အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဇော်ဇော် ဈေးကွက်ရှာဖွေရေးကဏ္ဍကို အဓိကလုပ်ဆောင်မည်

ဓာတ်ပုံ - MFF
အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးဇော်ဇော်သည် အာဆီယံဘောလုံးအဖွဲ့ချုပ်တွင် အချိန်ပိုင်းသာ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ဈေးကွက်ရှာဖွေရေးကဏ္ဍကို အဓိက   လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ 

သြဂုတ် ၂၂ရက်က ရန်ကုန် မြို့ နိုဗိုတယ်မက်စ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်အ စည်းအဝေး၌ အာဆီယံဘောလုံး အဖွဲ့ချုပ်အမှုဆောင်အဖွဲ့ကို ပြန် လည်ရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော် ဇော်က ဒုတိယဥက္ကဋ္ဌအဖြစ် ရွေး ချယ်ခံခဲ့ရသည်။ လက်ရှိအာဆီယံ အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ဆန္ဒအရ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော်လည်း အချိန်ပိုင်းသာတာဝန်ယူရမည်ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောသည်။ 
 ‘‘မြန်မာ့ဘောလုံးလောက တိုးတက်ဖို့အတွက်  အများကြီး လုပ်ရဦးမယ်။ နိုင်ငံတကာမှာ တာဝန်ယူချင်တယ်ဆိုရင် အာဆီယံမှမဟုတ်ဘူး။ အာရှအဖွဲ့ချုပ်မှာပါ လုပ်လို့ရတယ်။ဒါပေမဲ့ မြန်မာ့ဘောလုံးတိုးတက်ဖို့အတွက် ဦးစားပေးစဉ်းစားတဲ့အခါ  ဒါတွေမလုပ်ခဲ့တာ  ဥက္ကဋ္ဌရဲ့ဆန္ဒကြောင့် ဒုဥက္ကဋ္ဌ တာဝန်ကိုယူခဲ့တာပါ။ အခုလက်ရှိလုပ်နေတဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်လုပ်ငန်းတွေထဲက အချိန်၁၀ ရာခိုင်နှုန်း လောက်ပဲ ပေးရမယ်။ အဓိက တာဝန်ယူထားတာကတော့ ဈေးကွက်ရှာဖွေရေးအတွက်ပါ’’ဟု ဦးဇော်ဇော်က ပြောသည်။ 
သို့သော် ဦးဇော်ဇော်အနေ ဖြင့် လာမည့်စက်တင်ဘာတွင် ပြု လုပ်မည့် မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲ၌မူ ၀င်ရောက်ယှဉ်ပြိုင်ရန် မဆုံးဖြတ် ရသေးကြောင်းဆိုသည်။ 
 အာဆီယံဘောလုံးအဖွဲ့ချုပ် ကို အသစ်ပြန်လည်ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌအဖြစ်လက်ရှိဥက္ကဋ္ဌ မလေး ရှားနိုင်ငံသား Sultan Haji Ahmad က ရွေးချယ်ခံခဲ့ရပြီး ဒုဥက္ကဋ္ဌလေးဦးရွေးချယ်ရာတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှဦးဇော်ဇော်ပါဝင်ခဲ့ခြင်းဖြစ်သည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။