ကန်ဒေါ်လာလဲနှုန်း ခြောက်ရက်အတွင်း ၂၆ ကျပ်ခန့် ပြန်လည်ကျဆင်း

ငွေလဲကောင်တာတစ်ခုတွင် ငွေလဲလှယ်နေကြစဉ် (ဓာတ်ပုံ − နစ်ကီ)
ဗဟိုဘဏ်မှ နိုင်ငံခြားငွေ လဲနှုန်း လျှော့ချသဖြင့် ပြင်ပဈေး ကွက်တွင် အမေရိကန် တစ်ဒေါ် လာလျှင်၂၆ ကျပ်ခန့် ပြန်လည်ကျဆင်းလာကြောင်း သတင်းရရှိ သည်။
‘‘ဈေးကွက်ထဲမှာတော့ အ ၀ယ်နည်းပြီး အရောင်းပဲများနေ တယ်။ ဈေးထပ်ကျနိုင်တယ်လို့ တချို့မှန်းနေကြတယ်’’ဟု ရွှေဘုံ သာလမ်း၌ ငွေလဲလုပ်ငန်း လုပ် ကိုင်သူတစ်ဦးက ပြောသည်။
ပြင်ပဈေးကွက်တွင် သြဂုတ် ၂၆ ရက်၌ အမေရိကန်တစ်ဒေါ် လာလျှင် ၁,၂၇၈ ကျပ်ဝန်းကျင်ရှိပြီး ဗဟိုဘဏ်မှ သတ်မှတ်သော နှုန်းထားမှာ တစ်ဒေါ်လာလျှင် ၁,၂၇၂ ကျပ် ဖြစ်သည်။
သြဂုတ် ၂၁ ရက်တွင် ဗဟို ဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို တစ်ဒေါ်လာ ၁,၂၈၅ ကျပ်သို့ မြှင့်တင်ချိန်၌ ပြင်ပဈေးကွက် တွင် ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁,၃၀၄ ကျပ် ၀န်းကျင်အထိ မြင့်တက်ခဲ့သည်။
နောက်တစ်နေ့တွင် ပြင်ပ ဈေးကွက်၌ ငွေလဲနှုန်းပြန်လည် ကျဆင်းလာပြီး ဗဟိုဘဏ်သတ် မှတ်နှုန်းထားကိုလည်း ပြန်လည် လျှော့ချခဲ့သည်။
လက်ရှိ ပြည်တွင်းငွေလဲနှုန်း သည် ဗဟိုဘဏ်ပေါ်တွင်မူတည် ပြီး ဗဟိုဘဏ်က သတ်မှတ်နှုန်း ထားအပြောင်းအလဲ လုပ်ချိန်၌ ပြင်ပငွေလဲနှုန်းသည် အတက်အ ကျဖြစ်နေကြောင်း မြန်မာ့ ရှေ့ ဆောင်ဘဏ်မှ အကြီးတန်းအရာ ရှိတစ်ဦးက ပြောသည်။
ပြည်တွင်း၌ ငွေလဲနှုန်းပြန် လည်ကျဆင်းချိန်တွင် ရွှေဈေးမှာ လည်း ခြောက်ရက်အတွင်း ကျပ် ၆,၀၀၀ ၀န်းကျင် ပြန်လည်ကျဆင်းလာသည်။ သြဂုတ် ၂၀ ရက်တွင် ၇၇၅,၀၀၀ ကျပ်ခန့်ရှိရာ သြဂုတ် ၂၆ ရက်၌ ၇၆၆,၀၀၀ ကျပ်သို့ ပြန်လည်ကျဆင်းလာသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။