၁။ ဥက္ကဋ္ဌ- ဦးစောသာထူးကျော်။
၂။ ပါတီဝင်အရေအတွက် - ၅,၀၀၀ ကျော်။
၃။ မဲဆန္ဒနယ် - ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် စသည့်ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ်ကိုးခုတွင် ဝင်ပြိုင်မည်။
၎။ ပါတီမူဝါဒ - ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီအကောင်အထည်ဖော်ရေးနှင့်အတူ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရမည်။
၅။ ဆောင်ပုဒ် - ပါတီမူဝါဒအတိုင်းဖြစ်သည်။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ဘွဲ့ရပုဂ္ဂိုလ်များ၊ အငြိမ်းစားများနှင့် သက်ဆိုင်ရာဒေသမှ
ဒေသခံများကို ဦးစားပေးဝင်ပြိုင်စေမည်။
ဒေသခံများကို ဦးစားပေးဝင်ပြိုင်စေမည်။
၇။ ပါတီရန်ပုံငွေ− ၂၀၁၀ ရွေးကောက်ပွဲတွင်ရရှိခဲ့သည့် ရန်ပုံငွေကို သက်သာသောငွေတိုးဖြင့်ချေးပေးပြီး စုဆောင်းထားရှိခဲ့သည့်ငွေဖြင့် ကိုယ်စားလှယ်လောင်းများအား တတ်နိုင်သလောက်ထောက်ပံ့ယှဉ်ပြိုင်စေမည်။
၈။ ပါတီနောက်ခံသမိုင်း- ယခင် ဒီကေဘီအေမှ အခြေခံပြီး BGF (နယ်ခြားစောင့်တပ်)ဖွဲ့စည်းသောအခါ တပ်ဖွဲ့တွင်းမှ အသက်အရွယ်ကြီးသူများက နိုင်ငံရေးပါတီထူ ထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
ကျွန်တော်တို့အနေနဲ့ အများလိုလားနေတဲ့ လွှတ်တော်အတွင်းက ၂၅ ရာခိုင်နှုန်းကို ပြင်ဆင်သင့်တယ်ဆိုတဲ့အချက်ကို လက်ခံပြီး အဲဒီ အတွက် ပါဝင်ကန့်ကွက်သွားနိုင်ပါတယ်။ အများစုက ပြည်နယ်အဆင့် ဝင်ပြိုင်မှာဖြစ်လို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်စွမ်းဆောင်ဖို့တော့ အခက် အခဲရှိတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ပါတီကနှစ် ဦး လွှတ်တော်ထဲရောက်တယ်။ အဲဒီမှာလည်း ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး တစ်တပ်တစ်အားပါဝင်လုပ်ဆောင်နိုင်ခဲ့တယ်။ အခုနေ လွှတ်တော်ထဲ ထပ်ရောက်ခဲ့ရင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို အကောင်းဆုံးလုပ် ဆောင်နိုင်မှာပါ။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လူထုကိုအခြေခံပြီးလုပ်သွားရမယ့် ကိစ္စဖြစ်ပါတယ်။ အားလုံးကလည်း ငြိမ်းချမ်းရေးကို အမှန်လိုလားနေ ကြတယ်။ ဒါပေမဲ့ ယုံကြည်မှုအပိုင်းအားနည်းပြီး သံသယတွေနဲ့ကြည့် နေကြလို့ ခက်ခဲမှုရှိနေတာလို့ထင်တယ်။ သူတို့တွေတစ်ယောက်ကိုတစ် ယောက် ယုံကြည်မှုတွေရအောင် ကျွန်တော်တို့အနေနဲ့ စေ့စပ်ညှိနှိုင်းပေး နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ကျွန်တော်တို့ပါတီက ငွေရေးကြေးရေးအခက်အခဲရှိနေတော့ ပြည်သူတွေကို ငွေအားဖြင့်ထောက်ပံ့ကူညီဖို့ အခက်အခဲရှိတယ်။ ဒါပေမဲ့ ပြည်သူတွေ စီးပွားရေးအပိုင်းဖွံ့ဖြိုးဖို့ ငွေရေးကြေးရေးအခက် အခဲမရှိရအောင် အကြံဉာဏ်တွေပေးပြီး ကူညီမှုတွေတော့လုပ်ပေးနိုင် ပါလိမ့်မယ်။

ပြည်သူတွေက ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို ဘာကြောင့် မဲပေးသင့်သလဲ။
ကျွန်တော်တို့ပါတီက ကရင်ပြည်နယ်မှာ အုတ်တစ်ချပ်သဲတစ်ပွင့် အနေနဲ့ အမြဲပါဝင်လုပ်ဆောင်နေခဲ့တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ငြိမ်းချမ်း ရေးအတွက်လည်း လုပ်ဆောင်နေပါတယ်။ လွှတ်တော်ထဲရောက်ရင် ဒီထက်ပိုပြီးလုပ်ဆောင်သွားနိုင်မှာဖြစ်လို့ ကျွန်တော်တို့ပါတီကို ပြည်သူတွေမဲပေးကြပါလို့ ပြောချင်ပါတယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
အားလုံးလိုလားနေတဲ့အတိုင်းပေါ့။ တိုင်းပြည်အပေါ် တကယ်ချစ် ပြီး တိုင်းပြည်အကျိုးသယ်ပိုးလိုတဲ့သူမျိုးပါပဲ။ ပြည်သူလူထုကလည်း ထောက်ခံလိုလားမှုရှိရမယ်။ ဘက်စုံမှာအရည်အချင်းပြည့်မီတဲ့သူမျိုး ကိုပဲလိုချင်ပါတယ်။

အသက် - (၇၀) နှစ်
ပညာအရည်အချင်း -အခြေခံပညာအထက်တန်းအဆင့်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ - တောတွင်းလက်နက်ကိုင်အတွေ့ အကြုံများဖြင့် ဖြတ်သန်းခဲ့ပြီး နိုင်ငံရေးလောကသို့ ၂၀၁၀ တွင် ပါတီတည်ထောင်ခဲ့ဝင်ရောက်သည်။ ဥက္ကဋ္ဌအနေဖြင့် အသက်အရွယ်ကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုလုပ်သော်လည်း ပါတီကို ဦးဆောင်၍ ကျန်ပါတီဝင်များ ဝင်ရောက်နိုင်ရန်ကူညီပေးနေသည်။
လက်ရှိအလုပ်အကိုင် - ပါတီဥက္ကဋ္ဌ။
စံပြပုဂ္ဂိုလ် - ဗိုလ်ချုပ်အောင်ဆန်း။
ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ် - ၀၉-၈၆၂၈၀၈၅။
http://7daydaily.com/election-2015/party
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။