
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ ဆက်သွန် ဆိပ်ခံတံတားတွင် ဩဂုတ် ၁၈ ရက်က အသေးစား ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သတင်းရရှိသည်။
ဘန်ကောက်ရှိ ဧရာဝဏ် လေးမျက်နှာ ဟိန္ဒူ ဘုရားကျောင်းတွင် လူ ၂၀ ကျော် သေဆုံးပြီး ၁၀၈ ဦးထက်မနည်း သေဆုံးသည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ နောက်တစ်ကြိမ် ဗုံးကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
ဒေသစံတော်ချိန် နေ့လယ် (၁း၂၀) နာရီဝန်းကျင်တွင် ဆက်သွန် ဆိပ်ခံတံတားအနီး ရေထဲသို့ လူတစ်ဦး ပစ်ချလိုက်သည်ဟု ယူဆရသည့် ဗုံးတစ်လုံး ကျသွားပြီး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေး ကင်မရာ မှတ်တမ်းများတွင် ဗုံးပေါက်ကွဲမှုကြောင့် ရေများ အရှိန်ပြင်းစွာ လွင့်ထွက်လာပြီး တံတားပေါ်မှ လူအများ ကြောက်လန့်တကြား ဆင်းပြေးကြသည်ကို တွေ့ရှိရသည်။
အခင်းဖြစ်ပွားပြီးနောက် အနီးရှိ ဆက်သွန်လမ်းကို ရဲများက ပိတ်ထားလိုက်သော်လည်း ဆိပ်ခံတံတားကိုမူ ဖွင့်ထားဆဲဟု ဆိုသည်။ ထို့အပြင် ရေငုပ်သမားများသည် ရေထဲဆင်းပြီး ဖောက်ခွဲရေး ကိရိယာ၏ အစအန ပစ္စည်းများကို ရှာဖွေနေကြောင်း သိရှိရသည်။
ယခုပေါက်ကွဲမှု ဖြစ်ပွားရာ ဆက်သွန် ဆိပ်ခံတံတားသည်လည်း ယခင်ဗုံးပေါက်သည့် အီရာဝမ် ဘုရားကျောင်းကဲ့သို့ပင် ကမ္ဘာလှည့် ခရီးသည် အများစု လာရောက်လည်ပတ်သည့် နေရာတစ်ခု ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
_Ref: Bangkokpost
____7Day News Journal
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။