ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ) ထုတ်ပြန်ကြေညာချက်

ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ) ထုတ်ပြန်ကြေညာချက်
၂၀၁၄ ခုနှစ်၊ မေလ(၂)ရက်၊ ကျောက်ဖြူ

၁) ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)ကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပီပြင်စွာဖော်ဆောင်ရေး
လုပ်ငန်းစဉ်များတွင် ညီနောင်တိုင်းရင်းသားများနှင့်အတူ ပါဝင်နိုင်ရေးတို့ကို အဓိကဦးတည်ကာ ၂၀၁၄ ခုနှစ်၊ ဧပြီလ(၂၇) ရက်နေ့မှ မေလ (၁) ရက်နေ့ထိ၊ (၅) ရက်တိုင်တိုင်
ကျောက်ဖြူမြို့၌  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

၂) ညီလာခံကြီးသို့ ရခိုင်ပြည်နယ် (၁၇) မြို့နယ်နှင့် ပလက်ဝမြို့နယ်မှ ကိုယ်စားလှယ်များ၊ ပြည်မမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊
သံဃာတော်များ၊ အမျိုးသမီးကိုယ်စားလှယ်များ၊ လူငယ်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရခိုင်မျိုးနွယ်စုများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ နိုင်ငံတော် အကြီးအကဲများ၊
သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း (၁၅၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

၃)ဤရခိုင်အမျိုးသားညီလာခံတွင် ညီလာခံကြီး၏ ရည်မှန်းချက်ဖြစ်သော “လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးရန် ရခိုင်အမျိုးသားညီလာခံ” ဆောင်ပုဒ်နှင့်အညီ နိုင်ငံရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့်
တည်ငြိမ်အေးချမ်းရေးကဏ္ဍ၊ လူမှုစီးပွားရေးကဏ္ဍနှင့် သဘာဝသယံဇာတ ခွဲဝေသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍ ဟူ၍ ကဏ္ဍကြီး (၄) ခု၊ ခေါင်းစဉ်ခွဲ (၁၆) ခုနှင့်
မူဝါဒရေးဆွဲရာတွင် အဓိကထည့်သွင်းစဉ်းစားရမည့် အချက်ပေါင်း (၉၁) ချက်တို့ကို ဘုံသဘောထား ရပ်တည်ချက်များအဖြစ စုပေါင်းချမှတ်နိုင်ခဲ့ကြပါသည်။ မဟာမြတ်မုနိရုပ်ရှင်တော်
မြတ်ကို သွန်းလုပ်ပြီးစီးခဲ့သည့် ကဆုန်လပြည့်ကျော် (၁) ရက်နေ့ကိုလည်း ရခိုင်အမျိုးသားနေ့အဖြစ် အများသဘောတူ သတ်မှတ်နိုင်ခဲ့ကြပါသည်။

၎) ဤညီလာခံကြီးမှ ချမှတ်လိုက်သော ဘုံသဘောထား ရပ်တည်ချက်များ၊ ဆုံးဖြတ်ချက်များ၊ အထမြောက် အောင်မြင်လာစေရန်အတွက် ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရ၊
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တင်ပြတောင်းဆိုသွားရန်နှင့် ရခိုင်တစ်မျိုးသားလုံးကလည်း မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍမှ လက်တွေ့ကျကျ တစည်းတလုံး
တည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။

၅) ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) သည် နှစ်ပေါင်း (၆၀) ကျော်အတွင်း ရခိုင်တမျိုးသားလုံး ရက္ခိတစိတ်ဓာတ်ဖြင့် စုစည်းညီညွတ်စွာ ပြုလုပ်ကျင်းပခဲ့သော ညီလာခံကြီးဖြစ်၍ ရက္ခိတ
လမ်းစဉ်ကို ဖော်ဆောင်နိုင်ခဲ့သဖြင့် ရခိုင်သမိုင်းတွင် ထူးခြားလေးနက်စွာ မော်ကွန်းတင်ထိုက်သည့် ညီလာခံကြီး ဖြစ်ကြောင်း ထုတ်ပြန်ကြော်ညာအပ်ပါသည်။

ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)
ဦးဆောင်ကော်မတီ

ဆက်သွယ်ရန်-
ဦးဦးလှစော (၀၉၂၅၀၂၄၀၃၈၈၊ ခိုင်သုခ (၀၉၄၅၀၀၄၂၁၀၄)၊ ခိုင်ပြည်စိုး (၀၉၄၂၁၇၁၄၅၈၉)
စောမြရာဇာလင်း (၀၉၂၅၄၀၆၆၉၃၆)၊ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန် (၀၉၂၅၄၁၄၅၅၄၄)

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။