ပျဉ်းမနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာသိမ့်နှင့်အင်တာဗျူး

(တစ်ပတ်အတွင်းမှာပဲ ကိုယ့်ကျောင်းက ကလေးတွေရဲ့ စာရိတ္တကိုသိလိုက်ရတယ်)

နွယ်ဇင် - မေးမြန်းသည်။

ပျဉ်းမနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ဦးရေ ၂၅ဝဝ ကျော်ရှိပြီး ဆရာမကြီး ဒေါ်သီတာသိမ့်က ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ယခု အခါ ဆရာမကြီး၏လမ်းညွှန်မှုဖြင့် ကျောင်းသူကျောင်းသားတို့၏စာရိတ္တ မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် 'ရောင်းသူမဲ့ဈေးခြင်းတောင်း' အစီအစဉ် ကို ကျင့်သုံးဆောင်ရွက်လျက်ရှိသည်။ ယင်းအစီအစဉ်အပြည့်အစုံကိုသိရှိနိုင် ရန် ရန်ကုန်တိုင်းမ်ဂျာနယ်မှ ကျောင်း အုပ်ဆရာမကြီး ဒေါ်သီတာသိမ့်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ဆရာမကြီးအနေနဲ့ ရောင်းသူမဲ့ဈေးခြင်းတောင်းအစီအစဉ် စတင်လုပ်ဖြစ်ခဲ့ပုံကို အရင်ဆုံးပြောပြပေးပါဦး။

ဟုတ်ကဲ့ ဆရာမကြီးတို့နိုင်ငံမှာ အခြေခံပညာစာသင် ကျောင်းတွေမှာ စာရိတ္တနဲ့ပတ်သက်လို့သင်ကြားလာတာ နှစ် တွေလည်းကြာခဲ့ပါပြီ။ ကလေးတွေအကုန်လုံးက စာရိတ္တ ကောင်းမွန်လာတာမျိုးမရှိသေးဘူး။ အရင်ကတော့ ဒီလိုအ စီအစဉ်မျိုးလုပ်ဖို့မရှိခဲ့ဘူး။ မနှစ်တုန်းက နိုင်ငံတော်သမ္မတ ကြီး ဆွစ်ဇာလန်ကိုသွားတော့ ဆောင်းပါးတစ်ခုဖတ်လိုက် ရတယ်။ ပန်းခြံတွေမှာ ပန်းရောင်းတဲ့သူမရှိဘူးတဲ့။ ကတ် ကြေးလေးတစ်လက်ရယ်၊ ပိုက်ဆံပုံးလေးတစ်ခုပဲချထားတယ်။ ဝယ်ချင်တဲ့သူက ကိုယ့်ကြိုက်တဲ့ပန်းကိုညှပ်ယူပြီး ငွေကိုပုံး ထဲ ထည့်သွားခဲ့တယ်။ ပိုင်ရှင်က ညနေမှ ငွေပုံးလေးတွေ လာသိမ်းတာတဲ့ ဆွစ်ဇာလန်ပြည်သူ၊ ပြည်သားတွေ ဘယ် လောက်အကျင့်စာရိတ္တကောင်းမွန်လိုက်လဲဆိုတာသိလိုက် ရတော့ ဒါကိုသဘောကျလွန်းလို့ ဆရာမကြီးတို့ကျောင်းမှာ လည်း အဲဒီလိုအစီအစဉ်လုပ်ရင်ရပါ့မလားလို့ ကျောင်းက တပည့်တွေကိုပြောပြတော့ ကလေးတွေကလည်း စိတ်ထက် သန်စွာနဲ့ အရမ်းလုပ်ချင်ကြတယ်၊ ဒါကြောင့် ဆရာမကြီးတို့ ကျောင်းမှာ ရောင်းသူမဲ့ဈေးခြင်းတောင်းအစီအစဉ်ကိုလုပ် ဖြစ်သွားတာပါ။

ဆရာမကြီးတို့ကျောင်းမှာ ကျောင်းသားဦးရေစုစုပေါင်း ဘယ် လောက်ရှိပါလဲ။ ပြီးတော့ ဘယ်အချိန်လောက်ကတည်းက ဒီအစီအစဉ်ကိုလုပ်ဖြစ်ခဲ့တာပါလဲ။
သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းသားဦး ရေစုစုပေါင်းက ၂၅ဝဝအထိရှိပါတယ်။ ဒီအစီအစဉ်လုပ်တာ ကတော့ ဒီလထဲမှာပဲ ဇူလိုင်တတိယလောက်ကမှစခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ရဲ့ပညာသင်နှစ်တစ်ဝက်လောက်မှာ ရေ သန့်ဘူးလေးတွေထားပြီး အစမ်းလုပ်ဖို့စီစဉ်ခဲ့ပေမယ့် မလုပ် ဖြစ်ခဲ့ဘူး။ ဟောပြောခဲ့တာလောက်ပဲ လုပ်နိုင်ခဲ့တယ်။ တ ကယ်လုပ်တာကတော့ ဒီနှစ်ထဲမှာပဲ လုပ်ခဲ့တာပါ။ တစ်ပတ် အတွင်းမှာပဲ ကိုယ့်ကျောင်းကကလေးတွေရဲ့စာရိတ္တကိုသိ လိုက်ရတယ်။ ကိုယ်လုပ်လိုက်တဲ့အစီအစဉ် ရာနှုန်းပြည့် အောင်တဲ့အတွက်ကြောင့် အင်မတန်ဝမ်းသာပီတိဖြစ်ရပါ တယ်။

ဒီအစီအစဉ်ကိုမလုပ်ဆောင်ခင်မှာရော ဆရာမကြီးအနေနဲ့ ကျောင်းသားမိဘတွေကိုတိုင်ပင်ခဲ့တာမျိုးရှိလား၊ မိဘတွေ အနေနဲ့ရော ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ စိတ်ဝင် စားမှုဘယ်လောက်ရှိခဲ့ကြလဲ။

မိဘတွေရော ကျောင်းသား၊ကျောင်းသူတွေကိုပါ တွေ့ ဆုံပြီးမေးမြန်းတယ်။ ကျွန်မတို့ကလေးတွေကို လုပ်ပေးလို့မရ ဘူးလား၊ ကလေးကောင်းမှလူကြီးကောင်းမှာလေ။ မိဘတွေနဲ့ တွေ့ဆုံတော့ ကျွန်မပြောပြတယ်။ ဒီကျောင်းမှာ စမ်းသပ် မယ်ပေါ့။ အရင်ဆုံးစာရေးကိရိယာခြင်းလေး အတန်းတိုင်း မှာထားမယ်။ ရောင်းသူမရှိဘူး၊ တစ်တန်းနဲ့တစ်တန်း ပြိုင် ကြပါစေပေါ့။ ပင်ရင်းမှာရောင်းတဲ့ဈေးအတိုင်း ဒီမှာသတ်မှတ် မယ်။ မိဘတချို့က မလုပ်ပါနဲ့ဆရာမကြီး အရင်းပြုတ်သွားမယ် တဲ့။ မိဘတချို့ကတော့ ဆရာမကြီးအရင်းပြုတ်လည်း အား မလျှော့နဲ့ ကျွန်တော်တို့ထောက်ခံတယ် ဆုံးရှုံးသွားတဲ့ပမာဏ ထက် အကျိုးဖြစ်လာမှာလို့ပြောတယ်။ ထောက်ခံတဲ့သူတွေ ရှိသလို မထောက်ခံတဲ့သူတွေလည်းရှိတဲ့ကြားထဲက ကလေး တွေရဲ့စာရိတ္တကောင်းတာကို ပေါ်လွင်အောင်လုပ်ပြချင်တယ်။

ရောင်းသူမရှိဘဲ စာသင်ခန်းတိုင်းမှာရောင်းတဲ့ပစ္စည်းတွေထား တော့ ကလေးတွေကိုစောင့်ကြည့်မယ့် စီစီတီဗွီလိုကိရိယာ တွေတပ်ဆင်ထားတာမျိုး ရှိပါလား။
စောင့်ကြည့်တာမျိုးမရှိသလို စီစီတီဗွီလည်းမတပ်ထား ပါဘူး။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့အမှန်တကယ်စာရိတ္တ ကိုသိချင်တဲ့အတွက် စီစီတီဗွီတပ်ထားလို့ ကြောက်ပြီးလိုက် နာတာမျိုးမလိုချင်ဘူး။ သူတို့လေးတွေရဲ့ အသိတရားနဲ့လိုက် နာတာမှ ဆရာမကြီးတို့လုပ်တဲ့ ရည်ရွယ်ချက်ထိရောက်မှာ။ ဆရာ၊ ဆရာမတွေအကုန်လုံးကိုလည်း ပြောပြထားတယ်။

တစ်ပတ်အတွင်း ဘယ်လောက်အထိရောင်းခဲ့ရလဲ။ ပြီးတော့ ပစ္စည်းအရေအတွက်နဲ့ငွေရရှိမှုပမာဏနဲ့ကိုက်ညီမှုရောရှိခဲ့ ပါလား။

ရင်းလိုက်တာ ငွေကျပ်နှစ်သိန်းကို တစ်ပတ်အတွင်း ကိုးသောင်းကျော်ဖိုးရောင်းရတယ်။ နောက်တစ်ပတ်ဆို ခြင်း တောင်းထဲကအမြတ်ငွေဟာ သုံးသောင်းအထိ ရှိလာမယ်၊ ပျောက်တာမျိုးမရှိဘူး။ ဒါပေမဲ့ သူငယ်တန်းမှကျတော့ ကလေး တွေကငယ်သေးတော့ မိဘတွေကိုယ်တိုင်အခန်းထဲဝင်ပို့ကြ တော့ ငွေ ၁ဝဝဝနှိုက်သွားတယ်။ ရှစ်တန်းမှာကျတော့ နှစ် ရက်ဆက်တိုက် ၂၅ဝနဲ့ ၃၅ဝပိုနေတယ်။ ဒါကလည်း ကလေး တွေ အတွက်အချက်မှားလို့ပဲဖြစ်မယ်။ နောက်မဖြစ်အောင် ပြောပြထားတယ်။ သူငယ်တန်းကိုလည်း ရှေ့အပတ်ကစပြီး မိဘတွေ အဝင်မခံတော့ပါဘူး။

ဒီထဲကရရှိလာတဲ့အကျိုးအမြတ်တွေကိုရော ဆရာမကြီးတို့ အနေနဲ့ ဘယ်နေရာတွေမှာပြန်လည်အသုံးပြုပါလဲ။

အကျိုးအမြတ်နဲ့ပတ်သက်ပြီး တစ်ခုလောက်ပြောချင် တယ်။ အင်မတန်အရေးကြီးပါတယ်၊ ဒီအစီအစဉ်သာ အောင် မြင်အောင်လုပ်နိုင်ရင် ငွေကြေးအားဖြင့် အမြတ်ရှိပါတယ်။ အခြားလုပ်ကိုင်ချင်တဲ့ကျောင်းတွေက ကျောင်းအုပ်ကြီးအပါ အဝင် ဆရာ၊ဆရာမတွေအနေနဲ့ စီးပွားရေးစိတ်နဲ့ စီးပွားဖြစ် မလုပ်စေချင်ဘူး။ ပစ္စည်းတွေကို ဈေးနှုန်းတတ်နိုင်သမျှ လျှော့ ပြီးရောင်းတာပါ။ ဒီအကျိုးအမြတ်တွေကို ကိုယ်ကျိုးအတွက် မဟုတ်ဘဲ လိုအပ်တဲ့ကျန်းမာရေးကဏ္ဍတွေမှာလှူဒါန်းတယ်။ ကူညီပေးနေတယ်ဆိုတာ ကလေးတွေသိအောင် ရှင်းပြရမယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့စိတ်ထဲမှာရတဲ့အကျိုးအ မြတ်တွေကို ဆရာမကြီးတို့ကိုယ်ကျိုးအတွက် သုံးတယ်လို့ မြင်သွားရင် ဆရာမကြီးတို့လုပ်ထားတာတွေ သဲထဲရေသွန် သလို ဖြစ်သွားနိုင်တယ်။ ဆရာမကြီးကတော့ ကလေးတွေ ကို ချစ်ခြင်းမေတ္တာနဲ့ပဲ အုပ်ချုပ်တာပါ။

'အလေ့အကျင့်ကောင်းကိုဖန်တီးခြင်း'အစီအစဉ်ကိုလုပ်ဖို့ အခြားကျောင်းတွေကဆက်သွယ်တာမျိုးတွေရော ရှိပါလား။

ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးအ တွင်းက ပုဂ္ဂလိကစာသင်ကျောင်းတွေ၊ ဘော်ဒါတွေနဲ့ အစိုးရ ကျောင်းတွေက ဆက်သွယ်တာတွေရှိတယ်။ ဆရာမကြီးအ နေနဲ့ကတော့ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမယ်။ နောက်ပြီး နိုင်ငံခြားကိုရောက်နေကြတဲ့ မြန်မာတွေက လူမှုကွန် ရက်တွေကနေတစ်ဆင့် ဆက်သွယ်ပြီး အကြံÓဏ်တွေပေး တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးတွေရဲ့စိတ်ဓာတ်ပိုင်း နဲ့စာရိတ္တပိုင်းနဲ့ပတ်သက်ပြီး အများကြီးကောင်းမွန်တိုးတက် လာလိမ့်လို့ အပြည့်အဝယုံကြည်ထားပါတယ်။

‪____TheYangonTimes‬
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။