SNLD နဲ့ SNDP ပေါင်းစည်းရေး ပဏာမသဘောတူညီမှုရရှိ

snld-office-open-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဗဟိုဌာနချုပ် ရုံးခန်းနှင့် ဆိုင်းဘုတ်တင် အခမ်းအနား ဖွင့်ပွဲတွင် NLD နာယက ဦးတင်ဦး အမှာစကား ပြောကြားနေစဉ်။

RFA

ရှမ်းအမျိုးသားတို့ရဲ့  နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့  နှစ်ပါတီပေါင်းစည်းရေးအတွက် ပဏာမသဘောတူညီမှု ရရှိခဲ့ကြပြီဖြစ်ကြောင်း  SNDP ပါတီခေါင်းဆောင်က ထုတ်ဖော်ပြောဆိုပါတယ်။
အင်အားကြီးရှမ်းပါတီကြီး နှစ်ခုပူးပေါင်းရေးအတွက် မေလ ၃ ရက် မနေ့က တောင်ကြီးမြို့မှာ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အခုလို သဘောတူညီခဲ့ကြတာလို့ SNDP ပါတီရဲ့  ဒုတိယ ဥက္ကဌ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

"ကျနော်တို့ပူးပေါင်းတယ်ဆိုတဲ့ ဒီသဘောတူညီချက်တခုကို မနေ့က ၆ နာရီလောက် ဆွေးနွေးပြီးမှ အဲ့ဒီသဘောတူညီချက်ကို အန်ကယ်တို့ရပြီ၊ဒါပေမဲ့ ဘယ်လိုပူးပေါင်းမယ်၊ဘယ်တော့ပူးပေါင်းဖြစ်မယ် ဆိုတာကတော့ အန်ကယ်တို့ အများကြီးဆက်ဆွေးနွေးရမယ်၊ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ အန်ကယ်တို့ ဖြေရှင်းရမဲ့ ပြဿနာတွေရှိတယ်သလို အန်ကယ်တို့ မူဝါဒပိုင်းဆိုင်ရာ ပြဿနာတွေလည်းရှိတယ်"

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ကျားဖြူလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ဟာ နှစ်ပါတီ ပေါင်းစည်းရေး အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ပြင်ဆင်ခဲ့ကြတာဖြစ်ပြီး နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုဟာ အခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီ ဆွေးနွေးပွဲကို  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က  ဒု-ဥက္ကဋ္ဌ ဦးစိုင်းစောအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် (၅) ဦး နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ဒု-ဥက္ကဌ ဦးစိုင်းဆောင်ဆီ ဦးဆောင်တဲ့ ကိုယ်စားလှယ် (၅) ဦး တက်ရောက်ခဲ့ကြပါတယ်။

ရှေ့ဆက်ဆောင်ရွက်ရမဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး SNDP ပါတီ ဒု- ဥက္ကဌ ဦးစိုင်းဆောင်ဆီကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/snld-sndp-05042014113800.html
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။