မြန်မာ ဒုတိယသမ္မတ နှင့် ထိုင်း ဒုတိယဝန်ကြီးချုပ်တို့ တက်ရောက်မည့် အာရှလမ်းမ ကြီးဖွင့်ပွဲပြုလုပ်ရန် တစ်ရက်အ လို သြဂုတ် ၂၉ ရက်တွင် ယင်း လမ်းပိုင်းတစ်နေရာ၌ ဒီကေဘီ အေမှ ခွဲထွက်သွားသည့် နားမ ကြားအဖွဲ့က ဗုံးဖြင့် တိုက်ခိုက်ခဲ့ ကြောင်း သတင်းရရှိသည်။
ဒီကေဘီအေမှ ထုတ်ပယ် ထားသည့် စောဆန်းအောင်က အာရှလမ်းမကြီး ဖွင့်ပွဲနေ့တွင် တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ သြဂုတ် ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် (၄၀-မမ) ဗုံးပစ်လောင်ချာဖြင့် ဗုံးနှစ်လုံး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု အစိုးရ လက်နက်ကိုင် အဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။
ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရသော် လည်း ဒဏ်ရာရရှိသူမရှိဘဲ လမ်း ဖွင့်ပွဲကိုလည်း နှောင့်ယှက်နိုင်မည် မဟုတ်ကြောင်း အထက်ပါအရာ ရှိက ပြောသည်။
‘‘ခဏလေးပါ။ ပစ်ပြေးပေါ့။ လူကြီးလမ်းကြောင်းပေါ်တော့ ဒီ ကောင်တွေ တစ်ခုခုလုပ်နိုင်မှာ မဟုတ်ဘူး’’ဟု ပြောသည်။
အာရှလမ်းမကြီးဖြတ်သွား သည့်တောင်ပေါ်တစ်နေရာမှ ဗုံး နှစ်လုံးပစ်ခြင်းဖြစ်ပြီး လမ်းနှင့် ကပ်လျက် တတန်ကူးကျေးရွာစေ တီအနီးကျကာ တစ်လုံးပေါက်ကွဲ ခဲ့သော်လည်း ကျန်တစ်လုံးမှာ မပေါက်ကွဲခဲ့ဟု ယင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့သူ တစ်ဦးက ပြောသည်။ လက်ရှိတွင်တပ်မတော်က နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်နေသည်ဟု သတင်းရရှိသည်။
အာရှလမ်းမကြီးဖွင့်ပွဲကို ယ နေ့(သြဂုတ် ၃၀ ရက်)တွင် ကျင်း ပမည်ဖြစ်ပြီး ယင်းလမ်းပိုင်းလုံခြုံ ရေးအတွက် အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် လမ်းကြောင်းတစ်လျှောက် စစ် ဆေးရေးဝင်နေကြောင်း သတင်း ရရှိသည်။ ဖွင့်ပွဲအား မြန်မာနိုင်ငံ ဘက်မှ ဒုတိယသမ္မတဦးဆောင် သည့် အစိုးရအဖွဲ့ဝင် ၁၅၀ နှင့် ထိုင်းနိုင်ငံဘက်မှ ဒုတိယဝန်ကြီး ချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ ဝင် ၁၅၀ တက်ရောက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သ တင်းရရှိသည်။
လက်ရှိတွင် မြဝတီ-ကော့ ကရိတ်လမ်းပိုင်းကို သြဂုတ် ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက် ပိတ်ထားပြီး ကော့ကရိတ်မြို့အ ခြေစိုက်စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်(၁၂)လက်အောက်ခံတပ်ရင်း များနှင့် တပ်မ(၄၄)က လုံခြုံရေး တင်းကျပ်ထားသည်ဟု သတင်းရရှိသည်။
http://7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။