အောင်သူကို ပြည်ပကလပ်များ ကမ်းလှမ်းမှုမရှိသေး

၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယူကရိန်းအသင်းကစားသမားကို ကျော်ဖြတ်ရန် ကြိုးစားနေသည့် မြန်မာတိုက်စစ်မှူးအောင်သူ/ဓာတ်ပုံ - MFF
၂၀၁၄ အာဆီယံလူငယ်အကောင်းဆုံးရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူက ပြည်ပထွက်ကစားရန် ဆန္ဒရှိသော်လည်း ပြည်ပ ကလပ်အသင်းများမှ ကမ်းလှမ်းမှုမရှိသေးကြောင်း သတင်းရရှိသည်။

 ‘‘ပြည်ပထွက်ကစားဖို့  အတွက်  ဆန္ဒရှိပါတယ်။   ဒါပေမဲ့ ကမ်းလှမ်းမှုမရှိတဲ့အခါ ကစားချင် တယ်ပြောလည်း  အလကားပဲ။ ပြည်တွင်းက  ကစားသမားတွေ ပြည်ပထွက်ကစားတဲ့သူနည်း တော့  ပြည်ပကလပ်တွေကလည်း ကမ်းလှမ်းမှုမရှိဘူး။ အဖွဲ့ချုပ်ကို တောင်းဆိုချင်ပါတယ်။  ပြည်ပ ကလပ်တွေနဲ့ချိတ်ဆက်ပေးဖို့ အတွက်။ ဒါမှ ပြည်တွင်းကစားသမားတွေအတွက် လမ်းပွင့်သွားမှာ’’ဟုအောင်သူကပြောသည်။
မြန်မာ ယူ-၁၉၊ မြန်မာ ယူ- ၂၀ အသင်းတို့နှင့် အောင်မြင်မှု ရရှိခဲ့သည့် မြန်မာ့ဘောလုံး အကယ်ဒမီ(မန္တလေး)ထွက် အောင်သူသည်ဗီယက်နမ်ကစား သမားငုယင်ခုန်ဖောင်နှင့်အသင်းဖော်ကျော်မင်းဦးတို့ကိုကျော်ဖြတ်ကာ အာဆီယံလူငယ်အကောင်းဆုံးဆုကိုရရှိခဲ့ခြင်းဖြစ်သည်။
 ယူ-၂၀ ကမ္ဘာ့ဖလားတွင် ပြိုင်ဘက်အသင်းများကို အလုပ်ရှုပ်စေခဲ့ပြီး အာရှမက်ဆီဟုတင်စားခေါ်ဝေါ်ခြင်းခံခဲ့ရသည့်  အသက် (၁၉)နှစ်အရွယ် မြန်မာလူငယ်တိုက်စစ်မှူးအောင်သူကို ပြည်ပကလပ်အသင်းများက ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တရားဝင်ကမ်းလှမ်းမှုမရှိသေးပေ။
အောင်သူသည် မိခင်ကလပ် ရတနာပုံအသင်းနှင့် ၂၀၁၅ နှစ် ကုန်တွင် စာချုပ်သက်တမ်းကုန် ဆုံးမည်ဖြစ်ပြီး ရတနာပုံအသင်းက စာချုပ်သက်တမ်းတိုးရန်  ကမ်း လှမ်းမှုမရှိသေးကြောင်း၊  စာချုပ် သက်တမ်းမတိုးဖြစ်ပါက  နေရှင် နယ်လိဂ်မည်သည့်ကလပ်တွင် ကစားမည်ကို မဆုံးဖြတ်ရသေး ကြောင်း ၎င်းကပြောသည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။