ဝါကျွတ်လပြည့် အဘိဓ္မာ အခါတော်နေ့ 

ဦးထွန်းဝင်း(ဘီအေ၊ ဓမ္မာစရိယ)

ဝါကျွတ်အဓိပါယ်မှာ ရဟန်းသံဃာတော်များ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့  မှ ၀ါကျွတ်လပြည့်နေ့အထိ (၃)လပတ်လုံး မိမိနေရာ ကျောင်း၌ ခရီးမထွက်ဘဲ နေထိုင်ခြင်းကို ၀ါဆိုသည် (၀ါကပ်)သည်ဟု ပြောဆိုကြသည်။ ထိုသို့ ညအိပ်ခရီးမထွက်ဘဲ နေထိုခြင်းမှ ကျွတ်ခြင်း လွတ်ခြင်း တို့ ကို ၀ါကျွတ်သည်ဟု ပြောဆိုကြသည်။ တနည်း အားဖြင့် သီတင်းသုံး နေတိုင်ခြင်းမှ ကျွတ်လွတ်သဖြင့် သီတင်းကျွတ်သည်ဟုလည်း ပြောဆိုကြသည်။

ဝါကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတော်များသည် သိမ်တွင် ကျောင်းတွင် ၀ါဆိုဝါ ကပ်သော သံဃာတော်များ စည်းဝေးစုပေါင်းပြီး ပန်ကြားခြင်း(ပ၀ါရဏာ)ကို ပြုလုပ် သည်ကို ပ၀ါရဏာပွဲ ဟုလည်းခေါါ် သမုတ်ပြောဆိုကြသည်။ ထိုရဟန်းသံဃာ အစည်း အဝေးတွင် ၀ါစဉ်အလိုက် ပန်ကြားကြရသည်။ အရှင်ရဟန်းသံဃာ အပေါင်းတို့  အကျွနုပ်တွင် တစုံတခု အပြစ်ကို မြင်လျှင်သော်လည်းကောင်း ကြားလျှင်သော်လည်းကောင်း ယုံမှား သံသယ ရှိလျှင်သော်လည်းကောင်း အဖြစ်ကင်းအောင် တောင်းပန်ခြင်း ၀န်ချခြင်း ပင်ဖြစ်ပါသည်။ 

ထိုသို့  တပါးစီ သီခြား ပန်ကြားပြီး ပြောဆိုပြီးလျင် ကျန် ရဟန်း သံဃာ များက ကောင်းပါဧ။် သာဓု(၃)ကြိမ် ခေါ်ဆို ကြရ ပါသည်။ ထို ပန်ကြားပွဲ(ပ၀ါရဏာ) သိမ်တွင် ပြုလုပ် ပြီးပါက ၀ါကျွတ်ပြီး ဖြစ်ပါသည်။ လပြည့်ဆို သည်မှာ လဆန်း(၁) နေ့ မှ (၁၅) ရက် ပြည့်သော နေ့ ကို ခေါ်ပါသည်။



အဘိဓ္မာ အခါတော်နေ့ ဆိုသည်မှာ ဗုဒ္ဓ ဘုရားရှင်သည် (၇) ၀ါမြောက်၌ တာဝတိသာ နတ်ပြည်တွင် မယ်တော်ဖြစ်ဘူးသော သန်တုသီတ နတ်သားကို အမှုး ပြုလျှက် ၀ါတွင်း (၃)လ ပတ်လုံး အဘိဓ္မာ တရားတော်ကို ဟောတော်မူသည်။ ၀ါကျွတ် လပြည့်နေ့  တွင် တာဝတိသာ နတ်ပြည်မှ လူ့ ပြည် သင်္ကသာနဂိုရ်ပြည်သို့  သက်ဆင်း ကြွမြန်း တော်မူပါသည်။ ဗုဒ္ဓ ဘုရားရှင် ကြွမြန်းလာသော အထိမ်းအမှတ်နေ့ ဖြစ်သော ကြောင့် ၀ါကျွတ် လပြည့်နေ့ကို အဘိဓ္မာ အခါတော်နေ့  အဖြစ် သမိုင်း မှတ်တမ်း မော်ကွန်း တင်သော နေ့ ထူး နေ့ မြတ် ဖြစ်ပေသည်။

ဗုဒ္ဓ ဘာသာတိုင်းပြည်မြို့ ရွာ များတွင် ဘုရားရှင်ကြွလာသည်ကို ပူဇော်သော အထိမ်း အမှတ် ဆီမီးပူဇော်ပွဲ တာဝတိံသာပွဲ မီးပုံးတင်ပွဲ ဆွမ်းကြီးလောင်းပွဲ ဆွမ်းတော်ကြီးတင်ပွဲ စသည်တို့ဖြင့် ဘုရားရှင်ကို ပူဇော်ပြီး ကုသိုလ် ဒါန ပြုလေ့ ရှိကြဧ။်။ ၀ါကျွတ် အဖိတ်နေ့မှ လဆုတ်(၁)ရက်နေ့ထိ (၃)ရက် တိုင်တိုင် ကျင်းပကြဧ။်

ဗုဒ္ဓ အဘိဓ္မာ

ဗုဒ္ဓ အဘိဓ္မာ သည် သတ်တလောက သင်္ခါရလောက သြကာသ လောက တည်း ဟူသော လောက (၃)ပါးနှင့် နိဗ္ဗာန် တို့၏အကြောင်း အရာများကို အစစ် အမှန် ရှိသည့် ပရမတ တရား(၄)ပါးတို့ဖြင့် ခွဲခြမ်းစိပ်ဖြာလျှက် ဟောကြားတားသော တရား တော် ဖြစ်ပါသည်။


ပိ ဋ က သုးံ ပုံ

ပိဋက = တရားအစုများ ထည့်ထားရာ ခြင်းတောင်း (၁) သုတ္တန် ပိဋက သည် သတ္တ၀ါ တို့၏ အသိညာဏ်နှင့် လျှော်ညီသော အခေါ် အဝေါ် ဝေါဟာရများကို အများဆုံးသုံးပြီး ဗုဒ္ဓ ဟောကြားထားသည့် ဝေါဟာရ ဒေသနာ တော်ဖြစ်၏၊ ဓမ္မ က္ခန္ဓာ ပေါင်း ၂၁၀၀၀ (နှစ်သောင်း တထောင်) ရှိ၏။ 

(၂) ၀ိနယ ပိဋက သည်တပည့်သာဝကများက လိုက်နာကျင့်ကြံရန် အာဏာမျာုးကို အများ ဆုံးသုံးပြိး ဗုဒ္ဓ က ပညတ်တော်မူခဲ့သော အာဏာ ဒေသနာတော် ဖြစ်၏။ နည်းဥပဒေ စည်းကမ်း များဖြစ်၏။ ဓမ္မ က္ခန္ဓာ ပေါင်း ၂၁၀၀၀ (နှစ်သောင်း တထောင်)ရှိ၏။

(၃) အဘိဓ္မာ ပိဋကတ် သည်မဖေါက်မပြန် မှန်ကန်သော သဘောတရားများ(ပရမတ္ထ) တရား များကို အကြွင်းမရှိ ပြည့်စုံစွာ ဗုဒ္ဓ ဟောကြားခဲ့သော ပရမတ္ထ ဒေသနာတော် ဖြစ်၏။


အဘိဓ္မာ အမည်တွင်ပုံ

အဘိဓ္မာ ပိဋက (တရား အစု ဓမ္မ က္ခန္ဓာ ပေါင်း ၄၂၀၀၀)(လေးသောင်း နှစ်ထောင် သည် သုတ္တန် ပိဋကတ် (ဓမ္မ က္ခန္ဓာ ပေါင်း ၂၁၀၀၀) ထိ၊
(၁) ဓမ္မ က္ခန္ဓာ အရေအတွက် ပိုများခြင်း
(၂) ဟောကြားသော နည်းအရေအတွက် ပိုများခြင်း
(၃) သာလွန်ထူးဆန်းသည့် တရားတော် ဖြစ်ခြင်း စသည်တို့ ကြောင့် အဘိဓ္မာ (သာလွန် ထူးခြားသော တရား) ဟုအမည်တွင်၏။


ပညတ်နှင့်  ပရမတ်

ပညတ် သည် လူတို့ ခေါ်ဝေါ် သမုတ် ထားသော ဝေါဟာရ များ (အမည်၊ နာမ များ ဖြစ်၏) 
ဥပမာ။ လူ၊ နွား၊ အိမ်၊ ကျောင်း စသည့် အမည် ဝေါ်ဟာရများ၊

ပရမတ္ထ = မရမ + အတ္ထ
ပရမ = မြတ်သော
အတ္ထ = အနက် သဘော

မဖောက် မပြန် မှန်ကန် သဖြင့် မြတ်သည် ဟု ခေါ်ဆို ထိုက်သော အမှန် ရှိသည့် အဘော တရားများ ကို ပရမတ် (ပရမတ္ထ) ဟု ခေါ်၏။

ပရမတ္ထ တရား (၄) ပါး
၁။ စိတ် = သဘော (၁) 
စိတ် = အကျဉ်း (၈၉) 
စိတ် = အကျယ် (၁၂၁) 
၂။ စေတသိက် (၅၂) 
၃။ ရုပ် (၂၈) 
၎။ နိဗ္ဗာန် (၁) 
စိတ် = အာရုံ ကို ကြံ တတ် သိတတ် သော သဘော တရား

စေတသိက် = စိတ်နှင့် တူသော ဖြစ်ခြင်း၊ တူသော ချူပ်ခြင်း၊ တူသော အာရုံ တူသော မှီရာ ရှိသော သဘော တရား။

ရုပ် = အပူ၊ အအေး၊ စသော ဆန့် ကျင်ဖက် အကြောင်း များကြောင့် ဖေါက်ပြန်တတ် သည့် သဘော တရား။

နိဗ္ဗန် = ဒုက္ခ ခပ်သိမ်း ကင်းငြိမ်းရာ ချမ်းသာ အစစ် အမှန် တရား။

နိ + ၀ါန ) နိ + ၀ွါန ) နိ + ဗ္ဗါန ) နိဗ္ဗာန် 

နိ = မရှိ + ၀ါန = တဏှာ (တပ်မက်ခြင်း တဏှာ မရှိရာ ငြိမ်းအေးခြင်း သဘော (နှိဗ္ဗာန် ၌် နာမ်၊ ရုပ် မရှိ) 

နာမ် = စိတ် (၁) + စေတသိတ် (၅၂) = (၅၃) စိတ်နှင့် စေတသိက် နှစ်မျိုး တို့  အာရုံသို့  ကိုင်းညွတ်ပြီး အာရုံ ကို သိတတ်သော ကြောင့် နာမ် ခေါ်၏။

လူ နှင့် သတ္တ၀ါ တို့ သည် နာမ် နှင့် ရုပ် အစုများ သာ ဖြစ်ကြ၏။

အဘိဓမ္မာ (၇) ကျမ်း

(၁) ဓမ္မ သင်္ဂနီ ကျမ်း (တရား အစဉ် အကျဉ်း) 
(၂) ၀ိဘင်္ဂ (၀ိဘင်) (ဝေဖန် ပြသော ကျမ်း) 
(၃) ဓာတု ကထာ (ဓာတ်များဖြင့် ပြသော ကျမ်း) 
(၄) ပုဂ္ဂလ ပညတ် (ပုဂ္ဂိုလ် ပညတ်ပြ ကျမ်း) 
(၅) ကထာဝတ္တု ကျမ်း (ရှင်းလင်း ပြသော ကျမ်း) 
(၆) ယမိုက် ကျမ်း (တရား အစုံ အစုံ ပြသော ကျမ်း) 
(ရ) ပဌါန်း ကျမ်း (ဟေတုပစ္စည်း စသည်ဖြင့် (၂၄) ပစ္စည်း ဖြင့် ဟောပြသော ကျမ်း စသည်ဖြင့် ကျမ်း (၇) ကျမ်း ရှိ၏။

ဗုဒ္ဓ ဘုရားရှင်က တာဝတိသာ ပြည်တွင် ဟောပြသော နည်း အတိုင်း အရှင် သာရိပုတ္တရာ က တပည့် ငါးရာ ရဟန်း သံဃာ များကို လူ့ ပြည်တွင် ဟော၏။

ပထမ သင်္ဂါယနာ တင်သော အခါ အရှင် အာနန္ဒာ က ရွတ်ဆို သင်္ဂါယနာ တင်ခဲ့၏။

ဝါကျွတ် လပြည့် အဘိဓမ္မာ အခါတော် နေ့ မြတ်တွင် ဗုဒ္ဓ ၏ အဘိဓမ္မာ တရားတော်မြတ် တို့  ကို လေ့လာ ရွတ်ဘတ် ကျင့် ကြံ အပ်၏။

ပိဋက် (၃) ပုံ၊ ဓမ္မ က္ခန္ဓာ ပေစာ အပေါင်း ရှစ်သောင်း လေးထောင် ဟူ၍ ဆိုရိုး ရှိပါ၏။ သို့  ရာတွင် (စတု သစ္စာ ၀ိနိမုတ္တော ဓမ္မော နာမ နတ္တိ ) သစ္စာ လေးပါး မှ လွတ်သော တရား မရှိ ဟု ဆိုထား ပါ၏။ စုစည်း လိုက်သော အခါ သစ္စာ (၄) ပါး တို့ မှ မလွတ်ဘဲ အကျူံး ၀င်၏။

မဂ်ဥာဏ် ဖိုလ်ဥဏ် မြတ် နိဗ္ဗာန် ကို လိုလား တောင့်တ ကြကုန်သော သူတော်ကောင်း အမျိုးသား အမျိုး သမီး အပေါင်း တို့ သည် ၀ါကျွတ် လပြည့် အဘိ ဓမ္မာ အခါတော် နေ့ တွင်

(၁) ဒုက္ခ သစ္စာ = ဆင်းရဲ ဖြစ်ခြင်း အမှန် တရား
(၂) သမုဒယ သစ္စာ = ဆင်းရဲ ဖြစ်ကြောင်း အမှန် တရား တဏှာ လေါဘ
(၃) နိရောဓ သစ္စာ = ငြိမ်းအေးခြင်း တဏှာ ချူပ်ငြိမ်းခြင်း သန္တိသုခ အမှန် တရား
(၄) မဂ္ဂ သစ္စာ = အမှန် ကျင့်စဉ် မဂ္ဂင် (၈) ပါး တရား တို့ ကို သမထနည်း၊ 
ဝိပသနာနည်း ကျင့်စဉ် များဖြင့် ကျင့်ကြံ ပွားများ ကြပြီး လျင် မိမိ တို့ လိုအင် ဆန္ဒ ရှိရာ မအို၊ မနာ၊ မသေရာ အသင်္ခါတဓါတ် မြတ်နိဗ္ဗာန် ကို ရရှိ ကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် မေတ္တာ စေတနာ ဖြင့် ရေးသား တင်ပြ လိုက်ရ ပါသတည်း။

ထွန်းဝင်း
(ဘီအေ၊ ဓမ္မာစရိယ)
---------------------
ဝန်ခံချက်။ ။ နိရဉ္စရာသတင်းဌာနမှကူးယူဖော်ပြပါသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။