နယ်ကျွံတောဆင်ရိုင်း ခြောက်ကောင်အနက် ညောင်ဦးနယ်အတွင်း ကျန်ရစ်ခဲ့သော ဆင်ငယ်တစ်ကောင်အား သြဂုတ် ၂၈ ရက် နံနက် ၁၀ နာရီဝန်းကျင် အချိန်က ညောင်ဦးမြို့၏တောင်ဘက် စုတည်ကျေးရွာ အနောက်မြောက် တစ်မိုင်ခန့်အကွာ လက်ယက်တဲတိုက်အနီး သဲချောင်းအတွင်း၌ ဆင်ဦးစီးဦး ကျော်ဝင်းလှိုင်နှင့်အဖွဲ့က မေ့ဆေးသေနတ်ဖြင့်ပစ်၍ ဖမ်းဆီးနိုင်ကြောင်း သတင်းရရှိပါသည်။
“ဆင်က အထီးဟန်ပေါ့။ အစွယ်တိုလေးပါတယ်။ အသက်လေးနှစ်ခွဲလောက် ရှိပါတယ်။ အခက်အခဲမရှိ ဖမ်းဆီးနိုင်ပါတယ်။ ဆင်လည်း ကျန်းမာပါတယ်” ဟု ဆင်ဦးစီး ဦးကျော်ဝင်းလှိုင်က ပြောကြားသည်။
အဆိုပါဆင်အား ကွန်ဂျီဆင်နှစ်ကောင်ဖြင့် ထိန်းထားပြီး ဆင်ဆရာဝန်အဖွဲ့က ဆင်၏ကျန်းမာရေးအတွက် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။ ညောင်ဦးနယ်အ

news-eleven.com
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။