မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်မှတ်တမ်း အစီရင်ခံစာ ထပ်မံထုတ်ပြန်

မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို မှတ်တမ်းပြုစုထားတဲ့ အစီရင်ခံစာတခုကို ပြည်ပအခြေစိုက် နိုင်ငံတကာမြန်မာသတင်းဌာန (BNI) အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာကို ပြည်ပအခြေစိုက် တိုင်းရင်သားမီဒီယာအဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ Burma News International အဖွဲ့ကပြုစုပြီး ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များကလပ်မှာ သတင်းစားရှင်းလင်းပွဲပြုလုပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
10277024_688004534567912_1581087338151615763_n
ဒီအစီရင်ခံစားမှာ ၂၀၁၃ နှစ်စဉ်ကနေ ၂၀၁၄ မတ်လအထိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အစီရင်ခံစာပြုလုပ်ထားတာပါ။

ဒီအစီရင်ခံစာမှာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားနည်းချက်၊ အခက်အခဲနဲ့ ဖြစ်ထွန်းတိုးတက်မှုတွေနဲ့ ဆုတ်ယုတ်မှုတွေကို အသေးစိတ်ဖော်ပြထားတယ်လို့ အစီရင်ခံစာပြုစုရာမှာ ပါဝင်တဲ့ ပြည်ထောင်စုအင်စတီကျူအဖွဲ့ရဲ့ ဒါရိုက်တာ ဦးခွန်ဆိုင်းက ပြောပါတယ်။

“ဒီအထဲမှာပါတဲ့ အဖွဲ့တွေရဲ့ အကြောင်းအရာ၊ သူတို့ရဲ့ ရာဇ၀င်၊ အခု ဘယ်သူတွေက ခေါင်းဆောင်နေလဲ၊ သူတို့ မူဝါဒ ဘယ်လို ရှိသလဲ စသဖြင့်ပေါ့နော်။ နောက်ပြီးတော့ နှစ်ဖက်ဆွေးနွေးတဲ့ အကြာင်းအရာတွေ ပြီးခဲ့တဲ့နှစ်က ဗုံးပေါက်ကွဲမှုတွေ ပါတယ်။ သာသနာရေး ဘာသာရေးနဲ့ ပတ်သက်ပြီးတော့မှ အကြမ်းဖက်မှုတွေ ဖြစ်တာလည်း ပါဝင်တယ်။ နောက်ပြီးတော့ နိုင်ငံခြားက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုပါဝင်ကြသလဲဆိုတာလည်း ပါဝင်တယ်။”

ဒီအစီရင်ခံစာဟာ တိုင်းသားလက်နက်အဖွဲ့တွေနဲ့ အစိုးရကလုပ်ဆောင်မယ့် နောင်လာမယ့် ငြိမ်းချမ်းရေးနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

လက်ရှိ အပစ်ခတ်ရပ်စဲရေး ကာလအတွင်း ဖြစ်ထွန်တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု တချို့ကိုလည်း ဦးခွန်ဆိုင်းက အခုလို ထောက်ပြပါတယ်။

“သမ္မတကြီးကိုယ်တိုင်က ဖွင့်ပြောတာ ဘာလဲဆိုတော့ ကျနော်တို့ တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ခွဲထွက်ခွင့်ကို တောင်းဆိုတာ မရှိတော့ဘူးလို့ ပြောတယ်။ ဒါတိုးတက်မှု။ နောက်တခုကလည်း သမ္မတကြီး ကိုယ်တိုင်က ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့၊ နောက်ပြီးတော့ ဦးရွှေမန်းတို့ ကိုယ်တိုင်ကလည်း ဖက်ဒရယ် တည်ဆောက်ရေးတို့ ပြောဆိုလာတာလည်း တိုးတက်မှုလို့ ပြောလို့ရတယ်။ ဒါတင်မကသေးဘူး ပြည်တွင်းမှာ လူမှုရေးအဖွဲ့အစည်းတွေ အရင်တုန်းက ပြည်ပတို့ နယ်စပ်တို့မှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ အများအပြားကလည်း သူတို့က ပြည်တွင်းမှာ သွားပြီးတော့ လှုပ်ရှားနိုင်ကြပြီ။ ဒါတွေက အများကြီး တိုးတက်တယ်လို့ ပြောလို့ရမှာပေါ့။”


ဒီသတင်းစာရှင်လင်းပွဲမှာ ကရင်သတင်းစဉ် (KIC) က အယ်ဒီတာချုပ် ဒေါ်နန်းဖောဂေ၊ Myanmar’s Peace Monitoring အဖွဲ့က ဦးစိုင်းလိတ်နဲ့ ဦးခွန်ဆိုင်းတို့က ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

http://burmese.dvb.no/archives/56180
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။