြာမီ လွတ်မြောက်တော့မည် ဖြစ်သည်။
စတော့အိတ်ချိန်းစတင်ပါ က ပြည်တွင်းကုမ္ပဏီများ ရာနှုန်း ပြည့်ရင်းနှီးမြှုပ်နှံခွင့်ရမည်ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီများက ပြည်တွင်းလုပ်ငန်းရှင်များနှင့် အကျိုးတူပူး ပေါင်း လုပ်ဆောင်ရမည်ဖြစ် သည်။ လက်ရှိလုပ်ကိုင်ရန် လျှောက်ထားသည့် နိုင်ငံခြားကုမ္ပ ဏများတွင် အာရှနိုင်ငံ အများဆုံး ဖြစ်သည်ဟု ဆိုသည်။
စတော့အိတ်ချိန်းစတင်ပါ က မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အိမ်ခြံမြေကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ၌ စုပြုံနေသည်များ လျော့ကျသွား နိုင်ပြီး ငွေကြေးဖောင်းပွမှုမရှိစေ ရန် သွယ်ဝိုက်သောနည်းဖြင့် ထိန်းသိမ်းပေးနိုင်ကြောင်း စီးပွားရေး ပညာရှင် ဦးလှမောင်က သုံးသပ် သည်။
စတော့အိတ်ချိန်းစတင်ပါ က အများပြည်သူ၏အသိပညာ နှင့်ပတ်သက်ပြီး အလှမ်းဝေးနေ သဖြင့် အချိန်မီပြင်ဆင်ယူရမည် ဖြစ်ကာ ပြင်ပမှ တရားမဝင် ငွေ မည်းများစီးဝင်လာမည်ကိုလည်း စိစစ်ကြပ်မတ်ရန် လိုအပ်မည်ဟု ၎င်းက ဆိုသည်။
http://7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။