ထိုင်းနိုင်ငံရှိ Assumption University တွင် ပညာသင်ယူရန် ABAC-GSB ပညာသင်ဆုများအတွက် မြန်မာအပါအဝင် အာဆီယံနိုင်ငံမှ ကျောင်းသားများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပညာသင်ဆုအတွက် စီးပွားရေးဘာသာရပ်များဖြစ်သော စီး ပွားရေးစာရင်းအင်းပညာမဟာ ဘွဲ့၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက် ရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့၊ ခရီးသွားလုပ်ငန်းစီးပွားရေးစီမံ ခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့တက် ရောက်လိုသူများ လျှောက်ထား နိုင်သည်။
မဟာဘွဲ့ပညာသင်ဆုသတ် မှတ်ထားသော အရည်အချင်းများ မှာ ဒီဂရီဘွဲ့(သို့မဟုတ်)တူညီ သော အသိအမှတ်ပြုလက်မှတ်၊ ၂ နှစ်အတွင်း အောင်မြင်ထား သော TOEFL အနိမ့်ဆုံးရမှတ် ၅၀၀ (သို့မဟုတ်)IELTS အနိမ့် ဆုံးရမှတ် ၆ ရရှိရန် လိုအပ်သည်။
ပညာသင်ဆုလျှောက်လွှာ များကို ဒီဇင်ဘာ ၁၇ ရက်အထိ နောက်ဆုံးထား လျှောက်ထားနိုင် ပြီး အသေးစိတ် သိရှိလိုပါကwww.grad.au.edu နှင့် www.citycampus.au.edu တို့တွင် လေ့လာနိုင်ကြောင်း သိရသည်။
http://7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။