ဝံသာနုဒီမိုကရက်တစ်ပါတီ

၁။ ဥက္ကဋ္ဌအမည် - ဦးရဲမင်း
၂။ ပါတီဝင်အရေအတွက် - ၂၀,၀၀၀ ခန့်
၃။ မဲဆန္ဒနယ်- မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းမှာ ၀င်ပြိုင်ဖို့ စီစဉ်နေတာ လောလောဆယ် ကိုယ်စားလှယ် ငါးဦးဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းရသေးတယ်။
၎။ ပါတီမူဝါဒ- ပြည်သူလူထုတစ်ရပ်လုံးအတွက် အခြေခံ အရင်းအမြစ်ဖြစ်တဲ့ ဘ၀ရပ်တည်ချက်များကို၊ အမှန်တကယ် လိုအပ်ချက်များကို ဖော်ဆောင်သွားမယ်။ အမျိုး၊ ဘာသာ၊ အမျိုးသားရေးအတွက် လုပ်မယ်။
၅။ ဆောင်ပုဒ်- ပြည်သူ့အကျိုးပြု ၀ံသာနု ၊ အမျိုးသားရေးရှေးရှု ၀ံသာနု။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ကိုယ်စားလှယ် လောင်းများကို အမျိုးသမီးများသာ ဦးစားပေးပြီး ရွေးချယ်ထားသည်။ နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်ဆောင်လာသူ ဖြစ်ရမည်။ ဘွဲ့ရပညာတတ်ဖြစ်ရမည်။ အသက်(၄၀)နှစ်ခန့်၊ ဘွဲ့မရလည်း နိုင်ငံရေးကို အစဉ်တစိုက် လုပ်ဆောင်လာသူဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ− ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ရတာ။ ရွေးကောက်ပွဲကော်မရှင်ကို ခဏခဏ တင်ပြတယ်။ ပါတီငယ်တွေကို အထောက်အပံ့ပေးဖို့ ပြောပေမယ့် စိတ်မ၀င်စားဘူး။ သတ်မှတ်ကြေးတွေ ထည့်ဝင်ကြပြီး ကိုယ့်ငွေနဲ့ကိုယ်ပဲ လည်ပတ်နေတယ်။ လောလောဆယ် ရွေးကောက်ပွဲဝင်မယ့်လူတွေ အနည်းဆုံးတစ်ယောက်သုံးသိန်းစီ ထည့်ဝင်ပြီး ကော်မတီဖွဲ့ပြီး ရွေးကောက်ပွဲဝင်ဖို့ ကိုယ့်ပိုက်ဆံနဲ့  ကိုယ်လုပ်နေကြတယ်။ ရှိတဲ့ငွေ သုံးစွဲပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်မလို့ပါ။ စပွန်ဆာ ဆိုတာ အန္တရာယ်ကြီးတယ်။ စနစ်တကျမသုံးစွဲရင် ပါတီတောင် ပျက်သွားနိုင်တယ်။ အကျင့်စာရိတ္တပျက်သွားနိုင်တယ်။
၈။ ပါတီနောက်ခံသမိုင်း- အားလုံး မန္တလေးသားတွေပါ။ မန္တလေးမှာ အခြေစိုက်ပြီး ၂၀၀၃/ ၂၀၀၄ မှာ အင်န်အယ်လ်ဒီ ပါတီက နုတ်ထွက်လာပြီး စုပြီး ကိုယ်လုပ်နိုင်တဲ့လုပ်ငန်းတွေလုပ်ဆောင်ဖို့ အင်န်အယ်လ်ဒီ မပေါ်ခင် ၀ံသာနုအင်န်အယ်လ်ဒီဆိုပြီးတည်ထောင်ခဲ့တာပါ။ ၂၀၀၇/၂၀၀၈ ရောက်လာတော့  ဖွဲ့စည်းပုံအခြေခံဥပဒေကို မရှိရင်မဖြစ်လို့နောက်မှ လွှတ်တော်မှာ ပြောကြပါဆိုပြီး ဥပဒေရေးဆွဲရေးမှာ ပါဝင်ခဲ့တယ်။ မျက်စိမှိတ်ထောက်ခံခဲ့တယ်။ အခက်အခဲအခြေအနေတွေ မရှိနိုင်တော့လို့ပါ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို နယ်တွေမှာလုပ်ဆောင်ခဲ့တယ်။ ၂၀၁၂မှ အင်န်အယ်လ်ဒီက မှတ်ပုံတင်လာတော့ ပါတီအမည်ကို ၀ံသာနုဒီမို ကရက်တစ်လို့ ပြောင်းလိုက်တယ်လေ။ အင်န်အယ်လ်ဒီပါတီက ရှိလာပြီဆိုတော့ ဒီနာမည်နဲ့ဆက် မလုပ်ကောင်းဘူးလေ။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
လောလောဆယ်ပါတီ ဥက္ကဋ္ဌအနေနဲ့ပဲ နေမှာပါ။ ကျွန်တော်ကိုယ်တိုင် လွှတ်တော်မှာ ၀င်ရွေးချယ်ခံဖို့ဆိုတာ အစီအစဉ် မရှိသေးပါဘူး။ ကိုယ့်ပါတီထဲက လူတွေ လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဖို့ သဘောထားချင်းတူတဲ့ ပါတီတွေနဲ့ မဟာမိတ်ဖွဲ့မယ်။ အခြေခံဥပဒေက တော့ ပြင်ရမှာ မပြင်လို့မရဘူး။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး မှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်လဲ။
MPC (မြန်မာ့ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု ဗဟိုဌာန)တို့၊ ဦးလှမောင်ရွှေတို့ဆီကို မကြာမကြာ တက်ရပါတယ်။ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့က အဆင်ပြေဖို့ပဲလိုတယ်။ ကျွန်တော်တို့မှာက သြဇာရော၊ အာဏာရော မရှိဘူး။ စစ်နဲ့ပတ်သက်လာရင် နာကြည်းချက်အများဆုံးက နယ်စွန်နယ်ဖျားမှာနေတဲ့ လူတွေဒုက္ခရောက်နေပါတယ်။ အဆင်ပြေ ဖို့ရာ အကြံဉာဏ်ပဲပေးနိုင်ပါတယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား လား။
အင်န်ဂျီအို လုပ်ငန်းသဘောမျိုး နိုင်ငံတကာက ပါတီတွေကို ကူညီမယ်ဆို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာလို အတိုးနည်းနည်းနဲ့ ငွေချေးချင်တယ်။  အခုက အန်ကယ်တို့လုပ်ပေမယ့် စပွန်ဆာမရှိဘူး။ ကူညီသူတွေ မလာဘူး။ အင်အားကြီးတဲ့သူတွေဆီပဲသွားတယ်။ လှည့်မကြည့်ကြဘူး။
ပြည်သူတွေက ၀ံသာနုဒီမိုကရက်တစ်ပါတီကို ဘာကြောင့် မဲပေး သင့်လဲ။
ကိုယ်ထက်သာတဲ့လူတွေရှိရင် သူတို့ကို မဲပေးလိုက်ပါ။ ကျွန်တော်တို့ပါတီဝင်တွေက လွှတ်တော်ထဲကိုရောက်ရင် လွှတ်တော်ထဲမှာ ကိုယ်ဝင် လုပ်နိုင်တဲ့ အရာတွေကိုလုပ်မယ်။ ထောက်ခံရင် မဲပေးမယ်။ လက်တွေ့ ဘ၀တွေ မပြောင်းလဲနိုင်ပဲ။ ပြည်သူတွေကို နှိပ်စက်တဲ့စည်ပင်သာယာတို့၊ အုပ်ချုပ်ရေးပိုင်း ၊ ရဲတပ်ဖွဲ့တွေ မတရားတာလုပ်ရင် သမ္မတရုံးတို့၊ အစိုးရပိုင်းတို့ကို အင်တာနက်ကဖြန့်ပြီး တစ်ကမ္ဘာ လုံးသိအောင် တင်ပြပေးမယ်။ အဲဒါကြောင့် မဲပေးသင့်တယ်။ မဲပေးမှ တိုင်ပေးလို့ရမယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုမျိုးပုဂ္ဂိုလ်ကို ရွေးချယ်မလဲ။
လက်ရှိ သမ္မတဦးသိန်းစိန်တို့၊ သူရဦးရွှေမန်းတို့ ပြောရရင် မကောင်းဘူး။ တိုင်းပြည်အတွက် တကယ်အနစ်နာခံပြီး နိုင်ငံတကာ အတွေ့အကြုံရှိတဲ့သူ ပြည်သူလူထုအပေါ် စေတနာရှိပြီး ပြည်သူကလည်း ချစ်တဲ့သူ ဖြစ်ရမယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးကို သမ္မတ ဖြစ်စေချင်တယ်။
ဥက္ကဋ္ဌအသက်-(၆၁) နှစ်
ပညာအရည်အချင်း - ၁၉၇၂-၇၃ တွင် ဒုတိယနှစ် ဒဿနိက အဓိက ဘာသာဖြင့် မန္တလေးတက္ကသိုလ်တွင် တက်ရောက်နေရာမှ ကျောင်း ထွက်ခဲ့တယ်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၈၈ ကတည်းက နိုင်ငံရေးလုပ်ခဲ့တယ်။ ထိပ်တန်းခေါင်း ဆောင်မဟုတ်ခဲ့။ ကျောင်းသား၊ အရပ်ဘက်၊အလုပ်သမား၊ ဦးသန့်အရေးအခင်း၊ ၈၈၊ အင်န်အယ်လ်ဒီပါတီမန္တလေးတိုင်း လူမှုအထောက်အကူပြုအဖွဲ့ဝင်နှင့် စည်းရုံးရေးမှူး၊ ဒေါ်နန်းရွှေကြာက တွဲဖက်အထွေထွေအတွင်းရေးမှူးအနေနဲ့ ပါတီထောင်ခဲ့။ငါးကြိမ်ဖမ်းဆီးခံခဲ့ရတယ်။ အင်န်အယ်လ်ဒီမှာ ဆက်ရှိရင် နိုင်ငံရေးရှင်သန်ဖို့ရာ မဖြစ်နိုင်လို့ ထွက်ခဲ့ပြီး ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ကိုယ့်ဘာသာ ဖြတ်သန်းနေပါတယ်။
လက်ရှိအလုပ်အကိုင်-ကျောင်းစားပွဲများ ပရိဘောဂလုပ်၊ မွေးမြူရေး လုပ်ငန်းတွင် နွားများမွေးမြူထား။
စံပြပုဂ္ဂိုလ်-ဖဆပလ(ဖက်ဆစ် ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့)ခေါင်းဆောင် ဦးကျော်ငြိမ်း
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်-မန္တလေးတိုင်းဒေသ ကြီး၊ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စု၊ ၀၉ -၂၅၉၀၄၅၄၂၁
http://www.7daydaily.com/election-2015
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။