
လက်ရှိကျင်းပနေသည့် ပြည်သူ့လွှတ်တော် (၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရပ်ဆိုင်းရန် အရေးကြီးအဆိုကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက တင်သွင်းခဲ့သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် အစည်းအဝေးကို ရပ်ဆိုင်းရန်ကိစ္စသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်သာ တိုက်ရိုက် သက်ဆိုင်သည့်အတွက် ဥက္ကဋ္ဌ၊ နာယကတစ်ယောက်၏ အမြော်အမြင်ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိမည့် ဥပဒေများကို ပြဌာန်းနိုင်ရန် နှင့် လွှတ်တော်ကိစ္စများကို ဆောင်ရွက်နိုင်ရန်အတွက်သာ ဆောင်ရွက်သွားမည်ဟု ပြန်လည်ပြောကြားခဲ့၍ အရေးကြီးအဆိုမှာ အတည်မဖြစ်ခဲ့ပေ။
ရေကြီးနစ်မြုပ်မှုကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ ပါတီစုံရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းတို့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ရပ်ဆိုင်းပေးရန် အရေးကြီးအဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း အဆိုရှင် ဦးသိန်းထွန်းက ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်တွင်လည်း ယနေ့ နံနက်ကပင် အစည်းအဝေး ရပ်ဆိုင်းပေးရန် အရေးကြီးအဆို တင်သွင်းထားသော်လည်း အဆိုကို စဉ်းစားရန် သင့်၊ မသင့်ကို ယနေ့ လွှတ်တော်အစည်းအဝေး လျာထားသည့် မူလအစီအစဉ်များ ပြီးဆုံးသည့် အချိန်မှသာ ဆုံးဖြတ်မည် ဖြစ်သည်။
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
___
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။