နိုင်ငံခြားငွေဖြင့် ၀န်ဆောင်မှုနှင့်ကုန်ပစ္စည်းရောင်းချမှုများကို အရေးယူမည်ဟုဆို

 ပြည်တွင်း၌ အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်မှုကို လျှော့ချရန် ကုန်ပစ္စည်းများ၊ ၀န် ဆောင်မှုများအား နိုင်ငံခြားငွေဖြင့်ရောင်းချမှုကို အရေးယူရန်စီစဉ် နေကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် မှ သတင်းရရှိသည်။
‘‘ပြည်တွင်းမှာရောင်းဝယ်မှု တွေကို နိုင်ငံခြားငွေမသုံးဘဲ ကျပ် ငွေသာသုံးဖို့ ညွှန်ကြားချက်က ထုတ်ထားပြီးသားပါ။ အခုက အ ရေးယူမှုနဲ့ပတ်သက်ပြီး စီစဉ်နေ တာပါ’’ဟု မြန်မာနိုင်ငံဗဟိုဘဏ် နှင့်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး  ဦးဝင်း သော်ကပြောသည်။
ပြည်တွင်း၌ ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများကို နိုင်ငံခြားငွေ ဖြင့် ရောင်းဝယ်နေမှုသည် အမေ ရိကန်ဒေါ်လာအပါအ၀င် သက် ဆိုင်ရာ နိုင်ငံခြားငွေလိုအပ်ချက် ကို မြင့်တက်လာစေပြီး တိုင်းပြည် ငွေကြေးတန်ဖိုးကျဆင်းစေသဖြင့် သုံးစွဲမှုကိုတားဆီးခြင်းဖြစ်သည် ဟုဆိုသည်။
ပြည်တွင်း၌ ဟိုတယ်များ၊ အရောင်းဆိုင်များ၊ လေကြောင်း ပို့ဆောင်ရေးကဏ္ဍစသည်တို့တွင် အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေဖြင့် ရောင်းချမှုကိုသာ အရေးယူမည်ဖြစ်ပြီး ၀ယ်ယူသူ များကို    အရေးယူမည်မဟုတ် ကြောင်း သိရသည်။
လက်ရှိတွင် အာဆီယံအဖွဲ့ ၀င်နိုင်ငံတစ်ခုဖြစ်သော အင်ဒိုနီး ရှားနိုင်ငံ၌ ပြည်တွင်းတွင် ကုန်ပ စ္စည်းများ၊ ၀န်ဆောင်မှုများကို ရောင်းဝယ်ရာ၌ အမေရိကန်ဒေါ် လာအပါအ၀င် နိုင်ငံခြားငွေဖြင့် ရောင်းချပါက ရောင်းချသူများကို ထောင်ဒဏ်တစ်နှစ်ဖြစ်စေ (သို့ မဟုတ်) ငွေဒဏ်အနေဖြင့် အမေ ရိကန်ဒေါ်လာ တစ်သောင်းခွဲဖြစ် စေ ဒဏ်ရိုက်ကြောင်း သိရသည်။
‘‘ဘယ်အချိန်၊ ဘယ်နေရာ မှာ ဘယ်လိုအရေးယူမှုလုပ်မယ် ဆိုတဲ့ အသေးစိတ်အစီအစဉ်ကို တော့ လူကြီးတွေ ရေးဆွဲနေပါ တယ်’’ဟု ဦးဝင်းသော်ကပြော သည်။
လက်ရှိပြည်တွင်းအခွန်မှ ငွေပေးချေမှုနှင့်ပတ်သက်၍ ကျပ် ငွေဖြင့်သာ ပေးချေရန်စာထုတ် ထားသော်လည်း ၀န်ကြီးဌာန အ ချို့က အမေရိကန်ဒေါ်လာအပါ အ၀င် နိုင်ငံခြားငွေဖြင့် ပေးချေမှု ပြုလုပ်နေကြောင်း သိရသည်။
ပြည်တွင်း၌ ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ အရောင်းအ၀ယ် ပြုလုပ်ရာတွင် အမေရိကန်ဒေါ် လာ အပါအ၀င် နိုင်ငံခြားငွေများ မသုံးစွဲရန် မြန်မာနိုင်ငံဗဟိုဘဏ်က မေလကုန်ကတည်းက စာထုတ် ပြီး အစိုးရ၀န်ကြီးဌာနများသို့ စာ ရေးပို့ထားသည်။
ပြည်တွင်း၌ အမေရိကန်ဒေါ် လာအပါအ၀င် နိုင်ငံခြားငွေများ အသုံးပြုခွင့်မပေးပါက ဒေါ်လာ လိုအပ်ချက်နည်းသွားသော် လည်း ငွေလဲနှုန်းသတ်မှတ်မှုကို ထိန်းချုပ်မထားသင့်ကြောင်း မြန် မာ့ရှေ့ဆောင်ဘဏ် အကြီးတန်း အရာရှိတစ်ဦးကပြောသည်။
ပြည်တွင်း၌ ကျပ်ငွေတစ်မျိုး တည်းကိုသာ သုံးစွဲခွင့်ပြုပါကဒေါ် လာနှင့်ကျပ်ငွေလဲလှယ်ရန် ငွေ လဲကောင်တာများစွာ ထပ်မံဖွင့် လှစ်ခွင့်ပြုပေးရန်လိုအပ်ပြီး ငွေ လဲကောင်တာများမဖွင့်လှစ်နိုင်ပါ က မှောင်ခိုဈေးကွက် ပိုမိုကြီးထွား လာနိုင်ကြောင်း  ပြည်ပသို့တင်ပို့ နေသော ဆန်ကုန်သည်ဦးမျိုးသူရ အေးကပြောသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။