ကလေးမွေးစားဖို့ အကြံဉာဏ် ရယူနေတဲ့ ဂျနီဖာအန်နစ္စတန်

 ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျနီဖာ အန်နစ္စတန်သည် မိတ်ဆွေများဖြစ်သော ရှယ်ရိုးခရိုးနှင့် ရှာလိဇ်သရွန်တို့ထံမှ ကလေးမွေးစား သည့်အကြံဉာဏ်များရယူနေ သည်ဟု Look မဂ္ဂဇင်းကဖော်ပြ သည်။
ဂျနီဖာအန်နစ္စတန်နှင့်ခင်ပွန်းဖြစ်သူ ဂျက်စတင်သရူးတို့သည် ကလေးမွေးစားရန် စိတ်အား ထက်သန်နေ၍ ကလေးများမွေး စားထားသော မိတ်ဆွေများထံမှ အကြံဉာဏ်များရယူနေသည်ဟု သတင်းရင်းမြစ်တစ်ခုက Look မဂ္ဂဇင်းအားပြောသည်။
‘‘ရှာလိဇ်နဲ့ ရှယ်ရိုးတို့က ဂျန့် အတွက် ဆွေးနွေးတိုင်ပင်ဖို့ အကောင်းဆုံးတွေပဲ။ သူတို့ရဲ့ ကလေးတွေက ငယ်သေးတယ်။ သူတို့နှစ်ဦးစလုံးက ကလေးမွေး စားတဲ့အတွေ့အကြုံရှိဖူးတော့ ဂျန့်အနေနဲ့ ဘယ်လိုတွေတွေ့ကြုံ ရမယ်ဆိုတာကို သူတို့တွေ ကောင်းကောင်းနားလည်တယ်’’ ဟု သတင်းရင်းမြစ်ကပြောကြား ခဲ့သည်။
အသက် (၄၆)နှစ်အရွယ်ရှိ ဂျနီဖာအန်နစ္စတန်သည် သရုပ် ဆောင်မင်းသမီး ရှာလိဇ်သရွန်ထံ မှရရှိသော အကြံဉာဏ်များနှင့် လမ်းညွှန်မှုများကို အထူးကျေးဇူး တင်နေသည်ဟုသိရသည်။ ရှာလိဇ်သရွန်သည်ကလေး နှစ်ဦးမွေးစားဖူးသောအတွေ့အကြုံရှိ သည်။
‘‘ရှာလိဇ်က ဂျန့်အနေနဲ့ ကလေးမွေးစားမယ်ဆိုရင် မဆုံး နိုင်တဲ့အင်တာဗျူးတွေ မျှော်မှန်း ထားဖို့ ပြောထားပါတယ်’’ဟု အဆိုပါသတင်းရင်းမြစ်ကဆို သည်။ဂျနီဖာအန်နစ္စတန်တို့ ဇနီး မောင်နှံသည် လက်ရှိတွင် ရိုက်ကူးရေးများမရှိဘဲ အားလပ်နေ၍ မိသားစုတစ်စုစတင်ရန် အချိန်ကောင်းဖြစ်သည်ဟုသိရသည်။ ဂျနီဖာအန်နစ္စတန်နှင့် ဂျက်စတင်သရူးတို့စုံတွဲသည် သြဂုတ် ၅ရက်တွင် ရင်းနှီးသောမိတ်ဆွေများကိုသာဖိတ်၍  တိတ်တဆိတ် လက်ထပ်ခဲ့ကြသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။