ကျောက်ဖြူမြို့ ငလပွေ့လမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်မိ

သြဂုတ်လ ၂၃
ကျောက်ဖြူ  (Kyaukphru Youths Net ဝိုင်းတော်သားများ)

ယနေ့ သြဂုတ်လ ၂၃ ရက် တနင်္ဂနွေနေ့ (၅) နာရီ (၄၅)မိနစ်အချိန်တွင် ကျောက်ဖြူမြို့ ငလပွေ့လမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်မိကြောင်း သတင်းရရှိသည်။

  ကျောက်ဖြူမြို့ ငလပွေ့လမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်မိသည့်မြင်ကွင်း ။ ဓာတ်ပုံ  - Nay Soe Khine 

ကိုးရီးယားကုမ္ပဏီပိုင် ကားတစ်စီးမှ ဦးဝေကျော်ခင်စီးနှင်းလာသောဆိုင်ကယ်ကို ကျော်တက်ရာတွင် ကားနောက်ပိုင်းဖြင့်တိုက်မိခြင်းဖြစ်ပြီး၊ အတိုက်ခံရသူ ဦးဝေကျော်ခင်မှာ ဦးခေါင်းတွင်ဒဏ်ရာရှိသွားခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှူးနှင့်ပတ်သက်၍ မျက်မြင်သက်သေတစ်ဦးမှ "ဦးဝေကျော်ခင် ဆိုင်ကယ်စီးလာတာကို ကိုးရီးယားကုမ္ပဏီတစ်ခုကကားက ကျော်တက်တယ်။ အဲဒီမှာ ကားနောက်ဖက်နဲ့တိုက်သွားတာ။ အတိုက်ခံရသူကတော့ နောက်စေ့မှာ ဒဏ်ရာရသွားတယ်။ ပြီးတော့ သူ့ကို ဆေးရုံသို့အမြန်ပို့လိုက်ကြတယ်။ ကားဒရိုင်ဘာကတော့ ဗမာပြည်ကနေ ဒီမှာလာပြီး အလုပ်လုပ်နေတဲ့သူပါ" ဟု Kyaukphru Youths Net သို့ပြောကြားသွားသည်။

ကျောက်ဖြူမြို့တွင် ရွှေဂက်စ်စီမံကိန်းစကတည်း နိုင်ငံခြားသားများ ပြည်မမှအလုပ်သမားများ လာရောက်လုပ်ကိုင်နေကြပြီး၊ ဒေသခံတို့နှင့် ပြဿနာတစ်ခုဖြစ်တိုင်း အာဏာပိုင်များမှ ပြေပြေလည်လည်ဖြေရှင်းမှုမရှိဘဲ တိုင်းတစ်ပါးသားများကိုသာ မျက်နှာချိုသွေးလေ့ရှိကြသည်။

ယခုယဉ်တိုက်မှုနှင့်ပတ်သက်၍ ဒေသခံများမှ ထိရောက်စွာအရေးယူပေးချင်ကြောင်း ပြောဆိုနေကြသည်။


 ကျောက်ဖြူမြို့ ငလပွေ့လမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်မိသည့်မြင်ကွင်း ။ ဓာတ်ပုံ  - Nay Soe Khine 

 ကျောက်ဖြူမြို့ ငလပွေ့လမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်မိသည့်မြင်ကွင်း ။ ဓာတ်ပုံ  - Nay Soe Khine 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။