အနည်းဆုံးအခကြေးငွေနှုန်းထားကြောင့် လုပ်သားအင်အားလျှော့ချဖွယ်ရှိ

လုပ်ငန်းခွင်မှ ပြန်လာသောစက်ရုံဝန်ထမ်းများ/ဓာတ်ပုံ - နစ်ကီ
အနည်းဆုံးအခကြေးငွေအတည်ပြုသတ်မှတ်ပြီးပါက လုပ်ငန်းခွင်အချို့မှ လုပ်သားအင်အား လျှော့ချနိုင်သည့် အနေအထားရှိ နေကြောင်း သတင်းရရှိသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်မည့် နှုန်းထားမှာအလုပ် ရှင်များ လုပ်ငန်းရပ်တည်နိုင်မှုအတွက် စိန်ခေါ်မှုသဖွယ်ဖြစ်နေပြီး တိုးမြင့်လာမည့်လုပ်ခလစာနှင့် ၀င်ငွေကွာဟမှုနည်းပါးစေရန် အ ခြေခံလုပ်သားအချို့ကို လျှော့ချ ရန် အလုပ်ရှင်အချို့က လျာထား မှုများရှိနေသည်ဟု အလုပ်သမား ရေးရာ ကူညီဆောင်ရွက်နေသူ များကဆိုသည်။
‘‘ကျွမ်းကျင်မှုမရှိတဲ့လုပ်သား တွေအနေနဲ့ အဲဒီအချိန်မှာလူလျှော့ ခံရမယ့် အန္တရာယ်ရှိနေတယ်။ ဒါ နဲ့ဆက်စပ်လို့ လုပ်ငန်းအမျိုးအစားအလိုက် ကျွမ်းကျင်မှုလက်မှတ်တွေ ထုတ်ပေးနိုင်ဖို့လိုအပ်လာ တယ်’’ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MTUF)ဥက္ကဋ္ဌဦးအောင်လင်းကပြောသည်။
အနည်းဆုံးအခကြေးငွေကို ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေ ညာမည်ဖြစ်ပြီးလာမည့်လမှစတင် ၍အလုပ်သမားများ စတင်အကျုံးဝင်ခံစားခွင့်ရရှိမည်ဖြစ်သည်။
စက်ရုံအချို့တွင် လုပ်သားအင်အားလျှော့ချရန်ရှိနေသည်ဟု သတင်းများထွက်နေခြင်းကြောင့် ကျွမ်းကျင်အဆင့် မရောက်သေးသော လုပ်သားအချို့မှာ လျှော့ချမည့်အထဲ ပါဝင်မည်ကို စိုးရိမ်နေသည်ဟု လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားခေါင်းဆောင် မသန္တာကပြောသည်။
တစ်ရက်လျှင်လုပ်ခနှုန်းထား မှာ ကျပ် ၃,၆၀၀ ဖြစ်နိုင်ခြေများနေ ပြီး   ယင်းပမာဏအတိုင်းပေးနိုင်ရန် အခက်အခဲရှိနေသည့်အတွက် အချို့လုပ်ငန်းရှင်များက ငွေအပိုကုန်ကျနိုင်မည့်နည်းများ ဖြတ်တောက်ရန် စီစဉ်နေသည်ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
‘‘အသိလုပ်ငန်းရှင်တချို့က တော့ အလုပ်သမားအင်အားအ ပြင် အပိုငွေကုန်ကျမှုရှိတဲ့ လုပ်ငန်းခွင်က အခြေအနေကို စိစစ်နေ ကြပြီ။ အလုပ်သမားတချို့တလေ တော့ ပါကောင်းပါနိုင်တယ်။ ကျွန်တော်ကတော့ လုပ်နိုင်သ လောက်တော့ ဆက်လုပ်သွားမှာ ပါ’’ဟု အမည်မဖော်လိုသူအထည် ချုပ်လုပ်ငန်းရှင်တစ်ဦးကပြော သည်။
ယခင်ကအနည်းဆုံးလုပ်ခ လစာနှုန်းထားကို အလုပ်ရှင်များ တောင်းဆိုသည့်နှုန်းထားသတ် မှတ်ပေးနိုင်ခြင်းမရှိပါက စက်တင်ဘာမှစတင်ကာ စက်ရုံများပိတ်သိမ်းမည်ဟု ပြည်ပလုပ်ငန်းရှင်များက အစိုးရသို့ ဖိအားပေးပြောကြားခဲ့သည်အထိ ရှိခဲ့သည်။
သို့သော် အနည်းဆုံးအခ ကြေးငွေအတည်ပြုနှုန်းထားထုတ် ပြန်ရန် အချိန်နီးကပ်လာသည်အ ထိ ယင်းနှုန်းထားကြောင့် လုပ်ငန်း ပိတ်သိမ်းမည်ဟု တရားဝင်တင်ပြ လျှောက်ထားသော စက်ရုံမရှိသေး ကြောင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကပြောကြားသည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။