စက်တင်ဘာ ပထမပတ်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်၍ တိုင်းဒေသကြီးအချို့ မိုးပိုမိုရွာနိုင်

စက်တင်ဘာ ပထမ ပတ်အတွင်း ဘင်္ဂလားပင်လယ် အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်ကာ မုန်တိုင်းငယ် အဆင့်ထိရောက်လာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကသတင်း ထုတ်ပြန် ထားသည်။
စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ မိုးလေဝသခန့်မှန်းချက် အရ ယင်းကဲ့သို့ သတင်းထုတ်ပြန် ထားခြင်းဖြစ်ပြီး လက်ရှိ မိုးကောင်းနေသည့် ချင်းပြည်နယ်နှင့် စစ် ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက်ပိုမိုဆိုးရွားနိုင်သည်ဟု ခန့်မှန်းထားသည်။
အနောက်တောင်မုတ်သုံ လေသည် စက်တင်ဘာ ၁၁ မှ ၁၆ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ဆုတ်ခွာကာ စက်တင်ဘာ ၁၇ မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ ထိုမှတစ်ဆင့် စက်တင်ဘာ၂၃ မှ ၂၇ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားဖွယ်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောကြားသည်။

 ‘‘မုတ်သုံလေဆုတ်တဲ့ ကာလမှာ လေထုမတည်မငြိမ်ဖြစ် ပြီး မိုးကြိုးပစ်တာတွေ၊ လေပြင်း ကျတာတွေဖြစ်တတ်တဲ့ မိုးတိမ် တောင်အန္တရာယ်တော့ သတိပြု ရမယ့်အချိန်ပါ’’ဟု ဦးကျော်မိုးဦး ကပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ငဝန်မြစ်ရေ မြင့်တက်နေပြီး ငါးသိုင်းချောင်း မြို့၏ စိုးရိမ်ရေမှတ်အထက်သို့ လာမည့်နှစ်ရက်အတွင်း မြင့်တက် လာနိုင်ဖွယ်ရှိသည်ဟု မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထား သည်။ သြဂုတ် ၂၉ ရက်နေ့လယ်တိုင်းတာချက်အရ စိုးရိမ်ရေ မှတ်သို့ရောက်ရန် ပေဝက်ခန့်သာ လိုတော့ပြီး မြစ်ကမ်းနံဘေးတစ် လျှောက် မြေနိမ့်ပိုင်းနေထိုင်သူ များ သတိပြုရန်လိုအပ်သည်ဟု သတိပေးထားသည်။
သြဂုတ်လဆန်းက ငဝန်မြစ် ရေမြင့်တက်မှုကြောင့် ငါးသိုင်း ချောင်းမြို့နှင့် အနီးဝန်းကျင်မြို့များ ရေနစ်မြုပ်မှုရင်ဆိုင်ခဲ့ရပြီး လူဦးရေ သောင်းချီရေဘေးသင့်ခဲ့ ကာ ပြန်လည်ထူထောင်ရေးလုပ် ငန်းများ လုပ်ဆောင်နေရဆဲဖြစ် သည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။