သံတွဲ၊ သြဂုတ် ၂၅

သံတွဲမြို့ ဒွါရာဝတီ မြို့မဈေးရှိ လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအမျိုးမျိုးရောင်းဝယ်ရေး ဆိုင်ခန်း ဖောက်ထွင်း ခိုးယူခံရသဖြင့် ကျပ်ငွေ ၁၂၅၈၅၀၀ ဖိုးဆုံးရှုံးခဲ့သည်ဟု သိရသည်။
ဖောက်ထွင်း ခိုးယူခြင်းခံရသော ဆိုင်ခန်းမှာ ဒွါရာဝတီ မြို့မဈေး ဘုရင့်နောင်လမ်းဘက် အခြမ်းရှိ ဒေါ်ယမုံလွင်ပိုင် အောင်သော်တာ လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအမျိုးမျိုးရောင်းဝယ်ရေး ဆိုင်ခန်းဖြစ်ကြောင်း သိရသည်။
သြဂုတ်လ၂၃နေ့မ နက်ပိုင်းတွင် ဆိုင်ခန်းအမှတ် ၁၀/၁၁အနီး အလယ်ပေါက် လမ်းပေါ်ရှိ ဆိုင်မျက်နှာကျက် ပွင့်နေကြောင်း စည်ပင် ညစောင့် ဦးရဲမြင့် ဖုန်းဆက်အကြောင်းးကြားရာမှ သိရှိရခြင်းဖြစ်သည်ဟု ဆိုင်ပိုင်ရှင်က ဆိုသည်။
ဆိုင်ခန်းအား ဒေါ်ယမုံလွင်မှ ဖွင့်၍ ကြည့်ရှု စစ်ဆေးရာ ဆိုင်ခန်း အတွင်းရှိ ပစ္စည်းများ ဖရိုဖရဲဖြစ်နေပြီး ဆိုင်ထဲရှိ ဖုံးများ ပျောက်ဆုံးနေသည်ဟု ဆိုသည်။
ပျောက်ဆုံးပစ္စည်းများမှာ OPPO အမျိုးအစား ဟန်းဆက် ၃လုံး၊ HUAWEI အမျိုးအစားဟန်းဆက် ၃လုံး၊ NICRO အမျိုးအစားဟန်းဆက်၂လုံး၊ HONORအမျိုးအစားဟန်းဆက် ၁လုံး၊ Takbet အမျိုးအစား ဟန်းဆက် ၁လုံးနှင့် OPPO အမျိုးအစား ဟန်းဆက် ကာဗာ တစ်ခု တို့ ဖြစ်ကြောင်း ဒေါ်ယမုံလွင်က ပြောသည်။ ယင်းပစ္စည်းများ၏ တန်ဖိုးမှာ ကျပ် ၁၂၅၈၅၀၀ ဖိုးရှိသည်ဟု ဆိုသည်။
ဖောက်ထွင်း ခိုးယူမှုအား သြဂုတ်လ ၂၃ရက် မနက်၁၁ နာရီတွင် ဒေါ်ယမုံလွင်မှ တရား လိုပြုလုပ် တိုင်တန်းခဲ့ပြီး သံတွဲမြို့မရဲစခန်းမှ (ပ)၁၁၀/၂၀၁၅ ပြစ်မှုပုဒ်မ၃၈၀ ဖြင့် အမှုဖွင့်ကာ အမှုအား ဒုရဲအုပ်ဖြိုးဝေထွန်းမှ လက်ခံ၍ တရားခံဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သတင်းရရှိသည်။
____Narinjara
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။