ရေမြှုပ်လယ်ယာများကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်ကံ)
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ရွာသွန်းနေ သည့်မိုးကြောင့် ရေဘေးသင့်ခဲ့ သည့် ရေနစ်မြုပ်နေသော လယ် ယာများတွင် စပါးစိုက်ပျိုးရန် အ ဆင်ပြေနေကြောင်း တောင်သူများကပြောသည်။
‘‘ရေနစ်မြုပ်သွားလို့ နွံနစ်နေ တဲ့လယ်မြေတွေက လယ်ထွန်လို့ အဆင်မပြေတာကြောင့် တောင် သူတွေအားလုံးက စပါးကိုကြဲကြ ပါတယ်။ အဲဒီလိုကြဲတဲ့အချိန်မှာ စပါးပေါက်ဖို့အတွက် မိုးရွာသွန်း ဖို့က အဓိကဖြစ်နေတာကြောင့်အ ခုမိုးရွာပေးတာ တောင်သူတွေကို တော်တော်လေးအထောက်အကူ ဖြစ်စေပါတယ်’’ဟု မြောက်ဦးမြို့ နယ် တိမ်ညိုတိုက်နယ်မှ တောင် သူဦးချမ်းသာကပြောသည်။
မိုးရွာသွန်းမှုကြောင့် စပါး စိုက်တောင်သူများအပြင် ရေနစ် မြုပ်မှုကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ဒေသခံ များအတွက်လည်း များစွာအ ထောက်အကူဖြစ်စေကြောင်း ရေ မြုပ်ကျေးရွာဒေသခံများကပြော သည်။‘‘ရွာမှာရှိသမျှ ရေတွင်းရေ ကန်တွေက ရေနစ်မြုပ်သွား တယ်။ မြစ်ရေကလည်းလုံးဝ နောက်ကျိပြီး သုံးမရတာကြောင့် ရွာတွေမှာ သောက်သုံးရေအခက် အခဲတော်တော်ရှိနေပါတယ်။ အ ခုမိုးရွာပေးတော့ ဒေသခံတွေအ တွက် သောက်သုံးရေတွေ ထိုက် သင့်သလောက် အဆင်ပြေကြပါ တယ်’’ဟု လေးမြို့မြစ်ကမ်းအနီး ကျောက်တလားကျေးရွာမှ ရွာခံ တစ်ဦးကပြောသည်။
ရေနစ်မြုပ်လယ်မြေများ တွင် စပါးများစိုက်ပျိုးပြီးချိန် ယခု ရက်ပိုင်း မိုးရွာသွန်းမှုကြောင့် စ ပါးအပင်ပေါက်နှုန်း အားကောင်း ၍ အချို့လယ်မြေများတွင် စပါး ပင်များသည် လက်တစ်ထွာခန့် ပင် ရှိနေပြီဖြစ်သည်။
ရေနစ်မြုပ်လယ်မြေအားလုံး တွင် စပါးစိုက်ပျိုးနိုင်ရန် စိုက်ပျိုး ရေးဌာန၏ ကြီးကြပ်မှုဖြင့်ဆောင် ရွက်နေကြောင်း မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။