ဖားကန့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ စုပေါင်းမှ ရခိုင်ရေဘေးအတွက် ကျပ်သိန်း ၈၀၀ ကျော်လှူဒါန်း

ဝဏ္ဍခွာညို
ရန်ကုန်၊ သြဂုတ် ၂၂

ဖားကန့် ရောက် ရခိုင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်း အဖွဲ့မှ ရခိုင် ရေဘေးသင့်ပြည်သူများ အတွက် ကျပ် (၈၀၀) သိန်းရှစ်ရာကျော်ဖိုးရှိ ရေဘေး အကူအညီများကို ရခိုင်ပြည်နယ်သို့ သွားရောက် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

ဖားကန့်ရောက် ရခိုင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်း အဖွဲ့မှ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာပေါင်း၂၀၊ မြောက်ဦးမြို့နယ်မှ ကျေးရွာပေါင်း၂၈ ရွာ၊ ကျောက်တော်မြို့နယ်မှ ကျေးရွာပေါင်း ၁၄ ရွာ၊ ပုဏ္ဍားကျွန်းမြို့နယ်မှ ကျေးရွာပေါင်း ၁၂ ရွာ၊ စုစုပေါင်း ကျေးရွာပေါင်း ၇၄ ရွာ ကို အဖွဲ့ သုံးဖွဲ့ ခွဲပြီး သွားရောက် လှူဒါန်းခဲ့ကြောင်း ဖားကန့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၊ အတွင်းရေမှူး ကိုပေါက်စ မှနိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ ရေဘေးသင့် နယ်မြေတွေကို အမြန်ရောက်စေချင်တဲ့ဆန္ဒနဲ့  ကျွန်တော်တို့  အဖွဲ့ သုံးဖွဲ့ ခွဲပြီးသွားရောက် လှူဒါန်း ခဲ့ပါတယ်။ ရေနစ်မြုပ်ခဲ့တဲ့ နေရာတွေထဲမှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ လူသေမှု အများဆုံးနဲ့  ပျက်စီးဆုံးရှုံးမှု အများဆုံး ဒေသဖြစ်တယ်။ ဒီလို ဒုက္ခရောက်နေတဲ့ အဖရခိုင်ပြည်သူတွေနဲ့ ကျွန်တော်တို့ ထပ်တူထပ်မျှ ခံစားရတဲ့ အတွက်ကြောင့် ခုလို လာရောက် ကူညီလှူဒါန်းရခြင်း ဖြစ်ပါတယ်” ဟု ကိုပေါက်စက ပြောသည်။

ဖားကန့် ရောက်ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ စုစုပေါင်း ဆန်အိတ် ၂၀၀၅ အိတ်၊ ဆားအိတ် ၃၂၀ အိတ်၊ စာအုပ် ဒါဇင် ၁၀၀၀၀ နှင့် စားနပ် ရိက္ခာများ လက်ရှိတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၈၆၈၆၆၀၀၀ (ရှစ်ရာ ခြောက်ဆယ် ရှစ်သိန်း ၆သောင်း ၆ထောင်ကျပ်တိတိ) ကို ရခိုင်ပြည်နယ်ရေ ဘေးသင့်နေရာများ သို့ သွားရောက် လှူဒါန်း ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်ရေဘေးသင့်ဒေသများသို့ သွားရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများကို မြင်တွေ့ ခဲ့ရပုံနှင့် ပတ်သက်ပြီးလည်း ကိုပေါက်စမှ ယခုလိုပြောသည်။

''တော်တော်ဆိုးဆိုးဝါးဝါးပါပဲခင်ဗျာ့။ တစ်ချို့ နေရာတွေဆိုရင် စက်လှေ တွေနဲ့ တောင်သွားလို့ မရဘူး။ ကားလမ်း မပြောနဲ့ လူသွားလမ်းတောင် ကောင်းကောင်း မရှိဘူး။ တစ်ချို့ ရွာတွေဆိုရင် ကယ်ဆယ်ရေးအဖွဲ့ တွေ တစ်ဖွဲ့ နှစ်ဖွဲ့ ပဲရောက်တယ်။ တစ်အိမ်ထောင်ကို ဆန် ၈ လုံး (ဗူး) ၊ ၉ လုံး (ဗူး) လောက်ပဲရတာရှိတယ်။ ဆန်နဲ့ အစား အသောက်တွေက ကျွန်တော်တို့  ထင်ထားတာထက် အများကြီး လိုအပ်နေပါတယ်” ဟုပြောသည်။

ယခုသွားရောက်ကူညီခဲ့သော ဖားကန့် ရောက် ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့  စုပေါင်းတွင် အဖွဲ့ ဝင် ၇ ဦး ပါဝင်ပြီး ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသများသို့  သုံးည လေးရက်ခရီး သွားရောက်ကူညီးခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ က စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်

ဖားကန့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကို ၂၀၀၀ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ကြောင်း သိရသည်။

( ယခု ဓာတ်ပုံမှာ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့  စုပေါင်း အဖွဲ့မှ ရခိုင်တွင် ကူညီလှူဒါန်းခဲ့သည့် ပုံများ ဖြစ်ပါသည်။ နိရဉ္စရာအမည်ဖြင့် အသုံးပြုခွင့်ပေးပါသဖြင့် အထူးကျေးဇူးတင်ပါသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။