ရခိုင်မျိုးချစ်ပါတီ APP မှ ရွေးကောက်ပွဲတွင် ၁၆ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန် ၊ဩဂုတ် ၂၁

၂၀၁၅ နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်မျိုးချစ်ပါတီ (APP)မှ ကိုယ်စားလှယ်လောင်း ၁၆ နေရာထိ ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည်သွားမည် ဖြစ်ကြောင်း ရခိုင်မျိုးချစ် ပါတီ (ပ) ခေါင်ဆောင် ဦးမောင်မောင်စောက နိရဉ္စရာသို့ ပြောသည်။

"ရခိုင်ပြည်နယ်အတွင်း ၁၆ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ ပထမတုန်းကတော့ အနည်းဆုံး ၃ နေရာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ထားပေမယ့် ဒေသခံပြည်သူ လူထုရဲ့တောင်းဆိုချက်အရ နေရာတွေ များလာခဲ့ရတာပါ" ဟု ဦးမောင်မောင်စောက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်မျိုးချစ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ ၁။ ဒေါ်မြသန်းရွှေ - ပြည်သူ့လွှတ်တော် (စစ်တွေ) ၂။ ဦးဘကျော် - အမျိုးသားလွှတ်တော် (စစ်တွေ) ၃။ဒေါက်တာ ကျော်နိုင် - ပြည်နယ်လွှတ်တော်အမှတ်(၁) (စစ်တွေ) ၄။ ဦးဇော်ဝင်းမောင်- ပြည်နယ်လွှတ်တော် အမှတ် (၂) (စစ်တွေ) ၅။ ဦးဦးရွှေစော ပြည်သူ့လွှတ်တော်(ပေါက်တော) ၆။ ဦးမောင်စံလှ- အမျိုးသား လွှတ်တော် (ပေါက်တော) ၇။ ဦးမြတ်ထွန်း - ပြည်နယ် လွှတ်တော်အမှတ်(၁)(ပေါက်တော) ၈။ ဦးစောထွန်းဖြူ- ပြည်နယ် လွှတ်တော် အမှတ်(၂)(ပေါက်တော) ၉။ ဦးထွန်းလှကျော်- ပြည်သူ့လွှတ်တော်(ကျောက်တော်) ၁၀။ ဦးဦးထွန်းမောင် - ပြည်နယ်လွှတ်တော်အမှတ်(၂) (ကျောက်တော်) ၁၁။ ဦးမောင်လှသိန်း- ပြည်သူ့ လွှတ်တော် (မြေပုံ)၊၁၂။ ဦးဦးကျော်သန်း- ပြည်နယ်လွှတ်တော်အမှတ်(၂) (မြေပုံ) ၁၃။ ဦးထွန်းရွှေ - ပြည်သူ့ လွှတ်တော် (မာန်အောင်) ၁၄။ဦးသောင်းရွေ - ပြည်နယ်လွှတ်တော် အမှတ်(၁) (မာန်အောင်) ၁၅။ ဦးတင်လတ်- ပြည်နယ် လွှတ်တော်အမှတ်(၂) (မာန်အောင်)၊ ၁၆။ ဦးသာထွန်းအေး - အမျိုးသားလွှတ်တော် (မြောက်ဦး) တို့ဖြစ်ကြောင်း သိရသည်။

ရခိုင်မျိုးချစ်ပါတီ (APP)သည် ၂၀၁၅ ရောက်မှ မှတ်ပုံတင်သည့် ရခိုင်ပါတီ တစ်ခုဖြစ် ပြီး စတင်မှတ်ပုံတင်စဉ်က အမျိုးသားညီညွှတ်ရေးကို ထိခိုက်နိုင်သည်ဟု ဆိုကာ ပါတီကို ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့သည်။ ယခုအခါ ပါတီဝင်အင်အား များပြားလာရာမှ ကိုယ်စားလှယ်လောင်း အရေအတွက်လည်း နဂိုက ရည်မှန်းချက်ထက် မြင့်တက် လာခဲ့သည်ဟု သိရသည်။

___Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။